6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၂ ၊ ၂၀၁၃

M-Media
ယခုစာဟာ ကြောက်မက်ဖွယ်ရာ အကျဉ်းထောင်အခန်းလေးထဲက သံချေးတက်နေတဲ့တိုင်တွေနောက်ကနေ ပြင်ပလောကဆီ ပို့လွှတ်လိုက်တဲ့ ခေါ်သံတစ်ခုပါ။ ဒီအကျဉ်းထောင်အတွင်းက  ဖြစ်ပျက်နေတာကို ခင်ဗျားတို့သိကြပါသလား ?

Guantanamoကျွန်တော်တို့အကျဉ်းသားတွေ ဒီနေရာကို ရောက်နေတာ နှစ်ရှည်လများကြာခဲ့ပါပြီ။ ၂၀၀၂ ခုနှစ်ကနေ ယခု ၂၀၁၃ ခုနှစ်အထိပေါ့။ သို့သော်လည်း အမေရိကန်အစိုးရမှ ဒီပြဿနာကိုဖြေရှင်းဖို့ စိတ်ဝင်စားပုံမရပါဘူး။ လွန်ခဲ့တဲ့ လပိုင်း အချိန်တွေဟာ အကျဉ်းသားတွေအတွက် အကြမ်းတမ်းဆုံး ဖြတ်သန်းခဲ့ရတဲ့ ကာလများသာဖြစ်တယ်။ ဘုရှ် (Bush) လက်ထက်မှာတုန်းက အဖြေဆိုတာ ရှိလာမယ်လို့ မျှော်လင့်ချက်ရှိသေးပေမယ့်၊ အိုဘားမား (Obama) လက်အောက်ရောက်တဲ့အခါ ယခု ပြသနာအပေါ် ဖြေရှင်းပေးဖို့ဆန္ဒမရှိတော့ဘူးလို့တောင် ထင်မိပါတယ်။

ကျွန်တော် တစ်ချိန်က အခြားအကျဉ်းသားများနှင့်အတူ Camp Six မှာ နေခဲ့ရသေးတယ်။ အခုတော့ ကျွန်တော်တို့အားလုံးကို သီးသန့်မြေတိုက်ခန်းတစ်ခုစီမှာ ပိတ်ခံရတယ်။ ကျွန်တော်တို့အတွက် တစ်နေ့မှာ နှစ်နာရီသာ ကိုယ်လက်လှုပ်ရှားသွားလာခွင့်ရရှိတယ်။ အကျဉ်းသားအချို့က အစာအငတ်ခံ ဆန္ဒပြခဲ့ကြတယ်။ အဲ့ဒါကို အမေရိကန် စစ်တပ်မှ တုန့်ပြန်အရေးယူတာကြောင့် သူတို့ရဲ့မြေတိုက်ခန်းထဲကနေ ထွက်မလာနိုင်တော့တဲ့အထိ အလွန်ကို အားအင်ဆုတ်ယုတ်ပြီး၊ ဖျားနာနေကြပါပြီ။

အစာငတ်ခံဆန္ဒပြသူများအပေါ် စစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်တယ်။ ရိုက်နှက်တာ၊ ရာဘာကျည်ဆန်တွေနဲ့ပစ်တာ၊ ပြီးတော့ မျက်ရည်ဗုံးတွေသုံးတာ စသဖြင့်ပေါ့။ ကျွန်တော့်တို့ရဲ့ အကျဉ်းခန်းထဲက ပစ္စည်းပစ္စယမှန်သမျှသိမ်းယူတယ်၊ သွားတိုက်တံကနေ စောင်တွေ၊ စာအုပ်တွေကိုပါ မချန်ဘူး။ ပြီးတော့ ကျွန်တော်တို့ကို အေးစက်နေတဲ့၊ ပြူတင်းပေါက်တောင်မရှိတဲ့၊ နေရောင် နဲ့ လေကောင်းလေသန့်တွေ မ၀င်ရောက်နိုင်တဲ့ အခန်းကျဉ်းလေးများမှာ ပိတ်လှောင်ထားကြတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့အဖို့ နေ့လား၊ ညဥ့်လားဆိုတာကိုတောင်မှ မခွဲခြားမသိရှိနိုင်ကြတော့ပါဘူး။

ထောင်သားတွေရဲ့ မျိုးပွားအင်္ဂါနဲ့ စအိုများကို ထောင်စောင့်များက တစ်နေ့အတွင်း အနည်းဆုံး ၁၀ ကြိမ် မက စစ်ဆေးမှုတွေပြုလုပ်ကြတာဟာ ထောင်စောင့်တွေရဲ့ မူမမှန်ပုံကို ပြနေတယ်။

နေ့စဉ်နေ့တိုင်း ကျွန်တော့်ကို လှုပ်သာလှည့်သာမရှိတဲ့ထိုင်ခုံမှာ အတင်းအကြပ်ထိုင်ခိုင်ပြီး လက်၊ ခြေထောက် နဲ့ ရင်ဘတ်ကို ကြိုးများနဲ့ တုပ်နှောင်ကြတယ်။ ဗလကောင်းကောင်း အကျဉ်းထောင်စောင့်များက သူတို့လက်နှစ်ဖက်သုံးပြီး ကျွန်တော့်ခေါင်းကို ချုပ်ကိုင်ဖိညှပ်ကြတယ်။ ကျွန်တော်ဖြင့် ကျွန်တော့်ဦးခေါင်းခွံ ကွဲကြေသွားမလားလို့တောင် ထင်မိတယ်။ အဲ့ဒီနောက် သူနာပြုလို့အမည်ခံထားသူများက ကျွန်တော့်နှာခေါင်းထဲ ဆေးသွင်းပိုက်ထူတစ်ခုကို ကြမ်းကြမ်းတမ်းတမ်း ထိုးသွင်းလိုက်တယ်။ ကျွန်တော့် နှာခေါင်းနဲ့ ပါးစပ်က သွေးများယိုစီးကျလာတယ်။ အဲ့ဒီအခါ နပ်စ်တွေက ဆေးရည်များကို အထိန်းအကွပ်မရှိပဲ မိုင်ကုန်လွှတ်လိုက်ကြတယ်၊ ဖြစ်လာတဲ့နာကျင်မှုဟာ မဖော်ပြတတ်နိုင်အောင်ပါပဲဗျာ။

သိပ်မကြာခင်မှာပဲ နပ်စ်တစ်ယောက်ဟာ ၀ုန်းကနဲ ကျွန်တော့်နှာခေါင်းထဲက ဆေးသွင်းပိုက်ကို ခပ်ကြမ်းကြမ်းပြန်ဆွဲထုတ်ပြီး၊ ကျွန်တော့်ပုခုံးပေါ် ပစ်တင်လို့ အခန်းအပြင်ကို ထွက်သွားခဲ့တယ်။ ကျွန်တော် အခန်းထဲမှာတော့ ကြိုးတုပ်ထားလျက်ကျန်ရစ်ခဲ့ပါတယ်။ အချိန်နည်းနည်းကြာပြီးနောက် ပြန်ရောက်လာလို့ ကျွန်တော့်နှာခေါင်းထဲ အာဟာရပိုက် ပြန်ထည့်ဖို့ပြင်တယ်၊ ကျွန်တော်က သူ့ကို ပြန်လည်သန့်စင်ပြီးမှ ထည့်ဖို့ ပြောပေမယ့်လည်း သူက ကျွန်တော့် စကားကို အရေးမစိုက်ခဲ့ဘူး။

ဒီအဖြစ်အပျက်ကို အခြားနပ်စ်တစ်ဦးဆီ ကျွန်တော် ပြန်လည်တိုင်ကြားတဲ့အခါ အဲ့ဒီ နပ်စ်က ကျွန်တော့်အနေနဲ့ အငတ်ခံ ဆန္ဒပြမှု မရပ်ဆိုင်းခဲ့ယင် အစာပိုက်ပြွန်ကို ကျွန်တော့်နှာခေါင်းမှ မထည့်ပဲ တင်ပါးကနေထည့်ပစ်မယ်လို့ ခြိမ်းချောက်ခဲ့တယ်။

ဒီကိစ္စကို ကျန်းမာရေးမှူးးကြီးဆီ တင်ပြတဲ့အခါကျတော့လည်း ကျွန်တော့်ရဲ့ဆန္ဒပြမှုကို ဆက်လုပ်နေဦးမယ်ဆိုယင် ကျွန်တော့်ကို အိပ်ရာပေါ် သားရေပတ်များဖြင့် တုတ်နှောင်ပြီး အမျိုးသားတန်ဆာထဲ ပြွန်တစ်ခုပြီးမှ ဆီးသွားစေမယ် လို့ ခြိမ်းချောက်ပြန်ပါတယ်။

နှိပ်စက်မှုကြောင့် ဆိုးဆိုးရွားရွား အရိုးအဆစ် နာကြင်ကိုက်ခဲတာ၊ မှတ်ဥာဏ်အားနည်းသွားတာ၊ အာရုံစုစည်းရခက်ခဲတာ၊ အမြဲတမ်း စိတ်ရှုပ်ထွေးနေရတာ စတဲ့ ဝေဒနာတွေကို ခံစားနေရတယ်။ အဲ့ဒီလို ခံစားနေရတာ ကျွန်တော်တစ်ဦးတည်းလို့ ထင်မြင်နေခဲ့မိပေမယ့် အစာငတ်ခံဆန္ဒပြသူအများအပြားဆီမှာလည်း အလားတူလက္ခဏာများဖြစ်နေကြောင်း ကြုံဆုံတွေ့မြင်လာရတယ်။ တစ်ချို့သူတွေဟာ သူတို့ကိုယ်သူတို့သတိမထားမိပဲ တစ်ဦးတည်းရှိနေလျက် မိမိဖာသာ စကားကျယ်ကျယ်ပြောနေတတ်တဲ့အထိပါဘဲ။

ဒါပေမယ့်  နိုင်ငံတော်တော်များများမှာ ကျွန်တော်တို့ရဲ့ဒုက္ခများအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေတယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာပင်လျှင် အမေရိကန်အစိုးရအနေနဲ့ နိုင်ငံ့ဂုဏ်သိက္ခာကို ထိပါးနေတဲ့ ဒီအကျဉ်းထောင်ကို ပိတ်ပစ်လိုက်ဖို့ ကန့်ကွက်ဆန္ဒပြမှုတွေရှိနေကြတယ်။  နေ့စဉ်နဲ့အမျှ နိုင်ငံတကာရဲ့ ဝေဖန်မှုများလည်း ရှိနေကြပါတယ်။

ကျွန်တော်တို့ အစာငတ်ခံ ဆန္ဒပြသူများလည်း မိမိတို့ရဲ့ရပိုင်ခွင့်ကို ဆက်လက်တောင်း ဆိုနေဦးမှာဖြစ်တယ်။ သမ္မတ အိုဘားမားဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက နှစ်စေ့နေသူများကို စတင် လွှတ်ပေးသင့်တယ်။ နောက်ဆက်တွဲအနေနဲ့ ဘာရာဇ၀တ်မှုမှ ကျူးလွန်ထားခြင်း မရှိပဲ ထောင်ထဲမှာ ၁၁ နှစ်ကြာ သုံ့ပန်းဖြစ်နေခဲ့သူများကိုလည်း လွှတ်ပေးဖို့ လိုအပ်ပါတယ်။

အမေရိကန်အစိုးရကဖန်တီးခဲ့တဲ့ ဒုက္ခတွေ၊ ကြမ်းတမ်းတဲ့အခြေအနေတွေ နဲ့ စမ်းသပ်မှုတွေ ရှိနေလင့်ကစား ကျွန်တော်တို့အပေါ်တရားမျှတရေးတောင်းဆိုချက် ပြည့်ဝလာတဲ့အထိ ကျွန်တော်တို့ ဆက်လက်ပြီး အစာငတ်ခံ ဆန္ဒပြနေဦးမှာပါဘဲ။

**  အဗ်ဒလ် ဟာဒီ ဖရာ့ဂ်ျ (Abdelhadi Faraj) သည် ဆီးရီးယားနိုင်ငံသားဖြစ်ပြီး၊ ၂၀၀၂ ခုနှစ်မှ စတင်ကာ အမေရိကန်မှ ထိန်းသိမ်းထားသူဖြစ်သည်။ သူ၏ ဂွန်တာနာမိုအကျဉ်းသားနံပါတ်မှာ Internment Serial Number (ISN 028) ဖြစ်၏။ ဖရာ့ဂ်ျအား ၂၀၁၀ ခုနှစ်ကတည်းက အမေရိကန်အစိုးရယာယီစစ်တပ် (U.S government interagency taskforce) မှ လွတ်မြောက်ခွင့်ပေးထားခဲ့ပြီးဖြစ်သော်လည်း ဂွန်တာနာမိုတွင် ယနေထက်တိုင် အကျဉ်းချခံနေရသည်။ ယခု ဆောင်းပါးမှာ သူ၏ ရှေ့နေ ရမ်ဇီကာစင်မ် (Ramzi Kassem) က အာရဗီမှ အင်္ဂလိပ်သို့ ပြန်လည်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်  **

Ref: http://www.huffingtonpost.com

Photo-Guardian

Leave a Reply