6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၅၊ ၂၀၁၃
M-Media

statedepartmentseal2အမေရိကန် နိုင်ငံခြားရေးရာဌာနမှ နောက်ဆုံးရရှိသော သတင်းအရ အမေရိကန် အစိုးရ သည် Facebook Likes များရရှိရန် ဒေါ်လာ ၆၃၀,၀၀၀ နီးပါးကိုအသုံးပြုခဲ့သည် ဟုသိရသည်။

ဗုဒ္ဓဟူးနေ့နံနက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေးရာ ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျဲန်ပါစ်ကီး(Jen Paski) က ဌာနတွင် ကြော်ငြာဖြင့် ပတ်သက်သော အသုံးစားရိတ်အား ယခုအခါတွင် လျှော့ချလိုက်ပြီဖြစ်ကြောင်း၊ ယခင်က တစ်နှစ်လျှင် ဒေါ်လာ ၃၁၅,၀၀၀ အသုံးပြုနေခဲ့ကြောင်း၊ ယခုသော် ၃၆,၀၀၀ ဒေါ်လာသာ အသုံးပြုတော့ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

“အွန်လိုင်းမှာ ကြော်ငြာခြင်း(စားရိတ်)ဟာ သိသိသာသာ ထိုးကျသွားပါတယ်။ အခုဆို ကြော်ငြာခ တစ်လကို ဒေါ်လာ ၂,၅၀၀ သာ ရှိတော့တယ် ဆိုပေမယ့် နိုင်ငံရပ်ခြားမှာနေထိုင်သူတိုင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်နိုင်သေးတဲ့အထိ ကျွန်မတို့ကို အားသာချက်ရရှိစေတုန်း ဖြစ်ပါတယ် ” ဟု ပါစ်ကီး ကဆိုသည်။

နိုင်ငံခြားရေးရာဌာန၏ စစ်ဆေးရေးမှူးမှ တင်ပြလာသော စာ ၅၇ မျက်နှာပါအစီရင်ခံစာ၌ ဌာန၏အကုန်ကျခံသုံးစွဲမှုက အစိုးရဌာနအား ကျော်ကြားသော လူမှုကွန်ရက်အတွင်း နှစ်သက်သူပိုမိုများပြားလာစေပြီး၊ ၂ နှစ်အတွင်း like ပေးသူ ၁၀၀,၀၀၀ မှ ၂ သန်းကျော်အထိ ရောက်ရှိလာကြောင်း ဖော်ပြထားခဲ့သည်။

“ အစိုးရဌာနဟာ ကြော်ငြာအစီအစဉ်နှစ်ခုမှာ ဒေါ်လာ ၆၃၀,၀၀၀ နီးပါး အသုံးပြုခဲ့ပြီး၊ အင်္ဂလိပ်လို ရေးသားထားသော Facebook စာမျက်နှာများတိုင်းအတွက် ၁၀၀,၀၀၀ မှ ၂ သန်းကျော် နှစ်သက်သူများ တိုးတက်ရရှိခဲ့ပါတယ်။ အခြားသောဘာသာစကားစာမျက်နှာများမှာလည်း ကြော်ငြာအင်အားကြောင့် ၂၀၁၂ ခုနှစ်မတ်လ ကစတင်ပြီး နှစ်သက်သူ အရေအတွက် ၆၈,၀၀၀ ကနေ ၄၅၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ အဲ့ဒီ fans တွေက အကြောင်းအရာအပေါ် အမှန်တကယ် စိတ်ဝင်စားမှု မရှိပါဘဲလျက် ကြော်ငြာ သို့မဟုတ် ဓာတ်ပုံတစ်ခုကို ကလစ်နှိပ်ပြီး Like လုပ်ချလိုက်တာဘဲ။ ပြီးတော့လည်း အဲဒါနဲ့ပတ်သက်လို့ နောက်ထပ် ပတ်သက်မှု  မရှိတော့ပြန်ဘူး။ ကြော်ငြာ စီမံချက်များဟာ အဲ့လိုနှစ်သက်သူများ(fans)ကို လိုက်ဝယ်ယူနေတာနဲ့ တူတယ်လို့ ဌာနအတွင်းမှ ၀န်ထမ်းများစွာအနေနဲ့  ဝေဖန်ကြပါတယ် ” ဟု စစ်ဆေးရေးမှူးက တင်ပြသည်။

နှစ်သက်သူများ(like လုပ်သူများ) သိသိသာသာ တိုးတက်လာသော်လည်း စိတ်ဝင်တစား ပတ်သက်ခြင်း မရှိခဲ့ကြသည်မှာ အမှန်ပင်ဖြစ်၏။ အစီရင်ခံချက်အရ နှစ်သက်သူများထဲမှ ၂ ရာခိုင်နှုန်းသာ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း တင်ထားသော အကြောင်းအရာအား စိတ်ဝင်တစား Like, Share နှင့် Comment ပြုလုပ်ခြင်းရှိသည်ကို တွေ့ခဲ့ရသည်။

နိုင်ငံခြားရေးဌာနမှ တင်ပြချက်၌ ဤသို့ဆိုထားသည်။ “ တင်ပြချက်တစ်ခုချင်းစီအတွက် တူညီခြင်း မရှိနိုင်ပါ။ အများဆုံး တုံပြန်ချက်က Like များအဖြစ်တွေ့ရပြီး၊ တင်ပြချက်များတွင် Comment နှင့် Share တို့သည် တစ်ရာအောက်၌သာ ရှိနေသည်။ သို့သော်လည်း အရမ်းထင်ရှားသော တင်ပြချက်များတွင်တော့ ရာပေါင်းများစွာ Comment နှင့် Share များရရှိသည် ကိုတွေ့ရတတ်သည် ”။

အခြေခံအားဖြင့် နိုင်ငံခြားရေးရာဌာန၏ ဆိုဒ်များတွင် နှစ်သက်သူ အမြောက်အများရှိသော်လည်း ၄င်းတို့မှာ နှစ်သက် စွဲလန်းသူများကဲ့သို့ လုပ်ဆောင်ခြင်းမျိုးကို မဟုတ်ကြောင်း၊ ဖော်ပြချက်တွင်  like ပိုမိုရရှိရန် ကြိုးပမ်းမှုသည် ဌာန၏ ဦးတည်ပရိသတ်ဖြစ်သော အသက်အရွယ်ကြီးသူ နှင့် ပိုမိုအရေးပါသူများထက် စာမျက်နှာကို like နှိပ်နေသူများ သာ ဖြစ်နေသည် ဟု ထည့်သွင်းထားကြောင်း Washington Examiner ၀ါရှင်တန်မှ လေ့လာသူတစ်ဦးက ဆိုသည်။

သို့သော်လည်း စစ်ဆေးရေးမှူးမှ  စိတ်ဝင်တစား ပါဝင်ဆောင်ရွက်မှုသည် အဓိကအဖြေ မဟုတ်ကြောင်း ရေးသားထားသည်။
“ ဌာနအနေနဲ့ အသုံးစားရိတ်ကိုလျှော့ချသွားပါလိမ့်မယ်။ fan နဲ့ engagement ဦးရေ တိုးတက်လာစေယုံမက၊ လူထုကြားထဲ ဒီပလိုမေစီ ချပေးနိုင်မှုဆိုတဲ့ ပန်းတိုင်ရောက်အောင် ကြော်ငြာအပေါ်အားစိုက်ခြင်းဖြင့် ထိရောက်တဲ့အခင်းအကျင်းကိုလည်း တိုးတက်စေပါလိမ့်မယ် ”။

Facebook သည် အသုံးပြုသူများ၏ News Feeds များကို ကိုင်တွယ်ပုံနည်းလမ်း ပြောင်းလဲလိုက်သောအခါ အခြေအနေသည် အဆိုးဘက်သို့ ပိုမို ရောက်ရှိသွားတတ်ကြောင်း အစီရင်ခံချက်က ဆိုထားသည်။

“  ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် Users’ News Feeds ခေါ် အသုံးပြုသူများ၏တင်ပြချက်များတွင် မူလပုံဟန်အား Facebook မှပြောင်းလဲလိုက်သည်။ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်မှ စပွန်ဆာပေးထားသော story ads ကြော်ငြာပရိုဂရမ်အား ဆက်လက်ပြသနေစေရန် ၀ယ်ယူထားခြင်းမရှိပါက အသုံးပြုသူသည် ဆိုဒ်ထဲတွင် တင်ထားသောအရာအား စိတ်ဝင်စားစွာ တုံ့ပြန်မှုမရှိခဲ့သော် ကာလအပိုင်းအခြားတစ်ခုလွန်လျှင် ထိုတင်ပြချက်သည် Users’ News Feeds ၌် ဖော်ပြခြင်း မခံရတော့ချေ။  ထိုအပြောင်းအလဲသည် နှစ်သက်လာနိုင်သူ အမြောက်အများရရှိမှုကို လျော့ပါးစေခဲ့သည်။ ဆိုလိုသည်မှာ IIP (Bureau of International Information Programs) နိုင်ငံခြားရေးဌာနသည် story ads များအတွက် ငွေကြေးဆက်လက်သုံးစွဲသွားရပါမည်။ သို့မဟုတ်ပါက လက်ရှိစိတ်ဝင်စားသူစာရင်းမှာ အလျင်အမြန် တရှိန်ထိုး လျော့နည်းကျဆင်းသွားလိမ့်မည်ဖြစ်သည် ”။

Ref: Yahoo News

Leave a Reply