5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၂၅-၂၀၁၃
M-Media

Dzeko_2977374
မန်စီးတီးအသင်း ဘာကလေ အာရှဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိ

မန်စီးတီးအသင်းသည် ယခုလက်ရှိကျင်းပနေသော ဘာကလေ အာရှဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် တောင်တရုတ် အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ အသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဇစ်ကိုက ပထမပိုင်း ၂၁ မိနစ်တွင် ခေါင်းတိုက် သွင်းယူပေးခဲ့သည်။
…………………………………………………………..
ဟီဂူအင်နှင့် ရီနာတို့နှစ်ဦး နာပိုလီနှင့် ဆေးစစ်ဆေးမှု အောင်မြင်ခဲ့

နာပိုလီအသင်းမှ မကြာသေးမီကခေါ်ယူလိုက်သည့် ရီးရဲလ်တိုက်စစ်မှူးဟောင်း ဂွန်ဇာလို ဟီဂူအင်နှင့် လီဗာပူးလ် ဂိုးသမားဟောင်း ဟိုဆေး ရီနာတို့နှစ်ဦးမှာ အသင်း၏ ဆေးစစ်မှုများကို အောင်မြင်ခဲ့သည်ဟု သိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဟီဂူအင်အားခေါ်ယူရန် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ အသုံးပြုခဲ့ရသည်။
…………………………………………………………..
အားနည်းနေသောနောက်တန်းအားဖြည့်တင်းရန် အာဆင်းဝင်းဂါ စဉ်းစားနေ

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ဆွမ်းဆီးအသင်း၏ နောက်ခံလူ အက်ရှ်လေ၀ီလီယံအား ခေါ်ယူရန် စဉ်းစားနေသည်ဟု သိရသည်။ အာဆင်နယ်အသင်း၏ အဓိက နောက်ခံလူများဖြစ်ကြသည့် သောမတ်စ် ဗာမေလန်နှင့် နာချို မွန်ရီရယ်တို့မှာ
ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး အသင်း၏နောက်တန်းအား အားဖြည့်ရန်အတွက် လိုအပ်နေသည်။
……………………………………………………………
ဆိုလ်ဒါဒို၏နေရာအား အစားထိုးရန် ဟာနန်ဒက်ဇ်ကို ဗလင်စီယာစိတ်ဝင်စား

အသင်းမှထွက်ခွာတော့မည့် တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒို၏ နေရာအား အစားထိုးရန်အတွက် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ချီချာရီတို ဟာနန်ဒက်ဇ်အား ဗလင်စီယာအသင်းမှ စိတ်ဝင်စားနေကြောင်းသိရသည်။
…………………………………………………………..
ဆွာရက်ဇ်၏ ပြောင်းရွှေ့ကြေးအား ပေါင် သန်း ၅၀ သတ်မှတ်

အာဆင်နယ်အသင်းအနေဖြင့် တိုက်စစ်မှူးဆွာရက်ဇ်အား ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းပါက ရောင်းချရန်ဆန္ဒရှိနေသည်ဟု လီဗာပူးလ်အသင်းကဆိုသည်။ အာဆင်နယ်အသင်းက ဒုတိယအကြိမ်အဖြစ် ပေါင် သန်း ၄၀ဖြင့် ကမ်းလှမ်းမှုအား ပယ်ချခဲ့ပြီးနောက် ဤကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
…………………………………………………………..
အောစ့်ဗာလ်ဒိုအား ရောင်းချရန် ဆန္ဒရှိနေသည်ဟု ရိုးမားအသင်း ဒါရိုက်တာဆို

ရိုးမားအသင်း၏ ဒါရိုက်တာဖြစ်သူ ဝေါ့လ်တာ စဘတ်တီနီက အသင်း၏ အသက် ၂၇ အရွယ် အီတလီကစားသမား ပါဘလို အောစ့်ဗာလ်ဒိုအား ရောင်းချရန် ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြသည့် အာဆင်နယ်နှင့် ဖူလ်ဟမ် အသင်းတို့မှလည်း ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။
…………………………………………………………..
ဖာဘရီဂတ်စ် ဘာစီလိုနာကို စွန်ခွာလိမ့်မည်မဟုတ်ဟု အသင်းဖော် အဲလက်စ်ဆောင်းဆို

ဘာစီလိုနာအသင်း၏ အလယ်တန်းကစားသမား အဲလက်စ်ဆောင်းက အသင်းဖော် ဖာဘရီဂတ်စ်မှာ အသင်းမှထွက်ခွာရန်ဆန္ဒမရှိဟု ပြောဆိုလိုက်ပြီး ဖာဘရီဂတ်စ်အနေဖြင့် ဘာစီလိုနာအသင်းကို နှစ်သက်ကြောင်း၊ လာမည့်ရာသီတွင်လည်း အသင်း၌ပင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
…………………………………………………………..
ဘိုင်ယန်အား လက်စားချေမည်ဟု ဒေါ့မွန် နောက်ခံလူဆို

ဘိုရုရှားဒေါ့မွန်အသင်း၏ နောက်ခံလူ မတ် ဟမ်မီးလ်စ်က လာမည့်စနေနေ့ ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားမည့် စူပါဖလားပြိုင်ပွဲတွင် ယမန်နှစ် ရှုံးကြွေးကိုပြန်ဆပ်မည်ဟု ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အား အနိုင်ကစားနိုင်ခြင်းက ၎င်းတို့အသင်းအနေဖြင့် လာမည့် ရာသီသစ်တွင် အောင်မြင်စွာယှဉ်ပြိုင်နိုင်မည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့အကောင်းဆုံးအသင်းများထဲတွင်ပါဝင်သည့် ဘိုင်ယန်အား အနိုင်ရလိုကြောင်း သူက ပြောကြားခဲ့သည်။
…………………………………………………………..
ကာတာနိုင်ငံအား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်ပခွင့်ပေးခြင်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်ဟု ဖီဖာ တာဝန်ရှိသူဆို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သူ သီယို ဇွမ်ဇီဂါက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ကာတာနိုင်ငံတွင် ကျင်းပခွင့်ပေးခြင်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ပြိုင်ပွဲအား ဆောင်းရာသီတွင်ကျင်းပရန် စီစဉ်ထားသောကြောင့် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပရန် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတေးလျနှင့် ကာတာနိုင်ငံတို့က လျှောက်ထားခဲ့ကြပြီး ကာတာနိုင်ငံက ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
…………………………………………………………..
အာဂျင်တိုင်း တိုက်စစ်မှူးဟောင်း ဆာဗီယိုလာ အိုလံပီယာကော့စ်သို့ ပြောင်းရွှေ့

မာလာဂါအသင်း၏ အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆာဗီယိုလာမှာ ဂရိကလပ် အိုလံပီယာကော့စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။ ဆာဗီယိုလာသည် စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာ အသင်းတို့တွင် ကစားခဲ့သည်။
…………………………………………………………..
အလ်ကန်တာရာ၏ ကြံ့ခိုင်မှုအတွက် ဂွာဒီယိုလာပူပန်

ဘာစီလိုနာအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲအပြီး ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက မကြာသေးမီကပင် အသင်းသို့ ရောက်ရှိလာသည့် တီယာဂို အလ်ကန်တာရာ၏ ကြံ့ခိုင်မှုနှင့်ပက်သက်၍ ၎င်းအနေဖြင့် စိုးရိမ်မိသည်ဟု ပြောဆိုလိုက်သည်။ ထိုပွဲတွင် ကစားသွားသည့် အလ်ကန်တာရာ၏ စွမ်းဆောင်မှုကို သဘောကျကြောင်း၊ သို့ရာတွင် ၎င်း၏ ကြံခိုင်မှုမှာ အခြားသော ကစားသမားများထက် ပို၍ အားနည်းနေကြောင်း သူကဆိုသည်။
…………………………………………………………..
ဗြိတိန် နံပါတစ် တင်းနစ်မယ်ဟောင်း အန်နီ ကစားသမားဘ၀မှ အနားယူ

ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တွင် ၁၂ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် ဗြိတိန် နံပါတစ် တင်းနစ်မယ်ဟောင်းဖြစ်သူ အန်နီ ကီယိုသာဗွန်မှာ တင်းနစ်ကစားခြင်းမှ အနားယူလိုက်ပြီဟု သိရသည်။ သူမမှာ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်(ITF)၏ အမျိုးသမီး တစ်ဦးချင်း တင်းနစ်ချန်ပီယံဘွဲ့ကို အကြိမ် ၂၀ တိုင် ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့အဆင့် ၄၈ အထိရောက်ရှိခဲ့သူဖြစ်သည်။
…………………………………………………………..
ဆာနစ်လတ်စ် ၀ါဝရင်ကာ ဆွစ်ဇ်အိုပင်း ကွာတားဖိုင်နယ်သို့ ရောက်ရှိ

ဆီဒင် ၂ ရ ဆွစ်ဇလန် တင်းနစ်ကစားသမားဖြစ်သူ ဆာနစ်လတ်စ် ၀ါဝရင်ကာမှာ ယခုကျင်းပလျက်ရှိသည့် ဆွစ်ဇ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ စပိန် ကစားသမား ဂီမီနို တရေဗာအား ၇-၅၊ ၇-၆(၇-၄) ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်တွင် ဆီဒင် ၅ ရ စပိန်တင်းနစ်သမား ဖလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
…………………………………………………………..
ဘီလာရုဇ် တင်းနစ်မယ် ဂိုဗော့ဆိုဗါ Bank of the West Classic တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ရောက်ရှိ

ကမ္ဘာ့အဆင့် ၈၈ ရှိ ဘီလာရုဇ် တင်းနစ်မယ် အိုဂါ ဂိုဗော့ဆိုဗါသည် Bank of the West Classic တင်းနစ်ပြိုင်ပွဲတွင် ယူအက်စ် အိုးပင်း ချန်ပီယံဟောင် ဆမန်သာ စတော့စာအား ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ရောက်ရှိသွားပြီဟု သိရသည်။ WTA ပြိုင်ပွဲများတွင် ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ်သို့ ရောက်ရှိခဲ့သည့် ဂိုဗော့ဆိုဗါက ထိုကဲ့သို့အနိုင်ရရှိခဲ့ခြင်းမှာ အံ့သြစရာဖြစ်ကြောင်း၊ ဆမန်သာ၏ ကစားပုံမှာအလွန်ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
…………………………………………………………..
ဗြိတိန်လက်ဝှေ့သမား ဂျိုရှုဝါအားကစားပရိုမိုးရှင်းကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆို

စူပါဟဲဗီးဝိတ်တန်း အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်သူ ဗြိတိန်နိုင်ငံသား အန်ထော်နီ ဂျိုရှုဝါသည် ဂရိတ်ဗြိတိန်အပျော်တမ်းလက်ဝှေ့အစီအစဉ်မှ နှုတ်ထွက်လိုက်သည်ဟု သိရသည်။ ဂျိုရှုဝါသည် အာကစားနှင့်ပက်သက်သော ပရိုမိုးရှင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Matchroom Sport ကုမ္ပဏီနှင့် ကာလရှည် စာချုပ်ချုပ်ဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

** မေတ္တာရပ်ခံ အသိပေးခြင်း M-Media ၏ မူပိုင် ပိုစ်များကို အွန်လိုင်းမီဒီယာများတွင် ဖော်ပြလိုလျှင် Credit အပြည့်အစုံပေးရန်နှင့် စီးပွားဖြစ် တည်ထောင်လုပ်ကိုင်သော  အွန်လိုင်း ၊ Offline မီဒီယာများ အသုံးပြုလိုလျှင် M-Media သို့ ဆက်သွယ်ရန်လိုမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်သည်။

Leave a Reply