5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၂၇-၂၀၁၃
M-Media

Luiz
ဒေးဗစ်လူးဝစ်အားခေါ်ယူရန် ဘာကာစီစဉ်

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ချယ်ဆီးအသင်း၏ နောက်ခံလူ ဒေးဗစ်လူးဝစ်အား ပေါင် ၂၉ သန်းဖြင့်ခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။
………………………………………………………………
မန်ယူအသင်း၌ပင် ကစားချင်သည်ဟု တောင်ပံကစားသမားသစ် ဇာဟာဆို

သောကြာနေ့က ကစားခဲ့ပြီး ဂျပန်ကလပ် ဆီရီဇို အိုဆာကာနှင့် ၂ ဂိုးဆီ သရေကျသည့် ပွဲတွင် အသင်းအတွက် သူ၏ ပထမဆုံးဂိုးသွင်းယူပေးခဲ့သူ ၀ိုင်းဖရိုင်းဇာဟာက ၎င်းအနေဖြင့် မန်ယူတွင်သာ ကစားလိုပြီး အခြားအသင်းများသို့ အငှားဖြင့်သွားရောက်မကစားလိုဟု
ထုတ်ဖော်ပြောဆိုလိုက်သည်။ ဇာဟာမှာ ယခုနှစ် ဇန်န၀ါရီလတွင်မှ မန်ယူအသင်းသို့ရောက်ရှိလာခဲ့သူဖြစ်သည်။
………………………………………………………………
စပိန်ကလပ်များသို့ ပြောင်းရွှေ့မည့်သတင်းအား ကာဇိုလာငြင်းဆို

လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေမှုများအား အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ ဆန်တီကာဇိုလာက ငြင်းဆိုလိုက်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်ကမှ မာလာဂါအသင်းမှ အာဆင်နယ် အသင်းသို့ရောက်ရှိလာသည့် ကာဇိုလာက အက်သလက်တီကိုသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သို့ရာတွင် ၎င်းအနေဖြင့် လန်ဒန်၌ပင် ပျော်ရွှင်နေကြောင်း ပြောဆိုခဲ့သည်။
………………………………………………………………
ကိုယ်ပိုင်ပုံစံဖြင့် အသင်းအားကိုင်တွယ်သွားမည်ဟု မာတီနိုဆို

ဘာစီလိုနာအသင်း၏ နည်းပြသစ်ဖြစ်သူ ဂျရာဒို မာတီနိုက သူ၏ကိုယ်ပိုင် တိုက်စစ်အားပြုသည့် ပုံစံဖြင့်အသင်းအား ကိုင်တွယ်သွားမည်ဟု ပြောကြားခဲ့သည်။ ကစားသမားများ သက်တောင့်သက်သာ ဖြစ်စေမည့် ၎င်း၏ကိုယ်ပိုင်နည်းစနစ်များကို ရှာဖွေသွားမည်ဖြစ်ပြီး ဘာစီလိုနာအသင်းအား ပြီးပြည့်စုံအောင် ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။
………………………………………………………………
အသင်းအားရောင်းမည်ဆိုခြင်းအား လီဗာပူးလ်အသင်းငြင်းဆို

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် Fenway Sports Group မှ ပိုင်ဆိုင်သော လီဗာပူးလ်အသင်းအား ရောင်းချတော့မည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုလိုက်သည်။ ထိုကိစ္စနှင့်ပက်သက်၍ Fenway Sports Group ကုမ္ပဏီကရှင်းရှင်းလင်းလင်းပြောဆိုထားကြောင်း၊ လီဗာပူးလ်အသင်းမှာ ရောင်းချရန်အတွက်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
………………………………………………………………
ဂါရက်ဘေးလ်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေသည်ဟု တော့တင်ဟမ် နည်းပြဆို

ရီးရဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်ပေါ်နေသူ တိုက်စစ်မှူး ဂါရက်ဘေးလ်အား ဆက်လက်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးနေသည်ဟု အသင်းနည်းပြ အန်ဒရီ ဗီလာ ဘိုအာစ်က ပြောဆိုလိုက်သည်။
………………………………………………………………
ဖာဘရီဂတ်စ်က မန်ယူအား အထောက်အကူဖြစ်စေလိ့မ်မည်ဟု စခိုလ်းဆို

ဖာဘရီဂတ်စ်ရောက်ရှိပါက မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပရီးမီးယားလိဂ်စိုးမိုးရေးကြိုးပမ်းရာတွင် အထောက်အကူဖြစ်လိမ့်မည်ဟု မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က ပြောဆိုလိုက်သည်။ ဖာဘရီဂတ်စ်ကဲ့သို့ အရည်ချင်းရှိကစားသမားတစ်ဦးအား ခေါ်ယူနိုင်မည်ဆိုပါက အလွန် ကောင်းမွန်ကြောင်းပြောကြားခဲ့ပြီး ၀ိန်းရူနီအနေဖြင့်လည်း မန်ယူတွင်သာ ဆက်လက်ရှိနေရန် တိုက်တွန်းခဲ့သည်။
………………………………………………………………
အိုက်ဗရီကို့စ်တိုက်စစ်မှူး ယန်နစ် ဆာ့ဂ်ဘို အား ဟာလ်းစီးတီးခေါ်ယူ

ပြင်သစ်လိဂ်ဝမ်း Evian အသင်းတွင်ကစားနေသည့် အိုက်ဗရီကို့စ်တိုက်စစ်မှူး ယန်နစ် ဆာ့ဂ်ဘိုအား ဟာလ်းစီးတီးအသင်းမှ ၂ နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်သည်ဟု သိရသည်။ ဟာလ်းစီးတီးအသင်းတွင် ကစားခွင့်ရခြင်းကိုပျော်ရွှင်မိကြောင်း၊ အသင်းသို့ရောက်ရှိအောင် ကူညီပေးကြသူများကို ကျေးဇူးအထူးတင်ကြောင်း ဆာ့ဂ်ဘိုက ပြောကြားခဲ့သည်။
………………………………………………………………
Sainsbury’s Anniversary Games အပြေးပြိုင်ပွဲတွင် အူစီန်ဘော့အနိုင်ရရှိ

လန်ဒန်မြို့ အိုလံပစ်အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် Sainsbury’s Anniversary Games မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဂျမေကာနိုင်ငံသား အူစိန်ဘော့က အနိုင်ရဗိုလ်စွဲသွားသည်။ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးဆု ဆွတ်ခူးရရှိခဲ့သည့် အူစိန်ဘော့မှာ ဒုတိယနေရာမှ အမေရိကန်အပြေးသများ မိုက်ရော်ဂျာထက် သုည ဒဿမ ၁၃ စက္ကန့်အသာ ၉ ဒဿမ ၈၅ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply