5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
M-Media

Arsenal and Basel in Champions
အာဆင်နယ်နှင့် ဘေဆယ်တို့ အခြေအနေကောင်းခဲ့သည့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအကြော့ ပွဲစဉ်များ

ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့ အဖြစ် အာဆင်နယ် အသင်းနှင့် တူရကီ ကလပ် ဖီနာဘာချီ အသင်းသို့ ယနေ့ နံနက်ပိုင်းက ကစားခဲ့ရာ အဆင်နယ် အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။ အာဆင်နယ် အသင်း အတွက် ဂိုးများကို ကီရင်ဂစ်ဘ်၊ အာရွန်ရမ်ဆေးနှင့် အိုလီဗီယာ ဂျီရော့ဒ်တို့က သွင်းယူပေးခဲ့သည်။ ဖီနာဘာချီကွင်း တွင်ကစားခဲ့သည့် အဆိုပါပွဲ အနိုင် ရရှိမှုကြောင့် အာဆင်နယ် အသင်းမှာ ၁၆ သင်း အဆင့်သို့ ရောက်ရှိရန် အခြေအနေ ကောင်းလျက်ရှိသည်။ ဘူဂေးရီးယား ကလပ် လူဒိုဂိုရက်စ် အသင်း၏ အိမ်ကွင်းတွင် ဆွဇ်ကလပ် ဘေဆယ် အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ဘေဆယ်အသင်းက ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ဂျာမနီကလပ် ရှော်လ်ကာအသင်းမှာ ဂရိကလပ် ပီအေအိုကေအသင်းနှင့် အိမ်ကွင်းတွင် ၁ဂိုးစီသရေကျခဲ့ပြီး ရုရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းမှာ သြစတြီးယားကလပ် သြစတြီးယား ၀ိန်းအသင်းအား အိမ်ကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
_________________________________
အိုင်ဗန်နိုင်ဗစ်၏ ဂိုးကြောင့် အနိုင် သုံးမှတ်သေချာခဲ့သည့် ချယ်ဆီး

ပရီးမီးယားလိဂ်ကြားပွဲစဉ် အဖြင့် ချယ်ဆီးအသင်းနှင့် အက်စတွန်ဗီလာ အသင်းတို့ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ပွဲအစ ၆ မိနစ်တွင် အက်စတွန်ဗီလာ အသင်း၏ ကစားသမား လူနာက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့၍ ချယ်ဆီးအသင်း အဖွင့်ဂိုးစရခဲ့သည်။ သို့သော်လည်း ပထမပိုင်း နာကျင် အချိန်ပိုတွင် ဘန်တီကီက အက်စတွန်ဗီလာ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ချယ်ဆီးအတွက် အနိုင်သေချာစေမည့်ဂိုးကို နောက်ခံလူ အိုင်ဗန်နိုင်ဗစ်က ဒုတိယပိုင်း ၇၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းမှာ ယခုပွဲအနိုင်ကြောင့် ၂ ပွဲနိုင်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။
_________________________________
ပီအက်စ်ဂျီနှင့် သီယာဂို စာချုပ်သက်တမ်းတိုး

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း၏ နောက်ခံလူဖြစ်သူ သီယာဂိုဆေးလ်ဗားမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုက်ပြီဟု သိရသည်။ စပိန်အသင်းကြီး ဘာစီလိုနာမှခေါ်ယူရန်ကြိုးစား ခဲ့ဖူးသည့် သီယာဂိုမှာ ယခုကဲ့သို့ သက်တမ်းတိုး လိုက်သောကြောင့် ပီအက်စ်ဂျီ အသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။
_________________________________
ရီးယဲလ်နှင့် ဘန်ဇီမာ သက်တမ်းတိုးတော့မည့်

ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ကရင်မ် ဘန်ဇီမာမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်ဟုသိရသည်။ ဘန်ဇီမာ၏ လက်ရှိစာချုပ်မှာ ၂၀၁၅ တွင်ကုန်ဆုံးတော့ မည်ဖြစ်ပြီး ရီးယဲလ် အသင်းနှင့် ဘန်ဇီမာတို့ နှစ်ဖက် စလုံးမှာ စာချုပ်သစ် ချုပ်ဆိုရန် စိတ်အား ထက်သန်နေကြသည်။
_________________________________
တော့တင်ဟမ်တွင်သာ ဆက်နေလိုသည်ဟု အဒီဘာယောဆို

တော့တင်ဟမ်အသင်း၏တိုက်စစ်မှူး အီမန်နျူယဲလ် အဒီဘာယောမှာ တော့တင်ဟမ်အသင်းတွင်သာ ဆက်လက်ကစားချင်သည်ဟု ပြောဆိုလိုက်သည်။ နည်းပြသစ် ဗီလာဘိုအာစ်၏ အနာဂတ်တော့တင်ဟမ် အသင်းတွင် အဒီဘာယောမှာ ပါဝင်ခြင်းမရှိသော်လည်း အဒီဘာယောက အသင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သည်။
_________________________________
ဖယ်လိုင်နီနှင့်ဘိန်းအတွက် ပေါင် ၃၅ သန်းအသုံးပြုရန် မန်ယူအစီအစဉ်ရှိ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန်အသင်း၏ ကစားသမားများဖြစ်ကြသည့် ဖယ်လိုင်နီနှင့် လေတန်ဘိန်းအား ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဟု သိရသည်။ စောစောပိုင်းက မန်ယူမှ ၂၈ သန်းဖြင့်ကမ်းလှမ်းမှုကို အဲဗာတန်အသင်းမှ ပယ်ချခဲ့သောကြောင့် ယခုကဲ့သို့ တိုးမြှင့်ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
_________________________________
ရီးယဲလ်ကစားသမားနှစ်ဦးအား အာဆင်နယ်လိုချင်ပြန်

ပရီးမီးယားလိဂ်အသင်းဖြစ်သည့် အာဆင်နယ်အသင်းမှာ ရီးယဲလ်မက်ဒရစ် ကစားသမားများဖြစ်ကြသည့် ကရင်မ်ဘန်ဇီမာနှင့် ဒီမာရီယာတို့အား ခေါ်ယူရန် မျှော်လင့်နေသည်ဟု သိရသည်။ အပြောင်းအရွေှ့ဈေးကွက်မပိတ်ခင် နောက်ခံလူတစ်ဦးနှင့် ဂိုးသမားတစ်ဦးကိုလည်း အလိုရှိနေသည့် အာဆင်နယ်အသင်းမှာ အပြောင်းအရွှေ့အတွက် အသုံးပြုရန် ပေါင်းသန်း ၁၀၀ ရှိနေသည်။
_________________________________
ATP Winston-Salem တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ကွာရေး တက်ရောက်

အမေရိကန်နိုင်ငံ မြောက်ကယ် ရိုလိုင်းနားတွင် ကျင်းပပြုလုပ်နေသည့် ATP Winston- Salem တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်တင်းနစ်သမား ဆမ်ကွာရေးမှာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီဟု သိရသည်။ ဆမ်ကွာရေးမှာ ဖင်လန်တင်းနစ်သမား ဂျာကို နီမီနန်အား အကြိတ်အနယ်ကစားကာ ၄-၆၊ ၇-၆(၉-၇)၊ ၇-၆ (၁၄-၁၂) ဖြင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကွာရေးမှာ ကွာတားဖိုင်နယ်တွင် ရစ်ချက် ဘရန်ကစ်နှင့်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
_________________________________
ယူအက်စ် အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာ ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်

ရုရှားနာမည်ကြီး တင်းနစ်မယ် မာရီယာရှာရာပိုဗာမှာ မကြာမီယှဉ်ပြိုင် ကစားတော့မည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပခုံးဒဏ်ရာကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ဟု သိရသည်။ ဂရင်းစလင်းဖလားလေးကြိမ် ရရှိခဲ့သည့် ရှာရာပိုဗာက “၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲပြီး ကတည်းက ယူအက်စ် အိုပင်းပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ ကျမအားလုံး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန် မလုံလောက်ခဲ့ပါဘူး။ ကျမ နှစ်သက်တဲ့ပြိုင်ပွဲတွေက တစ်ခုဖြစ်တဲ့ ဒီပြိုင်ပွဲကို ၀င်မပြိုင်ဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါဘူးဟု” သူမ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားခဲ့သည်။
_________________________________
WTA New Haven တင်းနစ်ပြိုင်ပွဲမှ ကမ္ဘာ့အဆင့် ၅ ရှိ ဆာရာအီရာနီ ထွက်ခွာ

အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက် ရှိသည့် WTA New Haven တင်းနစ် ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ ရ အီတလီတင်းနစ်မယ်ဆာရာ အီရာနီမှာ ရုရှားတင်းနစ်မယ် အီကာတရီနာ မာကာရိုဗာအား ရှုံးနိမ့်သွားသည်ဟုသိရသည်။ အဆိုပါပွဲမှာ ၁ နာရီနှင့် ၂၂ မိနစ်ကြာမြင့်ပြီး ကမ္ဘာ့အဆင့် ၅ ရှိ အီရာနီမှာ ၇-၅၊ ၆-၁ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မာကာရိုဗာမှာ နောက်တစ်ဆင့်တွင် ရိုမေးနီးယားတင်းနစ်မယ် စီမိုနာ ဟလက်ပ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

Leave a Reply