6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ- ၇ ၂၀၁၃
M-Media

Worlds First Underground Mosque

အစ္စတန်ဘူးလ် (ISTANBUL)။    ။ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့တော်အတွင်းရှိ  (Buyukçekmece) ဘူယူးက် ချဲက်မယ်ဂျယ်  မြို့နယ်တွင် ပထမဆုံး မြေအောက် ဗလီဝတ် ကျောင်းတော်ကို တည်ဆောက်ထားပြီဖြစ်သည်။ ၄င်းဗလီကျောင်းတော်သည်  ကမ္ဘာ့သာသနိကအဆောက်အဦ ဗိသုကာပြိုင်ပွဲကြီး (World Architecture Fest Competition) ၌ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည် ဟု သိရသည်။

“ ဗလီကျောင်းတော်များဟာ စိတ်တည်ငြိမ်အောင်ပြုကျင့်ရာနေရာ နဲ့ ၀တ်ပြုရာနေရာများ ဖြစ်တယ် ။ ကအ်ဗဟ် ၀တ်ကျောင်းတော်ကြီးရဲ့ အခက်အလက်များလည်း ဖြစ်ပါတယ် ” ဟု ဗုယူးခ်စက်မိစ်၏ မူဖ်သီ မဟ်မဒ် နာရင်း (Mehmet Narin) က နိုဝင်ဘာလ ၄ ရက် တနင်္လာနေ့က World Bulletin သို့ ပြောကြားခဲ့သည်။

အစ္စလာမ့်ရနံ့များ နှင့် တူရကီလူမျိုးတို့၏ ဗိသုကာ လက်ရာကို ခေတ်မီနည်း စံနစ်များဖြင့် ပေါင်းစည်းထားသော – ဆန်းဂျက်လား (Sancaklar ) ဗလီကျောင်းတော်သည် တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းခြင်းနှင့်မင်္ဂလာအပေါင်း သက်ရောက်ပါစေ)၏ ပထမဆုံးဗျာဒိတ်တရားလက်ခံရရှိရာ ဟီရာ (Hira) လိုဏ်ဂူ အတွေးအမြင်အပေါ် အခြေခံထားသည်။

ဗလီဝတ်ကျောင်းတော်အား တူရကီ ဗိသုကာပညာရှင် အမ်ရီ အာရိုလတ် (Emre Arolat) က မြေပြင်အောက် ၇ မီတာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဗလီဝတ်ကျောင်းတော်မှာ မြေအောက် ၁၂၀၀ မီတာပတ်လည်ပေါ်တည်ရှိပြီး လမ်းကြောင်းငယ်များ နှင့် နေရောင်ခြည်ဝင်ထွက်နိုင်မှုများဖြင့်အလင်းပေးကာ ဆိတ်ငြိမ်ရာဒေသလေးအဖြစ် ဖန်တီးထားသည်။

အခြားအဆင့်မြင့် ဗလီဝတ်ကျောင်းတော်ဒီဇိုင်းများနှင့်ကွဲပြားစွာ ဆန်ကက်လာ ဗလီကျောင်းတော်၏ ၀တ်ပြု ခန်းမအား မြေအောက်ကျောက်ဂူ သဏ္ဍာန် ပုံဖော်ထားသောကြောင့် စိတ်နှလုံးအေးချမ်းမှုကို အပြည့်အ၀ရရှိစေသည်။
“ လက်ရှိ ဗိသုကာ ပုံသဏ္ဍာန်များနဲ့ လုံးဝကွဲပြားပြီး ဘာသာရေး နယ်ပယ်ထဲက အနံ့အသက်ကို ရရှိစေဖို့ အဓိက ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ် ” ဟု ဗိသုကာပညာရှင်များက သူတို့၏ဒီဇိုင်းနှင့်ပတ်သက်၍ု အတိုချုံးတင်ပြထား၏။

၎င်းဗလီကျောင်းတော်အား  ၂၀၁၁ ခုနှစ်၊ မေလက စတင်တည်ဆောက်ခဲ့ကာ လာမည့်ရက်သတ္တပတ်များအတွင်းတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဖြည့်ဆည်းချက်
——————-
ထိုဗလီကျောင်းတော်သည် ထိုမြို့နယ်အတွင်း ဗလီဝတ်ကျောင်းတော်နေရာ လိုအပ်မှုကို ရှောင်လွှဲရန်အလို့ငှာ တစ်ချိန် တည်း၌ လူအယောက် ၆၅၀ ကျော် ၀တ်ပြုနိုင်အောင် ဖြည့်ဆည်းပေးမည်ဖြစ်သည်။

“ (Karaağaç ) ခါရား အားခ်ျ  မြို့နယ်ဝန်းကျင်မှာ ဗလီဝတ်ကျောင်းတော်တွေ အလုံအလောက် မရှိဘူး၊ ဒါကြောင့် ဒီဗလီကျောင်းတော်ဖြစ်တည်လာဖို့ အလွန်ကို လိုအပ်နေတယ်။ ဒီမြို့နယ်ထဲမှာ လူနေ အိမ်တွေသာပြည့်နှက်နေတယ် ဗလီကျောင်းတော်တော့ မရှိခဲ့ဘူးလေ ” ဟု မုဖ်သီ နာရင်းက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ပထမဆုံး မြေအောက် ဗလီကျောင်းတော်ဖြစ်သည့် အတွက် ဆန်ကက်လာ ဗလီတွင် ၀တ်ပြုရေး ဖိတ်ခေါ်မျှော်စင်(မီနာရာ) သော်လည်းကောင်း၊ ဆန်းစလ သင်္ကေတသော် လည်းကောင်း မပါရှိပေ။

တူရကီနိုင်ငံ လူဦးရေ ၉၉ ရာခိုင်နှုန်း နီးပါးသည် မွတ်စ်လင်မ်များဖြစ်ပြီး၊ အများစုမှာ စွန္နီ(Sunni) များ ဖြစ်ကြသည်။
တူရကီနိုင်ငံ၌ ဗလီကျောင်းတော် ထောင်ချီရှိပြီး၊ ၄င်းတို့အနက် အတွင်းပိုင်းနံရံများကို အပြာရောင်ကြွေပြားများဖြင့် တန်ဆာဆင်ထားသည့် (Blue Mosque) ကျောင်းတော်မှာ အထင်ရှားဆုံးဖြစ်သည်။
၂၀၁၂ ခုနှစ်၊ မေလက ကမ္ဘာ့ ပထမဆုံး ရေအောက် ဗလီကျောင်းတော်ကို ဆော်ဒီအာရေဗျ အနောက်မြောက်ပိုင်း သဗူးက်(Tabuk) မြို့၌ တည်ဆောက်ခဲ့ကြောင်း သိရသည်။

Ref: OnIslam & News Agencies

 

————————————————-
** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
ဆက်သွယ်ရန် [email protected]

Leave a Reply