6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ- ၂၁ ၂၀၁၃

M-Media

o-SAKENA-facebook_0
၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်သော Opus Prize ဆုကို အာဖဂန်နိုင်ငံ၌ ပညာရေးဆိုင်ရာလှုပ်ရှားမှုများကို ဆောက်ရွက်လုပ်ကိုင်နေသည့် စကီနာ ယာကူဘီက ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။

ယာကူဘီမှာ ၁၉၉၅ ခုနှစ်က Afghan Institute of Learning အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ယခုအအချိန်အထိ ထိုအဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။ Afghan Institute of Learning အဖွဲ့မှာ အာဖဂန် အမျိုးသမီးများ ဦးဆောင်သည့် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောင်းဆရာများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အာဖဂန် ကလေးငယ်များ၏ ပညာရေးအားထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လိုက်လံကူညီပေးခြင်းနှင့် အမျိုးသမီးများနှင့် ကလေးငယ်များအား ပညာသင်ကြားပေးခြင်း စသည့် ကိစ္စရပ်များကို အခမဲ့ ဆောင်ရွက်ပေးနေသော အဖွဲ့လည်းဖြစ်သည်။

ယာကူဘီက ၎င်းအနေဖြင့် Opus Prize ဆု ချီးမြှင့်သည့် ရည်ရွယ်ချက်ကို သဘောကြနှစ်ခြိုက်ပြီး၊ ထိုဆုအား ရရှိခဲ့ခြင်းအတွက် ပျော်ရွင်မိကာ၊ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

“အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ပညာရေးကို မသင်မနေရလို့ အစ္စလာမ်က ပြောထားတာကို ကျွန်မယုံကြည်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်က ကျွန်မတို့ကို ကောင်းမွန်စွာနေထိုင်ဖို့ သွန်သင်ပါတယ်။ ပညာရေးဟာ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျွန်မတို့ကို အရေးကြီးတဲ့ တွေးခေါ်မှုတွေ ပေးပါတယ်” ဟု ယာကူဘီက အမေရိကန် အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်သည့် The Huffington Post သတင်းစာသို့ပြောကြားခဲ့သည်။

ထို့ပြင် အာဖဂန်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် ပညာရေးမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်သူမှာ တရားမျှတမှုရှိပြီး၊ ပညာတတ်ကာ လူသားဆန်သည့် ပုဂ္ဂိုလ်ဖြစ်ရမည်ဖြစ်ကြောင်း၊ အာဖဂန်နိုင်ငံ ပညာရေးအတွက် အဓိက အတားအဆီးမှာ လုံခြုံရေးပင်ဖြစ်ကြောင်း ယာကူဘီက ထပ်လောင်းပြောကြားခဲ့သည်။

Opus Prize ဆု မှာကမ္ဘာ့တစ်ဝှမ်း ဘာသာရေးကို အခြေပြု၍ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှု၊ တရားမမျှတမှု စသည့် ဒုက္ခသုက္ခပေါင်းစုံ ခံစားနေရသော သူများ အတွက် လူထု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော သူများအား ဂုဏ်ပြုသောအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်သည့် ဆုတံဆိပ် တစ်ခုဖြစ်ပြီး ဆုကြေးငွေမှာ ကန်ဒေါ်လာ ၁ သန်းဖြစ်သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မြို့ Georgetown တက္ကသိုလ်ရှိ Berkley ဘာသာရေးနှင့် ငြိမ်းချမ်းရေး စင်တာတွင်ပြုလုပ်ခဲ့ပြီး Georgetown တက္ကသိုလ် ဥက္ကဌ ဂျွန် ဂျေ ဒီဂျီယိုအီယာက ချီးမြှင့်ခဲ့သည်။

Leave a Reply