6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
ဒီဇင်ဘာ ၂၀၊ ၂၀၁၃

HIV Lab

HIV Lab

ဂျာမနီနိုင်ငံ၊ Dresden’s Technical University ရဲ့ သုတေသီဆေးပညာသည်တွေက “molecular scissors” ခေါ် မော်လီးကျူး ကတ်ကြေးလို့ အမည်ပေးထားတဲ့ နည်းလမ်းအသစ်တစ်ခုကို သုံးပြီး HIV ဗိုင်းရပ်စ်ကို စမ်းသပ်ကုသခဲ့ရမှာ အကြိမ်ကြိမ်အောင်မြင်မှုရရှိခဲ့တဲ့အကြောင်း သိရပါတယ်။ “molecular scissors” ခေါ် မော်လီးကျူး ကတ်ကြေးက HIV ဗိုင်းရပ်စ်ထိထားတဲ့ DNA ထဲက ဆဲလ် တွေကို ဖြတ်တောက်ပေးတယ်လို့ ဆိုပါတယ်။

သုတေသီတွေက ဓါတ်ပြောင်းအကူဒြပ်လို့ သိကြတဲ့ Enzyme တွေကို သုံးပြီး HIV ဗိုင်းရပ်စ်တွေကို ရှာဖွေစိစစ်ပြီး ဖယ်ထုတ်ပြစ်ကြတာဖြစ်တယ်လို့ ဂျာမနီအခြေဆိုက် TheLocal.de က ဆိုပါတယ်။ အဲဒီလိုနည်းကိုသုံးပြီး HIV ဗိုင်းရပ်စ်ကို စိစစ်ဖော်ထုတ်ခြင်းက ရာခိုင်နှုန်း ၉၀ ကျော်ထိ ထိရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။

“နည်းလမ်းတွေကအများကြီးပါ၊ ဒါမျိုး ခပ်ဆင်ဆင်တူတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် HIV ဗိုင်းရပ်စ်အထိခံထားရတဲ့ ဆဲလ်တွေထဲကနေ အဲဒီဗိုင်းရပ်စ်ကို ဖယ်ထုတ်ပြစ်နိုင်ခြင်းကတော့ တမူထူးခြားပါတယ်။” လို့ Dresden Technical University နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Hamburg’s Heinrich Pette Institute ရဲ့ ဓါတ်ခွဲခန်းတာဝန်ရှိသူတွေက ဂျာမန်ဒေးလီးသတင်းစာကို ပြောပြပါတယ်။

Dresden တက္ကသိုလ်ရဲ့ သုတေသီတွေကတော့ သူတို့ရဲ့အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တဲ့ သီအိုရီကို လက်တွေ့အကောင်အထည်ဖော်တဲ့အနေနဲ့ ကြွက်ကိုအသုံးပြုပြီး စမ်းသပ်ခဲ့ကြပါသေးတယ်။ “HIV ဗိုင်းရပ်စပမာဏကိုတော့ သိသိသာသာကြီး လျော့ချပစ်လိုက်နိုင်တယ်။ ပြီးတော့ အဲဒီလျော့ချခံရတဲ့ ဗိုင်းရပ်စ်တွေက သွေးထဲမှာ ဆက်ရှိမနေတော့ဘူး။” လို့ သုတေသနအဖွဲ့ခေါင်းဆောင်ပရောဖက်ဆာ ဂျိုအာချင် ဟောင်ဘာက ဆိုပါတယ်။ သူက ဆက်လက်ပြီး “ဒါက အရာအားလုံးထဲမှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးပါပဲ၊ (HIV) ကို ကုသဖို့ကတော့ ဒီအောင်မြင်မှုကေ၀၀ါးနေဆဲ မြော်လင့်ချက်လို့လည်း ဆိုလို့ရတာပေါ့၊ ဒါပေမယ့် ဒီအောင်မြင်မှုကို သက်သေပြရဦးမယ်။” လို့လည်း ဆိုပါတယ်။

ံHIV ကုသဖို့ ဆေးနဲ့ပတ်သတ်ပြီးတော့ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေက စိတ်ဝင်စားမှုနည်းပါးနေတာကလည်း ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲပါ။ ဒါပေမယ့် အောင်မြင်တဲ့ HIV ကုသနည်းကတော့ လမ်းကြောင်းထဲ ရောက်နိုင်ကောင်း ရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Leave a Reply