6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၅ ၊ ၂၀၁၄
M-Media

– ယခုနှစ်အကုန်တွင် နိုင်ငံခြားတပ်များအားလုံး ထွက်ခွာတော့မည့် အစီအစဉ်ရှိနေသည့် အာဖဂန်နစ္စတန်နိုင်ငံ၌ အစိုးရရွေးကောက်ပွဲကို ယနေ့တွင် စတင်ကျင်းပနေသည်ဟု သိရသည်။

666x405

အဆိုပါရွေးကောက်ပွဲအတွက် အစိုးရ၊ အတိုက်အခံနှင့် မျိုးနွယ်စုခေါင်းဆောင်များမှာ လပေါင်းများစွာ အစည်းအဝေးများ၊ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရပြီး  ယခင်မူဂျာဟစ်ဒင် တပ်မှူးများနှင့် တတ်သိပညာရှင်များ ပါဝင်သည့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ သမ္မတဖြစ်ရန် ရေပန်းစားသူသုံးဦး ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ အက်ရှ် ဂန်နီ အဟ်မဒ်ဇိုင်၊ အဘ်ဒူလာ အဘ်ဒူလာနှင့် ဇလ်မိုင် ရစူလ်တို့ဖြစ်ကြသည်။

ထိုရွေးကောက်ပွဲမှာ နှစ်ပေါင်း ၅၀၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အာဖဂန်တွင် ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းပေးရေး ဦးတည်နိုင်မည့် ရွေးကောက်ပွဲလည်းဖြစ်သည်။ ၎င်းတို့ သုံးဦးအား ထောက်ခံသူများမှာ မတိမ်းမယိမ်းဖြစ်ကြပြီး ရွေးကောက်ပွဲရလဒ်ကို မခန့်မှန်းနိုင်ဟု လေ့လာသူများကဆိုသည်။

အာဖဂန်တွင် မဲပေးနိုင်သူအရေအတွက်မှာ ၁၂ သန်းခန့်ရှိပြီ အဆိုပါရွေးကောက်ပွဲအား တိုက်ခိုက်မည်ဟု တာလီဘန်တို့က ခြိမ်းခြောက်ထားသောကြောင့် နိုင်ငံတစ်ဝှမ်း မဲရုံစုစုပါင်း ၂၀၇၅၂ ရုံအတွက် လုံခြုံရေးတပ်ဖွဲ့ပေါင်း ၃၅၂၀၀၀ ချထားကာ လုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်ထားသည်။

တာလီဘန်များ၏ ခြိမ်းခြောက်မှုကိုခံနေရသည့် အာဖဂန်နိုင်ငံ၏ အနာဂတ်အတွက် ယခုပြုလုပ်သော ရွေးကောက်ပွဲမှာ အရေးပါသော ရွေးကောက်ပွဲဖြစ်သည်ကို အာဖဂန်ပြည်သူများက သိကြကြောင်း ၀ါရင့်နိုင်ငံရေးလေ့လာသူ ဟာရွန် မီရ်က Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။
Al Jazeera

Leave a Reply