6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၈ ၊ ၂၀၁၄
M-Media

president-myanmar_32750
– မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေပိုင်နက်အငြင်းပွားမှုအား ဖြေရှင်းနိုင်ခဲ့ခြင်းက နှစ်နိုင်ငံ ရေကြောင်းကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အခွင့်အရေးကောင်းများ ဖြစ်လာစေသည်ဟု ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ်ဒူ ဟာမစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေမှာ ဘင်္ဂလားဒေ့ရှ် သမ္မတအိမ်တော်သို့ သွားရောက်၍ သမ္မအား တွေ့ဆုံဂါရ၀ပြုစဉ် ဟာမစ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံ ရေတပ်သားများနှင့် ရေတပ် အရာရှိများ ပူးပေါင်းလေ့ကျင်မှုများပြုလုပ်ခြင်းမှာ နိုင်ငံရင်းနှီးမှုကို အားဖြစ်စေပြီး အတွေ့အကြုံများ မျှဝေခြင်းဟု မှတ်ယူနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး သူရသက်ဆွေကလည်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးကို မြန်မာနိုင်ငံက အမြဲတမ်းအလေးထားမည်ဖြစ်ကြောင်း၊ ယခုလည်ပတ်မှုမှာ နှစ်နိုင်ငံအကြား ရင်းနှီးမှုကို တိုးမြင့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေတပ်ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ခရီးရောက်ရှိနေခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရေတပ် ဦးစီးချုပ် အမ် ဖာရွက်ဟဘီးဘ်၊ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာတို့နှင့် တွေ့ဆုံခဲ့ကာ ယနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Ref: Bdnews24

Leave a Reply