6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၈ ၊ ၂၀၁၄
M-Media
ALeqM5iejW2-3nmMobzo7RHzv4tPK0DUgA
– ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားသော ISIL အဖွဲ့နှင့် အစ္စရေးမှာ မဟာမိတ်ဖြစ်ပြီး ISIL အား အစ္စရေးက လက်နက်များ ထောက် ပံ့နေသည်ဟု ကုလဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘာရှာဂျာဖာရီက Press TV သတင်းဌာနသို့ သောကြောနေ့တွင် ပြောကြားခဲ့သည်။

ISIL ၏ လှုပ်ရှားမှုများအား ရပ်တန့်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခုကို သောကြာနေ့က အတည်ပြုခဲ့ပြီးနောက် ဂျာဖာရီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ISIL အကြမ်းဖက်သမားများနှင့် အစ္စရေးမှာ လျှို့ဝှက် သဘောတူညီချက် ရယူထားပြီး၊ အစ္စရေးက လက်နက်များ ထောက်ပံ့နေကြောင်း၊ ဂျော်ဒန်တွင် လျှို့ဝှက် စခန်းများဖွင့်၍ သင်တန်းများလည်း ပေးနေကြောင်း ဂျာဖာရီကဆိုသည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ကာ အစ္စလာမ့်မစ်နိုင်ငံတော် ထူထောင်ထားသည့် အဆိုပါ ISIL အဖွဲ့ဝင်အများစုမှာ ဆီးရီးယားအစိုးရအား တိုက်ခိုက်ရန်အတွက် အမေရိကန် စစ်တပ်က လက်နက်တပ်ဆင်ကာ သင်တန်းပေးထားသော တပ်သားများဖြစ်သည်ဟု အနောက်တိုင်း မီဒီယာများမှ မကြာသေးမီက ဖော်ပြခဲ့ကြသည်။

ထို့ပြင် ISIL ခေါင်းဆောင်ဖြစ်ပြီး အစ္စလာမ့်မစ်နိုင်ငံတော်၏ ခလီဖာအဖြစ် ခံယူထားသူ ဘဂ္ဂဒါဒီမှာလည်း အစ္စရေးထောက်လှမ်းရေး မော့ဆက် အဖွဲ့၏ အေးဂျင့် တစ်ဦးဖြစ်သည်ဟု ဆိုရှယ်မီဒီယာများတွင် ဓာတ်ပုံနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသည်။ သိုသော်လည်း ထိုသတင်းအား တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

DB/HSN/HRB

Leave a Reply