6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
M-Media
10-12-14_Islamophobic-Media-Concerns-Kenya-Muslims
– နိုင်ငံအတွင်း အဓိကမီဒီယာများက အကြမ်းဖက်သတင်းများအား ဖော်ပြသည့် နည်းလမ်းများကို လုံးဝပြောင်းလဲပစ်ရန်အတွက် ကင်ညာ မွတ်စလင်များက တောင်းဆို လိုက်ပြီး ယခုလက်ရှိ ပရော်ဖက်ရှင်နယ် မပီသည့် သီတင်းဖော်ပြမှုက နိုင်ငံအတွင်း အခြေအမြစ်မရှိသော အစွဲအလမ်း နှင့် အစ္စလာမ်ကြောက်ရောဂါတို့ကို မီးထိုးပေးနေသည်ဟု သတိပေးပြောကြားလိုက်သည်။

`အခြားဘာသာ တရားတွေက လူတွေ ရာဇ၀တ်မှု ကျူးလွန်တဲ့အခါ သူတို့ရဲ့ ဘာသာတရား ရှေ့မှာထည့်တာကို ကျွန်တော်တို့  မမြင်ရတာ ဘာ့ကြောင့်လဲ? မကြာသေးမီကပဲ ကင်ညာ ခရစ်ယာန် ဘုရားကျောင်းက တရားဟောဆရာ တစ်ယောက် ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်။ ဒါပေမယ့် မီဒီယာက ခရစ်ယာန် အကြမ်းဖက်သံသယရှိသူလို့ မခေါ်ဘူး။ ဒါဟာ အဆုံးသတ်ဖို့ လိုအပ်နေတဲ့ မမျှတမှုပါပဲ´ ဟု ကင်ညာရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူ ရှိခ် အဘ်ဒူလာ ခီရ်က ပြောကြားခဲ့သည်။

ရှိခ်ခီရ်၏ ထိုသို့ပြောကြားမှုမှာ အကြမ်းဖက် ၀ါဒ ကိစ္စများကို ဖော်ပြမှုများမှာ မွတ်စလင်များအတွက် မမျှတဟုဆိုကာ ကင်ညာ မီဒီယာများအား ပြင်းပြင်း ထန်ထန် ဝေဖန်ထားသော အစီရင်ခံစာ တစ်စောင်ကို ကင်ညာရှိ သတင်းစာ ဂျာနယ်လောကအား ထိန်းချုပ်နေသာ တရားဝင် အေဂျင်ဂျင်စီ တစ်ခုဖြစ်သည့် ကင်ညာ မီဒီယာကောင်စီမှ မကြာသေးမီက ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

၅၂ မျက်နှာပါသည့် အဆိုပါ စီရင်ခံစာကို Deconstructing Terror: Assessing Media’s Role in Religious Intolerance and Radicalisation ဟု အမည်ပေးထားပြီး မီဒီယာများတွင် ဖော်ပြသော ဇာတ်လမ်းများက မွတ်စလင်များအား ကြမ်းဖက်သမားများ သို့မဟုတ် အကြမ်းဖက်သမား ဖြစ်နိုင်ချေ ရှိသူများအဖြစ် ဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။

ရှိခ်ကမူ အကြမ်းဖက်လုပ်ရပ်များနှင့် အစ္စလာမ်၊ မွတ်စလင်တို့အကြား ဆက်နွယ်မှုဖြစ်စေသော စကားလုံးများနှင့် စကားစုများအား ကင်ညာမီဒီယာများတွင် အသုံးပြုနေမှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် `အစ္စလာမ့်မစ်အကြမ်းဖက်ဝါဒ´ `အစ္စလာမ်အစွန်းရောက်´ `အစ္စလာမ့်မစ်များ´ `မွတ်စလင်အစွန်းရောက်´ စသည့် စကားလုံးများက ရာဇ၀တ်မှုကို အစ္စလာမ်၊ မွတ်စလင်တို့နှင့် ဆက်စပ်ပေးခြင်းဖြစ်ပြီး အစ္စလာမ်ကြောက်ရောဂါကို မြှင့်တင်ရာ ရောက်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ကင်ညာအစိုးရနှင့် အလ်ရှာဘတ်တို့အကြား စစ်ပွဲကို အချို့သော သတင်းဌာနများက ခရစ်ယာန်နှင့် မွတ်စလင်များအကြားတွင် ဖြစ်ပွားသည့် ဘာသာရေးစစ်ပွဲ အဖြစ် ဖော်ပြကြသည်ဟု ကင်ညာ မီဒီယာကောင်စီမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုသို့ရေးသားမှုကြောင့် ဘာသာတရားနှင့် လူ့အဖွဲ့အစည်းကြား တင်းမာမှုနှင့် ပဋိပက္ခများကို ပိုမိုဆိုးဝါးစေသည်ဟုလည်း သတိပေးထားသည်။

`ထင်ရှားတဲ့ဇာတ်လမ်းကို မွတ်စလင်တွေဘက် တစ်ဖက်သက်တံဆိပ်ကပ်မှုနဲ့ အနားကွပ်ပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။ လေ့လာစောင့်ကြည့်ခဲ့တဲ့ တစ်ချို့ဇာတ်လမ်းတွေမှာဆို မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမား အဖြစ် ဖြစ်နိုင်ချေ ရှိသလိုမျိုး၊ နောက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်တဲ့စစ်ပွဲဟာ မွတ်စလင်နဲ့ ခရစ်ယာန်အကြား ဖြစ်တဲ့စစ်ပွဲလို ဖော်ပြတာမျိုးတွေ ပါပါတယ်´ ဟု ကင်ညာရှိ ပုံနှိပ်နှင့် အီလက်ထရောနစ် မီဒီယာများက အကြမ်းဖက်ဝါဒ ပြဿနာများအား ဖော်ပြမှု ကို လေ့လာ ဆန်းစစ်ပြီးနောက် ထုတ်ပြန်ခဲ့သော အဆိုပါ အစီရင်ခံစာ၏ နိဂုံးချုပ်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘသာရေး တင်းမာမှုနှင့် သည်းမခံမှုများကို မြင့်တင်ပေးသည့် အမုန်းဘက်နွယ်သော၊ သွေးဆူစေသော အမြင်များကို ဖယ်ရှားရန် ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်း စာမျက်နှာများ၌၎င်းတို့၏ ဇာတ်လမ်းများကို မီဒီယာများက မျှမျှတတ ဖော်ပြကြရန်လည်း အဆိုပါ အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ဆိုမာလီရှိ အလ်ရှာဘတ်များအား နှိမ်နင်းရန် ကင်ညာအစိုးရက စစ်တပ်များ စေလွှတ်ခြင်းကို မကျေနပ်သည့်အတွက် ကင်ညာနိုင်ငံအတွင်း အလ်ရှာဘတ်က အကြမ်းဖက် တိုက်ခိုက်မှုမျာ့း ပြုလုပ်ခဲ့ပြီးနောက် ကင်ညာနိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါမှာ မြင့်တက်လာခဲ့သည်။

OnIslam

Leave a Reply