6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၀၊ ၂၀၁၄
M-Media
10885448_818428778199594_1246368047238698744_n
– လူများစု၏ တာဝန်ဝတ္တရားကို ကျေပွန်သည့်အနေဖြင့် နိုက်ဂျီးရီးယားမြောက်ပိုင်း ကာဒူနာဒေသရှိ ခရစ်ယာန်များ၏ ခရစ္စမတ်ပွဲတော်များ လုံခြုံမှုရှိစေရန်အတွက် မွတ်စလင်လူငယ်များက ကာကွယ်ပေးခဲ့ကြသည်ဟု သိရသည်။

ထိုကဲ့သို့ ကာကွယ်ပေးမှုတွင် မွတ်စလင်လူငယ် ၂၀၀ ကျော် ပါဝင်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များ၏ ၀တ်ပြုဆုတောင်းမှုများ၊ ခရစ္စမတ်ပွဲတော် ဆင်နွှဲမှုများအတွင်း လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများ မခံရအောင် ဘုရားကျောင်း၏ ဘေး ပတ်ပတ်လည်တွင် ၀န်းရံ ကင်းစောင့်ပေးခဲ့ကြခြင်း ဖြစ်သည်။

`သူတို့ရဲ့ မေတ္တာတရားနဲ့ စောင့်ရှောက်မှုတွေကို ကျွန်တော်တို့ အရမ်းသဘောကျပါတယ်´ ဟု ကာဒူနာတောင်ဘက် ဆာဘွန် တက်စ်ဟာမြို့ရှိ ခရစ်ယာန်ဧ၀ံဂေလိအသင်းတော်မှ သင်းအုပ်ဆရာ ယိုဟာနာ ဘူရူက ပြောကြားခဲ့သည်။

အဆိုပါဒေသ၌ မကြာသေးမီကပင် ခရစ်ယာန်ဘုရားကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး ဘူရူကမူ နိုင်ငံအတွင်းရှိ မွတ်စလင်နှင့် ခရစ်ယာန်များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ခိုင်မာစေရန် ကြိုးစားဆောင်ရွက်နေသည့် အဆိုပါ လူငယ်များ၏ လုပ်ရပ်ကိုလည်း ချီးကျူးခဲ့ကြသည်။

ထို့ပြင် အခြားသောနိုင်ငံသားများကလည်း အဆိုပါ လုပ်ရပ်အား အတူယူရန် မျှော်လင့်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ ဘိုကိုဟရမ် လက်နက်ကိုင်အဖွဲ့ ကြီးစိုးရာ ဒေသဖြစ်ပြီး၊ အစိုးရအား မကျေနပ်သည့် ၎င်းတို့က ပြည်သူများအား ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိနေသည်။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းကလည်း ကာနိုရှိ ဗလီဝတ်ကျောင်းတော် တစ်ခုတွင် သောကြာနေ့ ၀တ်ပြုမှုအတွင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူအမျာအပြား သေဆုံးခဲ့ရသည်။

ယေရှုခရစ်တော်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ခရစ္စမတ်ပွဲတော်မှာ ခရစ်ယာန် ဘာသာဝင်များအတွက် အဓိကပွဲတော် တစ်ခုဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ သန်းခေါင်းယံ အချိန်မှာ ခရစ္စမတ်ကာလ၏ အမြင့်ဆုံးအချိန်ဖြစ်သည်။

မွတ်စလင်များမှာ ယေရှုသခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ)အား အလ္လာဟ်အရှင်မြတ်၏ တမန်တော်တစ်ပါးနှင့် မရ်ယမ်သခင်မ၏ သားတော်တစ်ပါးအဖြစ် ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်၏ သားတော်အဖြစ် ယုံကြည်ခြင်းမရှိပေ။

ကုရ်အာန်ကျမ်းတော်မြတ်တွင် ယေရှုသခင်အား တမန်တော် အီဆာဟု မှည့်ခေါ်ထားပြီး အလ်-မစီဟ် (the Christ) နှင့် မရ်ယမ်သခင်မ၏သား (Son of Mary) ဟုလည်း သုံးနှုန်းထားသည်။

နိုက်ဂျီးရီးယားရှိ သန်း ၁၄၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင် ၅၅ ရာခိုင်နှုန်းနှင့် ခရစ်ယာန်ဘာသာဝင် ၄၀ ရာခိုင်နှုန်းရှိနေသည်။

Ref : onislam

Tags:

Leave a Reply