6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဗြိတိန်နှင့်အခြားနိုင်ငံများက မြန်မာ့ ပြုပြင် ပြောင်းလဲရေးကိုစောင့်ကြည့်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

လန်ဒန်
ဇွန် ၂၁
source: washingtonpost

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံခေါင်းဆောင်များ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကတိက၀တ်များကို ဖြည့်ဆီးနေမှုအား ဗြိတိန် အပါအ၀င် အခြားမဟာမိတ်နိုင်ငံများက စောင့်ကြည့်နေကြရန် လိုအပ်ကြောင်းနှင့် သို့စောင့်ကြည့်ရာ၌ ဘေးမှနေ၍ အားပေးမှု သက်သက်မျှ ပြုလုပ်ခြင်းမျိုး မဟုတ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က သတိပေးပြောကြားလိုက်သည်။

လွန်ခဲ့သည့် ၄၉ နှစ်တာပတ်လုံး စစ်အုပ်ချုပ်ရေးအောက်၌ ကြင်လည်ခဲ့ရသည့် မြန်မာနိုင်ငံသည် မကြာသေးမီကမှ ဒီမိုကရေစီအသွင်ကူးပြောင်းနေပေရာ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်ထွန်းလာရေးအတွက် အရေးပါသည့် အကူအညီများ တခါတရံလိုအပ် လိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှပါလီမန်တွင် တင်ပြခဲ့သည့် သမိုင်းဝင်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

” အချိန်ကာလအတော်ကြာကပဲ အခွင့်အရေးများနဲ့ ကမ္ဘာပေါ်ရှိ ရာထူး ဌာန္တရများတို့မှာ လက်လွှတ်ဆုံးရှုံးနေကြရတဲ့ မြန်မာပြည်သူတွေဆီ ပိုမိုကောင်းမွန်တဲ့လူနေမှုဘ၀နဲ့ ပိုပြီး ကြီးမားတဲ့ အခွင့်အရေးတွေကို ဖန်တီးပေးမယ့် ပြုပြင်ပြောင်းလဲရေးအား အထောက်အပံ့ ပေးဖို့လိုအပ်ပါတယ်။ ကျမဒီနေရာမှာ ရောက်ရှိနေတာက လက်တွေ့ကျပြီး မိတ်သင်္ဂဟအဖြစ်နဲ့ သာတူညီမျှတရှိတဲ့ အကူအညီကို တောင်းခံဖို့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ”  ဟု ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်၏ ၁၁ ရာစု ၀က်စ်မင်စတာခန်းမတွင် ပြောကြားခဲ့သည်။”ကျမတို့ တိုင်းပြည်က ကောင်းမွန်တဲ့ အနာဂတ်ရှိတဲ့ ခရီးဆီ စတင်ဖို့ ရပ်တည်နေတယ်လို့ ကျမယုံကြည်ပါတယ်။

ဒါကြောင့် တောင်တန်းတွေကို တက်ဖို့ ကျန်သေးတယ်၊ ချောက်ကမ်းပါးတွေကို တံတားထိုးရမယ်၊ အခက်အခဲ အတားအဆီးတွေကို ထိုးဖောက်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ သူမကို ဗြိတိသျှပါလီမန် အမတ်များက ဂုဏ်ပြု လက်ခုပ်သံရှည်ဖြင့်လည်း ချီးမြှင့်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှနှင့် ကမ္ဘာ့နိုင်ငံများ၏ အကူအညီသည် မြန်မာနိုင်ငံအတွက် ရှေ့ခြေလှမ်း တော်တော်များများသို့ ရောက်ရှိစေကြောင်းလည်း ပြောကြားခဲ့သည်။ အထက်အောက်ပါလီမန်အမတ်များပါဝင်သည့် ၀က်စ်မင်စတာခန်းမတွင် အမျိုးသမီးတစ်ဦးအနေဖြင့် မိန့်ခွန်းပြောကြားဖူးသည်မှာ ဒေါ်အောင်ဆန်းစုကြည် မတိုင်မီ အဲလိဇဘက်ဘုရင်မ နံပါတ် ၂ သာရှိသေးကြောင်း၊ ထို့အတူ နိုင်ငံဥသျှောင်များသာ စကားပြောခွင့်ပေးသည့် ထိုဝက်စ်မင်စတာခန်းမကြီးတွင် အမေရိကန်သမ္မတ အိုဘာမား၊ ပုပ်ရဟန်းမင်း ဘနဒစ်နှင့် တောင်အာဖရိကသမ္မတဟောင်း နဲလ်ဆင်မင်ဒဲလားတို့ စကားပြောခွင့်ရခဲ့ကြဖူးသည်။

“ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန်အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီင်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။  ဒါ ဗြိတိန် ရာသီဥတုပါဘဲ။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

 

 

 

Tags:

Leave a Reply