6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

June 27, 2012 11:30 pm MMT
MMSY News
Yangon

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းများမှ ပစ္စည်းများကို ယနေ့ ဇွန်၂၇ ရက်နေ့မှ စတင်ပြီးရွှေ့ပြောင်းခိုင်းကြောင်း၊ ဆိုင်ရှိပစ္စည်များကို ရွှေ့ခိုင်းပြီးဆိုင်ခန်းသော့များအား ဈေးအာဏာပိုင်များမှ သိမ်းယူလိုက်ကြကြောင်းသိရှိရသည်။ စစ်တွေ မြို့မဈေးရှိ ဆိုင်ခန်းများ၏ ၃ ပုံ ၂ ပုံခန့်မှာ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် ဆိုင်ခန်းများ ဖြစ်ကြကြောင်း ၊ မိမိတို့ အဘိုး၊အဘွား၊ အဖေ၊အမေများ လက်ထက်ကတည်းကမှ စစ်တွေမြို့တွင်နေထိုင် လုပ်ကိုင်စားသောက်လာခဲ့ကြသူမျာ ဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးမှ  ပြောကြားပါသည်။

ယခုလို နှစ်ဘက် အပြန်အလှန်ဖြစ်ပွားသည့် ပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်ခန်းများအား အဓမ္မသိမ်းယူခြင်းမှာ တရားဥပဒေမဲ့ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများအား ဓါးပြတိုက်သည့် အသွင်ဆောင်ကြောင်း နိုင်ငံတော်အစိုးရအနေဖြင့် စစ်တွေမြို့အုပ်ချူပ်ရေး အာဏာပိုင်တို့၏ တရားဥပေဒေမဲ့ လုပ်ရပ်အား အမြန်ဆုံး တရားမျှတစွာ အရေးယူဖြေရှင်းပေးစေဖို့ အဆိုပါ စစ်တွေမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဆက်လက်ပြောကြားခဲ့ပါသည်။

နာဇီရွာ မီးလောင်ပျက်စီးသွားပြီးနောက် သက်ဆိုင်ရာမှ မြေတူးစက် ဘူဒိုဇာများဖြင့် အပျက်အစီးများ ရှင်းလင်းနေသည်ကို တွေ့ရစဉ်။
Photo-CJMyanmar

၎င်းက ဆက်ပြီးတော့ အစ္စလာမ်ဘာသာတွေ ရွာလုံးကျွတ်နေတဲ့  နာဇီရပ်ကွက်ဆိုရင် ယခု ကွင်းပြင်သာရှိတော့ကြောင်း၊ နာဇီဈေးဆိုလျှင်လဲ မီးရှို့ခံရပြီး မီးကြွင်းမီးကျန် ပစ္စည်းများကို ပင် ဘူဒိုဇာဖြင့်ထိုးပြီး အားလုံး အစဖျောက်ပစ်ကြောင်းပြောကြားခဲ့သည်။

အောင်မင်္ဂလာ(အင်ပါလာ) ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်များကို ဇွန် ၂⁠၂ရက် နံနက်က စစ်ကားများဖြင့် မြို့ပြင်ကျေးရွာများသို့ ရွှေ့ပြောင်းနေစဉ်
ဓာတ်ပုံ- ဥက္ကာကိုကို

 

ပြီးခဲ့သည့် ရက်များအတွင်း စစ်တွေ မြို့ပေါ်ရှိ မီးမလောင်ပဲ ကျန်ခဲ့သည့် ရပ်ကွက်များမှ အစ္စလာမ်ဘာသာဝင်များ အား စစ်တွေ မြို့ပြင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း ပြည်တွင်းအခြေစိုက် ဂျာနယ်များ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ကြပါသည်။

ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေသည့် မွတ်စလင်မ်ဒုက္ခသည်များမှာ အဆမတန်များပြားနေပြီး စားနပ်ရိက္ခာအခက်အခဲကြောင့် အစာရေစာပြတ်လပ်မှုနှင့် ဆေးဝါးအထောက်အပံ့ မရရှိမှုကြောင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။

အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များ စခန်းများသို့ ရိက္ခာအကူညီနှင့် သတင်းထောက်များ သွားရောက်မှုကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ကန့်သတ်ထားစဲဖြစ်သည်။

Leave a Reply