6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြန်မာ မွတ်စလင်တို့ ၏ ဒုက္ခများကို ကူညီ ၇ပ်တန့်ပေး၇န် ကမ္ဘာလုံးဆိုင်၇ာ အစ္စလာမ်အဖွဲ့အစည်း OIC မှ ဒေါ်အောင်ဆန်းစုကြည်ကို ပန်ကြား

5,July,2012

မူရင်း – http://www.onislam.net/english/news/asia-pacific/457864-suu-kyi-urged-to-end-myanmar-muslim-plight.html

ဘာသာပြန် – ဆောင်းသစ္စာ (စင်္ကာပူရ်)

အရှေ.တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရှိ လူနည်းစု မြန်မာမွတ်စလင်တို့၏ ဒုက္ခများကို ကူညီ၇ပ်တန့်ပေးပါ၇န် ကမ္ဘာလုံးဆိုင်၇ာ အစ္စလာမ်အဖွဲ့အစည်းကြီး Organization of Islamic Cooperation (OIC) မှ  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ ပန်ကြားလွှာကို ဇူလိုင် ၅-ရက်နေ့စွဲနဲ့ ပေးပို့ ထားပါတယ်။

အဲ့ဒီပန်ကြားလွှာမှာ OIC ရဲ.ဦးစီးဖြစ်တဲ့ Mr Ekmeleddin Ihsanoglu က “နိုဘယ် ငြိမ်းချမ်းရေးဆုရှင်တစ် ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကမ္ဘာကြီးရဲ.  အစစ်အမှန်ငြိမ်းချမ်းရေးကို မိမိရဲ.ပြည်တွင်း မှ စတင်မယ်လို့ မိမိတို.ယုံကြည်ကြောင်း” AFP သတင်းဌာနကို ကိုးကားသိရှိ၇ပါတယ်။

Mr Ekmeleddin Ihsanoglu က ဆက်လက်ပြီးတော့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အေ၇းပါတဲ့ အခန်းကဏ္ဍမှနေပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများကို အဆုံးသတ်အောင် ကြိုးစားလုပ်ဆောင်ပေးစေချင်ပါတယ်လို့ ပန်ကြားထားပါတယ်။

ပြီးခဲ.တဲ့လက တောင်ကုတ်မြို.မှာ ခရီးသွားကားပေါ်ပါ  မြန်မာမွတ်စလင် ၁၀-ဦး အကြမ်းဖက် အသတ်ခံ ခဲ.ရပြီးနောက်မှာ လူမျိုးရေး ဘာသာရေး အဓိကရုန်းပုံစံ အကြမ်းဖက်မှုများ ရခိုင်ပြည်နယ်အတွင်း ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြမ်းဖက်သတ်ဖြတ်မှုဟာ မွတ်စလင်လူငယ် ၃-ဦး မှ ရခိုင်ဗုဒ္ဓဘာသာ မိန်းကလေးတစ်ဦး အား မတ၇ား ပြုကျင့်တယ်လို့ စွပ်စွဲ၇ာမှ စတင်ခြင်းဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒါဇင်နဲ့ချီ လူများသေဆုံးပြီး၊ လူသောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ၇ခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားရစဲဖြစ်ပါ တယ်။ ဒီအဖြစ်အပျက်တွေကြောင့် ပြုပြင်ပြောင်းလဲရေးလိုလာသူ သမ္မတဦးသိန်းစိန်အတွက် ကြီမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

လူဦေ၇ ၅၃-သန်းရှိတဲ့ မြန်မာပြည်မှာ မြန်မာမွတ်စလင် လူဦးရေ ၅-ရာခိုင်နှုန်းခန့်ရှိပါတယ်။ မြန်မာနိုင်ငံအနောက် ဘက် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလို ခေါ်တွင်တဲ့ ဘင်ဂါလီမျိုးနွယ်စပ်  လူမျိုးစုဟာ မြန်မာပြည်မှာ အများဆုံး မွတ်စလင်မ်လူဦးရေဖြစ်ပါတယ်။ ၁၉၈၂ မှာ ပြောင်းလဲသွားတဲ့ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ပယ်ခွင့် ငြင်းပယ်ခံခဲ့ရပြီး မိမိကိုယ်ပိုင် နိုင်ငံမှာနေရင်းပင် ခိုးဝင်လာသူ များအဖြစ်လည်း ဆက်ဆံခံနေရပါတယ်။

မြန်မာအစိုးရအပါအ၀င် ဗုဒ္ဓဘာသာဝင်လူများစုဟာ “ ရိုဟင်ဂျာ” ဆိုတဲ့ စကားစုနဲ. ရိုဟင်ဂျာ လူမျိုးဖြစ်တည်မှုကို စဉ်ဆက်မပြတ် ငြင်းပယ်လာခဲ့ကြပါတယ်။

များမကြာမီက ဒေါ်အောင်ဆန်းစုကြည်ရဲ.ဥေ၇ာပတခွင် ဒီမိုကရေစီဂုဏ်ပြုခံ လှည့်လည်ခရီးစဉ်မှာ “ရိုဟင်ဂျာတွေဟာ နိုင်ငံသား ဖြစ်မဖြစ်” ဆိုတဲ့မေးခွန်းကို “သူမ မသိပါ”လို့ ဖြေကြားသွားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး  “ရိုဟင်ဂျာဆိုတဲ့ လူတွေအကြောင်းပြော၇င် ကျွန်မတို့အနေနဲ့ ဘယ်သူတွေအကြောင်း ပြောနေတယ်ဆိုတာသိပ်မသေချာ” ကြောင်းနဲ့ “အချို့ ကျတော့လည်း  ရိုဟင်ဂျာတွေဟာ  မြန်မာပြည်ရဲ.ဌာနေ တွေမဟုတ်ဘဲ တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်တလောခိုး ၀င်လာသူတွေဖြစ် တယ် ဆိုပြီး ပြောနေကြတယ်” ဆိုပြီး ဖြေကြားသွားခဲ့ပါသေးတယ်။

မြန်မာ မွတ်စလင်တို့ကို စနစ်တကျ နှိပ်ကွပ်ခြင်း

 ကမ္ဘာမွတ်စလင် ၅၇-နိုင်ငံ ပါဝင်ဖွဲ.စည်းထားတဲ. ကမ္ဘာလုံးဆိုင်၇ာ အစ္စလာမ်အဖွဲ့အစည်း ကြီးဖြစ်တဲ. OIC ၇ဲ.ဦးစီးခေါင်းဆောင်မှ ဆက်လက်ပြီး မြန်မာနိုင်ငံအစိုးရ အနေဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ဒေသအား  နိုင်ငံတကာစုံစမ်းစစ်ဆေးရေး အဖွဲ့ များ  လာရောက်ခွင့်ပြုပါ၇န်  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုက်တွန်းသင့်ကြောင်း ပြောကြားထားပါတယ်။

သူကဆက်လက်ပြီး ပြီးခဲ့တဲ့လကစပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ဒေသအား  ကမ္ဘာမီဒီယာသတင်းဌာနများနှင့် လူသားခြင်းဆိုင်၇ာ အကူအညီများပေးလျက်ရှိသော NGO အဖွဲ့အစည်းများကို ၀င်ေ၇ာက်ခွင့် ပြုပါရန် တိုက်တွန်းပြောကြားလိုက်ပါတယ်။

 Mr Ekmeleddin Ihsanoglu က အကြမ်းဖက် ဖျက်ဆီးခံ၇တဲ. မြန်မာမွတ်စလင် နှင်. ရိုဟင်ဂျာတို့၇ဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများအား အမြန်ဆုံး ပြန်လည်ပေးအပ်သင့်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။ ယခုလို ရိုဟင်ဂျာတို့အပေါ် အဆက်မပြတ် ပြင်းပြင်းထန်ထန်  အကြမ်းဖက်မှု ညှင်းပန်းနှိပ်စက်မှုများ ဖြစ်ပွားလျက်ရှိနေသည်ကို သူအနေနဲ့ အလွန်ပင်စိတ်ပူမိကြောင်း ဖော်ပြထားပါတယ်။

 ကုလသမဂ္ဂ၏ တရားဝင်မှတ်တမ်းများအရ ရိုဟင်ဂျာများသည် ကမ္ဘာပေါ်တွင် ညှင်းပန်းနှိပ်စက်မှု အခံ၇ဆုံးလူမျိုးစု၊ မြန်မာနိုင်ငံအတွင်း မြေယာပိုင်ဆိုင်ခွင့်မရှိသော လူမျိုးစု တစ်စုဖြစ်ပါတယ်။

ရိုဟင်ဂျာတွေရဲ့  အဆိုအရ သူတို့ဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ လွတ်လပ်စွာသွားလာ လှုပ်ရှားခွင့်တို့မှာ အလွန်အင်မတန်မှ ဖိနှိပ်ချုပ်ချယ်ခံထားရကြောင်း သိရှိရပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံရဲ့ဌာနေလူမျိုးစုတစ်ခုအဖြစ် ထာဝရ ငြင်းပယ်ခံခဲ့ရပြီး မြန်မာနိုင်ငံအစိုးရအဆက်ဆက် လက်ထက် လူအခွင့်အရေးမျိုးစုံ ချိုးဖောက်ခံကြရပါတယ်။

လူအခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်း စတဲ့ ဒုက္ခများမှ လွတ်ကင်းရန်အတွက် ထောင်နဲ့ချီတဲ့ မွတ်စလင်ရိုဟင်ဂျာတွေဟာ နှစ်စဉ် မြန်မာနိုင်ငံကနေ ထိုင်း၊ မလေးရှား နိုင်ငံများသို့ သစ်သားလှေများနဲ့  ခရီးနှင်ကာ၊ အန္တရာယ်များကြားမှ ပိုမိုကောင်းမွန်သော ဘ၀တစ်ခုရရှိဖို့   ကြိုးစားရှာဖွေလျက်ရှိပါတယ်။

Leave a Reply