6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

5,July,2012

Source: RFA

ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ခ်ျ မြန်မာနယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားအမြင်တွေကို သိနိုင်ဖို့အတွက် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ဖြစ်ပါသည်။ Photo-AFP

 

RFA – ရခိုင်ဒေသက ဒုက္ခသည်တွေကို ပြည်ခိုင်ဖြိုးပါတီက ဘယ်လို အကူအညီပေးနေတာ ရှိပါလဲ?
ဦးဋ္ဌေးဦး – အဲ – ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီထက်စာလို့ရှိရင် မြန်မာနိုင်ငံကို လက်ရှိစီမံခန့်ခွဲနေတဲ့အစိုးရပေါ့။ သူကူညီနေတဲ့ အပေါ်မူတည်ပြီး ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီကလည်းပဲ ပါဝင်ပြီးဆောင်ရွက်နေတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်လုပ်နေတဲ့အပေါ် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးတော့မှ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲလိုပဲ ကျွန်တော်ပြောချင်ပါတယ်။

RFA – အဲလိုကူညီတဲ့အခါမှာပေါ့လေ။ မွတ်စလင်မ်ဒုက္ခသည်တွေကိုပါ ကူညီတာမျိုးရှိပါသလား ခင်ဗျ?
ဦးဋ္ဌေးဦး – အဲ – ဒုက္ခသည်ဆိုရင် အကုန်လုံးကူပါတယ်။ ဒုက္ခသည်ဆိုတာ ဟိုဘက်က ဒုက္ခသည်၊ ဒီဘက်က ဒုက္ခသည်မဟုတ်ဘူး။ ကျွန်တော်တို့ ခုန ဖြစ်ပွားတဲ့ကိစ္စတွေမှာ ဒုက္ခရောက်သူတွေအားလုံးကိုပဲ ရည်မှန်းပြီးကူညီတာဖြစ်ပါတယ်။ လူမျိုးတွေခွဲပြီးတော့မှ ကူညီတာလည်းမဟုတ်ပါဘူး။ ဒုက္ခရောက်တဲ့ အတိုင်းအတာပေါ်မူတည်ပြီးတော့မှ အကုန်လုံးအတွက်ကို ကူညီပေးနေတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။

RFA – ဟုတ်ကဲ့ခင်ဗျ။ ရိုဟင်ဂျာဆိုတဲ့လူတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးဖြစ်တယ်ဆိုတာ ရိုဟင်ဂျာတွေဘက်က ပြောနေသလို၊ ရိုဟင်ဂျာဆိုတာ ဘင်္ဂါလီတွေသာဖြစ်တယ်လို့ ပြောနေတာတွေ ရှိပါတယ်။ အဲဒီတော့ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက ဘယ်လိုသဘောထားပါသလဲ ခင်ဗျ?
ဦးဋ္ဌေးဦး – အဲ – ကျွန်တော် … နိုင်ငံတော်ရဲ့အယူအဆအတိုင်း ကျွန်တော်တင်ပြချင်တာကတော့ … ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ဆီမှာ မရှိဘူး။ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာရောက်ရှိပြီးတော့မှ အခြေချနေထိုင်ကြသော မွတ်စလင်မ်ဘာသာကို ကိုးကွယ်တဲ့လူတွေရှိတယ်။ အဲဒီတော့ ဒီကိုးကွယ်တဲ့လူတွေက နှစ်ပေါင်းများစွာ ကျွန်တော်တို့နိုင်ငံမှာ အခြေချနေထိုင်တာ မှန်တယ်ဆိုရင် အဲဒီလူတွေကတော့ ကျွန်တော်တို့ နိုင်ငံသားဖြစ်ထိုက်တယ်။ ဒါကြောင့် နိုင်ငံသားဖြစ်ထိုက်တဲ့အတွက် ဒီလူတွေကိုတော့ ဒီအခွင့်အရေးရအောင် ဆောင်ရွက်ပေးမယ်လို့တော့ … ဒါ ကျွန်တော် သိရပါတယ်။ အဲဒီတော့ နာမည်တွေကတော့ သူတို့တွေ အငြင်းပွားနေဆဲဖြစ်ပါတယ်။ တချို့ကလည်း ရိုဟင်ဂျာပြောတယ်။ တချို့ကလည်း ဘင်္ဂါလီပြောတယ်။ အဲ … တချို့ကလည်း မွတ်စလင်မ်ကိုးကွယ်သော တိုင်းရင်းသားတွေဆိုပြီးတော့ ပြောတာတွေလည်းရှိပါတယ်။ အဲဒါတွေကတော့ အားလုံးညှိနှိုင်းပြီး စဉ်းစားပြီးဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါ
ကျွန်တော်တို့ တစ်ခုတည်းနဲ့လည်း မပြီးပါဘူး။

RFA – ရခိုင်ပြည်နယ်မှာ အခုလို အဓိကရုဏ်းတွေပေါ်လာရတာဟာ အရင် အစိုးရအဆက်ဆက်က နယ်စပ်ကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာမရှိဘူးတို့ နယ်စပ်ဝန်ထမ်းတွေက အကျင့်ပျက်လာဘ်စားတာကြောင့် အခုလိုပြဿနာတွေ ပိုပြီးကြီးထွားလာရတာလို့ ဝေဖန်တာတွေ ရှိပါတယ်။ ဦးဋ္ဌေးဦးတို့ရဲ့အမြင်ကရော ဘယ်လိုရှိသလဲ ခင်ဗျ ?
ဦးဋ္ဌေးဦး – အဲ – ကျွန်တော်ထင်တယ်။ အစိုးရအဆက်ဆက်က ဒီဥစ္စာကို လစ်လျူရှုခဲ့တယ်ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး။ အစိုးရအဆက်ဆက်ကနေ ကိုင်တွယ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ပိုပြီးကြီးထွားမလာအောင်၊ ပိုပြီးအမှန်ကန်ဆုံးဖြစ်အောင် အစိုးရအဆက်ဆက်က ကြိုးစားကြပါတယ်။ အဲတော့ ကြိုးစားတယ်ဆိုတဲ့နေရာမှာ တချို့သောဝန်ထမ်းတွေက ဒီလိုလုပ်ငန်းတွေဆောင်ရွက်တဲ့အချိန်မှာ ချို့ယွင်းအားနည်းမှုတွေလည်း ရှိနိုင်ပါတယ်။ အခုဖြစ်တဲ့ကိစ္စကတော့ ဒီပြဿနာနဲ့စာလို့ရှိရင် ကျွန်တော့်အမြင် ကျွန်တော် တင်ပြမယ်ဆိုလို့ရှိရင် ဖြစ်လာတာက ရာဇ၀တ်မှုသက်သက်ဖြစ်ပါတယ်။ ဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့မှ ကြီးထွားလာတဲ့သဘောကတော့ တချို့တွေလည်းပဲ လှုံ့ဆော်မှုတွေရှိလာနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ဒီဥစ္စာကို ကျွန်တော်တို့ အခုအခြေအနေမှာ ရှင်းလင်းပြီးဖြစ်တဲ့အတွက် အေးအေးချမ်းချမ်းလည်း ဖြစ်နေပါပြီ။ တချို့တွေ မျှော်လင့်ထားသလို ကျန်တဲ့နေရာတွေမှာပါ ဒီဥစ္စာတွေက ကူးစက်လာမယ်ဆိုတဲ့ဥစ္စာတွေလည်း မဖြစ်ပါဘူး။ အဲဒီတော့ ဖြစ်လာတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး အကောင်းဆုံးအခြေအနေကိုဖြစ်အောင် အားလုံးဝိုင်းပြီးတော့မှ ဆောင်ရွက်ရင်တော့ အမြန်ဆုံးပြီးမယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။

RFA – ဟုတ်ကဲ့။ ဒီနယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်လာရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကရော သူတို့မှာ ဘယ်လိုသဘောထားတွေရှိနေတယ်လို့ နားလည်ထားပါလဲ ခင်ဗျ ?
ဦးဋ္ဌေးဦး – အဲ – (၁) အချက်ကတော့ … ဒါတွေဟာ သူတို့နိုင်ငံသားတွေမဟုတ်ဘူးလို့ဘဲသူတို့သဘောထားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် သူတို့ဘက်ကို ရောက်မလာအောင် သူတို့လည်း တားပါတယ်။ သူတို့ဘက်မှာ တကယ်လို့ ရောက်လာမယ်ဆိုရင်လည်း မြန်မာနိုင်ငံကိုပြန်လည် ပို့ဆောင်နိုင်ဖို့အတွက်ကို ဒါ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ပဲ ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ပိုင်းကလည်း လတ်တလောကူးလာတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ဘက်မှာ နှစ်ပေါင်း များစွာကတည်းက နေခဲ့တယ်ဆိုလို့ရှိရင်လည်း ဒါ ပြီးပြတ်အောင် ကျွန်တော်တို့ဆောင်ရွက်ပေးနိုင်မယ်လို့ပဲ ကျွန်တော်ယုံပါတယ်။

RFA – အခုလို ဦးဋ္ဌေးဦးကြားပေးတဲ့အတွက် ဦးဋ္ဌေးဦး ကို အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျ။
ဦးဋ္ဌေးဦး – ကောင်းပါပြီခင်ဗျာ … ကောင်းပါပြီ။

 

( RFA နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေဦး အမေးအဖြေပြု လုပ်ထားတဲ့အတိုင်း MMSY Media မှ Type ရိုက်ပြီး ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။)

Leave a Reply