6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၈ ၂၀၁၂

M-Media
ရန်ကုန်၊

အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူစွတ်ကာလာ မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကူညီထောက်ပံ့ရေး ပစ္စည်များကို အင်ဒိုနီးရှားလေဆိပ်တွင် စစ်ဆေးနေစဉ် (သြဂုတ်လ၊ ၂၆)
ဓါတ်ပုံ-The Jakarta Post

ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီထောက်ပံ့ရာတွင် မြန်မာကြက်ခြေနီအသင်းနှင့် အင်ဒိုကြက်ခြေနီ အသင်းတို့ ပူးပေါင်းလုပ်ဆောင်မည်ဟု သိရသည်။

ယင်းသို့ အမျိုးသားအသင်း နှစ်သင်း ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို မြန်မာကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ နှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူစွတ်ကာလာတို့ စက်တင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား ကြက်ခြေနီအသင်းသည် မြန်မာ့ကြက်ခြေနီ အသင်းသို့ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများ၌ ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လုံချည် အထည် တစ်သောင်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းအစုံ ငါးရာ၊ စောင်အထည် သုံးထောင်ပါဝင်သော အလေးချိန် ခုနစ်ထောင် နှစ်ရာ့တစ်ကီလိုဂရမ်ရှိ ကယ်ဆယ်ရေးပစ္စည်း များ လှူဒါန်းထားပြီး ၄င်းအနက်မှ တချို့တစ်ဝက်ကို စက်တင်ဘာ ၁ ရက်က စစ်တွေမြို့ရှိ ကယ်ဆယ်ရေး စခန်းများသို့ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ ဆက်လက် ဖြန့်ဝေရန် လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

”ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်ချက်ပေါ် မူတည်ပြီး ထိခိုက်ခံရသူ အားလုံးကို ထောက်ပံ့သွားမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။

ရခိုင်ပြည်နယ်တွင်း မငြိမ်သက်မှုများ စတင်ခဲ့သည့် ဇွန်လ အစောပိုင်းကတည်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ် ကျရောက်လွယ်သော မြို့နယ် များရှိ ပြည်သူများအား ရှေးဦးပြုစု ခြင်း၊ သန့်ရှင်းသော သောက်ရေသန့် ရရှိရေး၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် အစား အသောက်၊ တာပေါ်လင်၊ စောင်၊ မီးဖိုဆောင်ပစ္စည်း အစရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအနေဖြင့် မိသားစု ပြန်လည် ဆက်သွယ်ပေးရေး ဝန်ဆောင်မှုမှတစ်ဆင့် မငြိမ်သက်မှုကြောင့် မိသားစုနှင့် ကွဲကွာနေသော ကလေးများနှင့် လူငယ်များအား မိသားစုနှင့် ပြန်လည် အဆက်အသွယ်ရအောင် ဆောင်ရွက်ပေးခဲ့သည်။
စစ်တွေတွင် ဒုက္ခသည် စခန်း ၁၃ ခုရှိပြီး ဒုက္ခသည် ၆၃၈၁၉ ဦး နေထိုင်လျက်ရှိကာ မောင်တောတွင် ဒုက္ခသည် ရွှေ့ပြောင်းဒုက္ခသည် စခန်းခုနစ်ခုတွင် နေထိုင်သူမှာ ၂၂၈၆ ဦးရှိကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ချစ်ဆုဆွေ

Source: ပေါ်ပြူလာ

Leave a Reply