6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၁၂၊ ၂၀၁၂

Source: မဇ္ဈိမ

စစ်တွေ (မဇ္ဈိမ) ။        ။ တူရကီနိုင်ငံသံအမတ်ကြီး Mr. HE . Murat Yavuz Ates ခေါင်းဆောင်သည့် အဖွဲ့ဝင် ၇ ဦးသည် ကြာသပတေးနေ့ နံနက်ပိုင်းက စစ်တွေမြို့သို့ သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အားများဖြင့် ကူညီရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် တူရကီ သံအမတ်က ပြောသွားခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ယာယီကယ်ဆယ်ရေးတဲများ အကူအညီပေးရန်ဆွေးနွေးခဲ့သည်။

Mr. HE . Murat Yavuz Ates နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင်း ကျောက်ဖြူမြို့နယ် မင်းဂံရွာသို့ သွားရောက်ခဲ့ပြီး ရခိုင်ဒုက္ခသည်များအတွက် ဆန်အိတ် ၈၀ နှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ယင်းအပြင် စစ်တွေမြို့နယ် သက္ကေပြင်ရွာရှိ ဒုက္ခသည်များအတွက်လည်း ဆန်အိတ် ၂၂၂၈ အိတ်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

တူရကီ သံအမတ်နှင့်အဖွဲ့သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည်။

တူရကီ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr Ahmet Davutoglu ဦးဆောင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့သည်လည်း သြဂုတ်လ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘောဒူဘ (ရိုဟင်ဂျာ ဒုက္ခသည်စခန်း)နှင့် မူဆလင်များ နေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်အပြင် ဆုတောင်းပြည့်ကျောင်းရှိ ရခိုင်မီးဘေးဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သေးသည်။

ယခုလ ၈ ရက်နေ့ကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Joe Yun၊ သံအမတ်ကြီး Mr DerekJ Mitchell ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Mr.Hans ten Feld တို့ ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးပါ သံတမန်အဖွဲ့သည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများ အခြေအနေကို သွားရောက်လေ့လာ ခဲ့သည်။

မောင်တော မြို့နယ် မောရဝတီကျေးရွာတွင် အခိုင်အမာအိမ် ခြောက်လုံး၊ ရွက်ဖျင်တဲ ၁၂၂ လုံး ဆောက်လုပ်ထားပြီး အလယ်သံကျော် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၄၆၃ ယောက်၊ ရွှေရင်အေး ကျေးရွာတွင် အခိုင်အမာအိမ် ၃၈ လုံး ယာယီ ရွက်ဖျင်တဲ ၇၉ လုံး ဆောက်လုပ်ထားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် အင်္ဂါနေ့ က ဖေါ်ပြထားသည်။

ယင်းအပြင် မောင်တောမြို့ ၄ မိုင်စခန်းနှင့် ပရဟိတ ကယ်ဆယ်ရေးစခန်းတို့တွင်လည်း အိမ်ထောင်စု ၇၆ စုနှင့် လူဦးရေ ၂၆၆ ဦးတို့ နေထိုင်လျက်ရှိသည်ဟု သတင်းစာက ဖေါ်ပြထားသည်။

ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပဋိပက္ခအတွင်း ၇၇ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။

Leave a Reply