6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၃၀၊ ၂၀၁၆
M-Media
မိုးစက်
U Than Myint Soe
သမိုင်းသင်ခန်းစာယူပြီး ယဉ်ကျေးတဲ့ သမိုင်းတွေကို ဖန်တီးနိုင်ရန်၊ ယဉ်ကျေးတဲ့ သမိုင်းတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် မျိုးဆက်သစ်တွေ အတုယူနိုင်စေဖို့အတွက် မျက်ဝန်းလင်းစေသူနှင့် ဘဝအလှဆင်သူတစ်ဦးဖြစ်တဲ့ ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို စာရေးဆရာ (၁၈) ဦးက စုပေါင်း ဂုဏ်ပြုရေးသားထားတဲ့ စာအုပ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

သာမန် ဈေးရောင်းလက်လုပ်လက်စား သမားများကို ကူညီသည့် အစီအစဉ်တစ်ခုဖြစ်သည့် ဆင်းရဲသူများဘဝ မြင့်တင်ရေးလုပ်ငန်းစဉ်၊ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းအဖြစ် လူမျိုးဘာသာမရွေး မျက်စိခွဲစိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်၊ အမျိုးသမီးများအတွက် နွေရာသီ အမျိုးသမီးစက်ချုပ် သင်တန်းဆိုပြီး လက်မှုပညာများကို သင်ကြားပေးသည့် လုပ်ငန်းစဉ်၊ ဒုက္ခရောက်နေတဲ့ သူများကို စွမ်းစွမ်းတမံ ကူညီခဲ့တဲ့ ဟာဂျီ ဦးသန်းမြင့်စိုးရဲ့ ဘဝခရီးလမ်းတစ်လျှောက် အကြောင်းအရာများကို “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” ဆိုသည့် စာအုပ်ထဲမှာ ရေးသားထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ ဖျာပုံက စာရေးဆရာ (၁၈) ယောက်လောက်က ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို အဆိုပါ စာအုပ်တွင် တစ်ယောက်တစ်မျိုး မတူညီအောင် ရေးသားထားကြသည်မှာ ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို စုံလင်စွာ သိရှိနိုင်ပါတယ်။

တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေနဲ့ ဒုက္ခဆင်းရဲ အကူညီလိုနေတဲ့ သူတွေကို သူဘယ်လို ကယ်တင်ခဲ့လဲ၊ မျက်စိခွဲစိတ် စမ်းသပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဘာကြောင့် သူလုပ်ဆောင်ခဲ့တာလဲ၊ ထိရောက်မယ့် အလှူတွေကို သူဘယ်လို ရွေးချယ်ပြီး လှူတန်းခဲ့လဲ၊  ဘာသာတရားရဲ့ အဆုံးအမအောက်မှာ သူ့အလှူအတန်းကို ဘယ်လို လုပ်ဆောင်ခဲ့လဲ၊ မျက်လုံးပေါင်းတစ်ထောင်ရှိသူလို့ သူ့ကို လူတွေက ဘာကြောင့်သတ်မှတ်ကြတာလဲ၊ သူကွယ်လွန်ခါနီး နောက်ဆုံးအချိန်ထိ သူလူသားအကျိုးပြုလုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်သွားသလဲဆိုတာ စာရေးဆရာကြီးများစွာ ရေးသားထားတဲ့ “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” ဆိုသည့် စာအုပ်ထဲမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ စာအုပ်ကို ကြယ်စင် မေတ္တာ သွေးလှူ ရှင်များ အသင်း နှင့် လူ မှု အခြေ ပြု အ ဖွဲ့ ( CBO ) ရိုက်နှိပ်ဖြန့်ချိတာဖြစ်ကြောင်း သိရှိရပါတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့ ၀၉-၃၃၀၄ ၇၈၂၆၊ ၀၉-၇၃၄၉ ၄၀၆၈၊ ၀၉-၄၃၁၀ ၄၃၅၉၊ ၀၉-၄၃၂၀ ၇၉၆၈၊ ၀၉-၄၀၂၆ ၂၃၀၅၈ ဖြစ်ပါတယ်။

“မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှ ဆင်သူ” အထုပတ္တိ စာအုပ်မှာ ” အနေတတ်၍ အသေမြတ်သူ ” ခေါင်းစဉ်ဖြင့် ပါဝင်ရေးသားထားတဲ့ ဆောင်းပါးရှင် အောင်သစ်(မန္တလေး) (ခ) အလင်းရောင်မှ ၄င်း၏ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန်းမြင့်စိုးအကြောင်း အကျဉ်းချူပ်ကို ပူးတွဲ၍ ဖော်ပြလိုက်ပါတယ်။

မျက်ဝန်းလင်းစေသူ (သို့) ဟာဂျီ ဦးသန်းမြင့်စိုး
——————————————-ပရဟိတ အလုပ်တွေကို မြန်မာနိုင်ငံ မှာ အသင်းအဖွဲ့တွေနဲ့လုပ်နေကြတာ တွေ့ရပါတယ်။တစ်ဦးတစ်ယောက် ထဲနဲ့ ပရဟိတ လုပ်နေသူအချို့ရှိတဲ့ အထဲက အများအကျိုးကို ထိထိ ရောက်ရောက် တစ်ယောက်ထဲနဲ့ထူး ထူးခြားခြားလုပ်သွားသူတစ်ဦး မန္တလေးမြို့ မှာ ရှိခဲ့ဖူးပါတယ်။အဲဒီလူ ဟာ အစ္စလာမ်ဘာသာဝင် ဟာဂျီ ကိုသန်းမြင့်စိုး ဖြစ်ပါတယ်။
.
တစ်နေ့မှာ ပါဝါမျက်မှန်ကို အမြဲ တပ်ဆင်နေရတဲ့ ကိုသန်းမြင့်စိုးဟာ ပါဝါမျက်မှန်ကိုချွတ်ပြီး ရေချိုးခန်းမှာ တစ်မိနစ်လောက် မျက်စိမှိတ်ထားရာ မှောင်မည်းနေတဲ့အတွက် ဘာအရာ ဝတ္ထုကိုမျှ မမြင်နိုင်တဲ့အဖြစ်ကို ဆိုက်ရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာ သူဟာ မျက်စိမမြင်တဲ့ သူတွေရဲ့ အဖြစ်ကိုစဉ်းစားမိပါတယ်။မျက်စိ မမြင်တာ ဘဝတစ်ခုလုံးဆုံးရှုံးစေ တာပဲလို့ စာနာနားလည်သွားပြီး မျက်စိမမြင်တဲ့လူ မျက်စိမှုန်တဲ့လူတွေကို မျက်စိအလင်းရအောင် ကူညီမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
.
ဟာဂျီကိုသန်းမြင့်စိုးဟာ မန္တလေး မြို့ ၃၅ လမ်း ၈၃ – ၈၄ လမ်းကြားမှာ Raleigh Sticker Shop ဆိုင်ကို ဖွင့်ပြီး စီးပွားရှာလို့ရတဲ့ ကိုယ်ပိုင် အမြတ်ငွေမှ မျက်စိမမြင်သူ များအား လူမျိုးဘာသာ မခွဲခြားဘဲ ခွဲစိတ်ခ အကုန်ကျခံလှူဒါန်းခဲ့တာ တစ်နှစ်ကို လူ ၂၀၀ နီးပါးမျှ မျက်စိ အလင်းရစေ ခဲ့ပါတယ်။သူ ဟာ မကွယ်လွန်မီ အချိန်ထိ မျက်စိမမြင်သူ လူဦးရေ ၁၀၀၀ ကျော်ခန့်ကို သူ့ကိုယ်ပိုင်ငွေ နဲ့ မျက်စိခွဲစိတ်ပေးပြီး အလင်းရစေခဲ့ ပါတယ်။မျက်စိလူနာများစွာကို စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီး မျက်စိခွဲစိတ်ဆရာဝန်မ ကြီး ဒေါက် တာ မေချိုချိုအေး နဲ့ ချိတ်ဆက်ကာ ခွဲစိတ် အလင်းရစေခဲ့ပါတယ်။အချို့ ကို မန္တလေး American visions မှ ဒေါက်တာ ဇော်ထွန်းလင်း နဲ့ ကျော် ဆေးခန်း မှာ ခွဲစိတ် အလင်းရ စေခဲ့ပါတယ်။ စာရေးဆရာ ကျော်ရင်မြင့် က ကိုသန်းမြင့်စိုးကို ဂုဏ်ပြုတဲ့ အနေနဲ့ ” မျက်လုံးပေါင်း တစ်ထောင် ရှိသူ ” ဆိုတဲ့ဆောင်းပါးကို ( ၆ – ၆ – ၂၀၀၈ ) နေ့ထုတ်”မော်ဒန် ” ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။
.
ကိုသန်းမြင့်စိုး ဟာ ရေနံ့သာ မှာ ရှိတဲ့ အနာကြီးရောဂါသည် လူ အယောက် ၂၀ ကိုလည်း မျက်စိ အလင်းရအောင် ဒေါက်တာဦးစိန်ဝင်း နဲ့ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။

ကိုသန်းမြင့်စိုးဟာ အလှူရေစက် လက်နဲ့မကွာ သူဖြစ်ပါတယ်။ နာဂစ်လေဘေးကျရောက်စဉ်က ဖျာပုံ မြို့ကို မန္တလေးမှ မွတ်စလင် အလှူရှင်များဖြစ်တဲ့ ဟာဂျီကိုအောင်ဇော်ဝင်း(စွမ်းအား လျှပ်စစ် )၊ ဟာဂျီ ဦးအောင်မြင့်ထွန်း ( Hi Tech )တို့ နဲ့ သိန်းငါးရာ တန်ဖိုးရှိ အစားအသောက် လူသုံးကုန်ပစ္စည်း များကို လေဘေးဒဏ် ဒုက္ခသည် လူမျိုးဘာသာမခွဲခြားဘဲ သွားရောက် လှူဒါန်းရာမှာလည်းပါဝင်ခဲ့ပါတယ်။ မေမြို့ (ပြင်ဦးလွင်) ဈေးကြီးထဲမှဈေး ဆိုင်ငယ်လေးများဟာ အရင်းအနှီး အတွက် ငွေတိုးချေးသူထံမှ မတန်တဆ အတိုးနဲ့လုပ်ကိုင်စား သောက်နေကြရတာကို ကိုသန်းမြင့်စိုး သိရှိတဲ့အခါမှာ အလွန်သနားပြီး မြို့ခံ ဦးညီညီရဲ့အကူအညီပေးမှု၊ ပံ့ ပိုးမှုနဲ့ ဈေးသည်များကို အတိုးမဲ့ချေး ငွေ ထုတ်ပေးကာ ဆင်းရဲဒုက္ခ ပြဿနာများအားပြေလည်စေခဲ့ပါတယ်။

ကိုသန်းမြင့်စိုးဟာ မန္တလေးမြို့ သစ် သင်ပန်းကုန်းက အလုပ်လက်မဲ့ မိန်းကလေးများကိုလည်း မိမိကိုယ်ပိုင်ငွေမှ ရင်းနှီး မတည်ကာ အပ်ချုပ်စက်များဝယ်ကာ fatimah foundation စက်ချုပ်သင်တန်းကို ဖွင့်လှစ်ထူထောင်သင်ကြားစေခဲ့တာ အောင်မြင်ခဲ့ပါတယ်။
လောက မှာသူတော်ကောင်း တွေဟာ အသက်တိုတယ်လို့ ဆိုချင် ပါတယ်။ဟာဂျီကိုသန်းမြင့်စိုး ဟာ သွေးကင်ဆာ ရောဂါကို သိန်းရာချီ အကုန်အကျခံကာ ကုသသော်လည်း ( ၁ – ၃ – ၂၀၁၁ ) အသက် ၅၇ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဇနီး ဟာဂျီမ ဒေါ်မြင့်မြင့်မော် နဲ့သား ဖြိုးအာကာ ဥက္ကာကျော်တို့ကျန်ရစ်ခဲ့ပါတယ်။

Leave a Reply