6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကမ္ဘာတစ်ဝှမ်းက လူပေါင်း၂သန်းကျော် ဟဂ်ျကာလအတောတွင်း မက္ကာနှင့် မဒီနာမြို့များတွင် အလ်ကိုင်ဒါ အစွန်းရောက်အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မှုများကို လုပ်ဆောင်မည့် အစီစဉ်ရှိကြောင်း ဆော်ဒီအာရေးဘီးယား ပြည်ထဲရေးဝန်ကြီး မင်းသားနာအိဖ် ကသတိပေးပြောဆိုလိုက်ပါသည်။ မည်သည့် အချိန် မည်သည့်နေရာ တွင်တိုက်ခိုက်မည်ဟု မင်းသားနာအိဖ်က တိကျသေချာစွာထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း ဖြစ်လာနိုင်ဖွယ်ရှိသော တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ် သွား မည် ဟု သတင်းထုတ်ပြန်ပါသည်။ အစွန်းရောက် အလ်ကိုင်ဒါအဖွဲ့အား ချေမှုန်းရေးတွင် ဆော်ဒီအာရေးဘီးယားသည် ရှေ့တန်းက တက်ြ ကွစွာ ပါဝင်ဆောင် ရွက် လျက် ရှိပါသည်။ အလ်ကိုင်ဒါအဖွဲ့သည်ဆော်ဒီဘုရင် မိသားစုအား ပစ်မှတ်အဖြစ်သတ်မှတ်ထားကြောင်းယခင်ကတည်းက သတိပေး ထားသည်။ ဟဂ်ျကာလအတွင်းတိုက်ခိုက်လာနိုင်သည့်သတင်းနှင့်ပတ်သက်ပြီး မက္ကာသို့လာရောက်ကြသော ခရီးသည်များကို တင်းကြပ် ထိန်းချုပ်ခြင်း များပြုလုပ်မည် မဟုတ်ကြောင်း မင်းသားနာအိဖ်က ပြောကြားခဲ့ပြီး ထောက်လှမ်းရေးတပ်ဖွဲ့များကိုအသင့်နေထားပြင်ထားကြောင်း အလ္လဟ်အရှင်မြတ်အလိုတော်နှင့် အနိဌါရုံဖြစ်ရပ် မဖြစ်ပွားနိုင်ကြောင်း သတင်းထောက်များ အားပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌါနက ပြောခွင့်ရသူက မင်းသားနာအိဖ်သည် အလ်ကိုင်ဒါနှင့်ပတ်သက်သည့် မည်သည်သတင်းအချက်အလက်ကိုမျှကိုးကားပြောကြားခဲ့ခြင်းမရှိကြောင်း အာဏာပိုင်များက ၀တ်ပြုလာသူများ၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူနိုင်ကြောင်း တုန့်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၅ရက်နေ့တွင် ဟဂ်ျကာလစတင်မည်ဟု ဆော်ဒီအာရေးဘီးယားက တရားဝင်ကြေငြာထားသည်။ Ap ,Awsat

Tags:

Leave a Reply