5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၄၊ ၂၀၁၈
M-Media

ကင်းလှည့်ကားနှင့် ကင်းလှည့်ဝတ်စုံ

– နယူးယောက်မြို့က အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်း လုံခြုံအောင် ကင်းလှည့်စောင့်ကြပ်ပေးမယ့် ကင်းလှည့်အဖွဲ့တစ်ခု ပေါ်ပေါက်လာခဲ့ပြီး မြို့တွင်းက ၃ ဖွဲ့မြောက် လူ့အဖွဲ့အစည်းအခြေပြု ကင်းလှည့်အဖွဲ့ ဖြစ်ပါတယ်။

မွတ်စလင်လူ့အဖွဲ့အစည်းကင်းလှည့်အဖွဲ့ (Muslim Community Patrol) လို့ ရေးသားထားတဲ့ ရဲကားပုံစံ ကင်းလှည့်ကားတစ်စီး နယူးယောက်တစ်ဝိုက် လှည့်လည်သွားလာနေတာကို အခုရက်ပိုင်းမှာ မြင်တွေ့လာရပြီး အထူးသဖြင့် အစ္စလာမ်ဘာသာဝင်အများစုရှိတဲံ ဘရွတ်ကလင်းမြို့က ဘေးရစ်ဂ်ျရပ်ကွက်မှာ ဖြစ်တယ်လို့ နယူးယောက်ပို့စ်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

နယူးယောက်မြို့မှာ လူ့အဖွဲ့အစည်းအခြေပြု ကင်းလှည့်အဖွဲ့ဟာ အရင်က နှစ်ခုရှိပြီး ဂျူးရပ်ကွက်မှာ လှည့်လည်စောင့်ကြပ်တဲ့ Shomrim အဖွဲ့နဲ့ အာရှသားတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာ စောင့်ကြပ်တဲ့ Brooklyn Asian Safety Patrol အဖွဲ့တို့  ဖြစ်ပါတယ်။

ကင်းလှည့်အဖွဲ့ဝင်တွေဟာ လက်နက်မကိုင်ကြဘဲ နယူးယောက်ရဲတပ်ဖွဲ့က သူတို့ကို ကင်းလှည့်စောင့်ကြည့်မှုဆိုင်ရာ သင်တန်းတွေ ပေးခဲ့ပါတယ်။

အဲဒီအဖွဲ့တွေရဲ့ အဓိကတာဝန်ဟာ သက်ဆိုင်ရာ ရပ်ကွက်တွေအတွင်း ဒုစရိုက်မှုတွေ မဖြစ်အောင် လှည့်လည်စောင့်ကြည့်ပေးတာဖြစ်ပြီး ထူးခြားမှုတစ်ခုခု ရှိလာတဲ့အခါ ရဲတပ်ဖွဲ့ကို အကြောင်းကြား အသိပေးတာ၊ အခင်းဖြစ်ရာနေရာမှာ ကူညီဆောင်ရွက်ပေးတာ စတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ကြပါတယ်။

ဒီ လူမှုအခြေပြု ကင်းလှည့်အဖွဲ့တွေဟာ မိမိတို့ရဲ့ နားနဲ့ မျက်စိတွေဖြစ်တယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ၂၀၁၄ ခုနှစ် Asian Safety Patrol ကင်းလှည့်အဖွဲ့ ဖွဲ့စည်းစဉ်က ပြောကြားခဲ့ပါတယ်။

Ref: New York Post

Comments are closed.