6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၅၊ ၂၀၂၀
M-Media

ဘွန်ဒစ်လီဂါ သမိုင်းမှတ်တမ်းသစ်တစ်ခုကို လီဝမ်ဒေါ့စကီး ရေးထိုး

ဘိုင်ယန်မြူးနစ်အသင်းက ဖရန့်ဖတ်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရတဲ့ မနေ့ကပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူး လီ၀မ်ဒေါ့စကီးဟာ ဂျာမန်ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ၅ ပွဲကစား ၁၀ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ အသင်းရဲ့ အအောင်မြင်ဆုံးရာသီတွေထဲကတစ်ခုဖြစ်တဲ့ မနှစ်က သူဟာ ဘိုင်ယန်အတွက် ​၄၇ ပွဲကစားပြီး ၅၅ ဂိုး သွင်းပေးခဲ့တာပါ။ စုစုပေါင်း အသင်းအတွက် ၂၉၇ ပွဲကစား ၂၅၆ ဂိုး သွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါပေမယ့် ဂျရဒ် မူလာရဲ့ ၅၆၃ ဂိုးစံချိန်ကို အသက် ၃၂ နှစ်အရွယ် လီဝမ်ဒေါ့စကီးတစ်ယောက် ချိုးဖျက်နိုင်ဖွယ် မရှိတော့ပါဘူး။

မသန်စွမ်းသူသူများအား ကူညီရေး စတာလင်က ရန်ပုံငွေတစ်ခု ထူထောင်မည်

မသန်စွမ်းကလေးငယ်တွေ လူမှုဘ၀တိုးတက်ရေးအတွက် ထောက်ပံ့ပေးနိုင်မယ့် ရန်ပုံငွေတစ်ရပ်ကို မန်စီးတီးတိုက်စစ်မှူး ရဟင်းစတာလင်က ထူထောင်ဖို့စီစဥ်နေပါတယ်။ စတာလင်ဟာ ကနဦး ပေါင်တစ်သန်းမတည်ကာ အသင်းနဲ့ စပွန်ဆာတွေက ထည့်၀င်မှုတွေပါ၀င်ရင် ပေါင် ၁၀ သန်းလောက်အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရန်ပုံငွေထူထောင်ရေးအတွက် လက်ရှိမှာ အသေးစိတ်ကို စီစဥ်နေပြီး ကျောင်းတက်ဖို့၊ အားကစားလိုက်စားဖို့အပါအ၀င် မသန်စွမ်းသူတွေအတွက် လိုအပ်တာတွေအားလုံးကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားမယ်လို့ စတာလင်က ပြောကြားခဲ့ပါတယ်။ ဂျမေကာမှာ မွေးဖွားခဲ့ပြီ ငယ်စဥ်ကတည်းက အဂ်လန်ကို မိဘတွေနဲ့အတူ ပြောင်းရွှေ့လာတဲ့ စတာလင်ဟာ လူမှုပြုပြင်ပြောင်းလဲရေးမှာ တက်တက်ကြွကြွ ပါ၀င်လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးကို လူသိရှင်ကြား ဆောင်ရွက်နသူလည်း ဖြစ်ပါတယ်။

Ref – Goal

Comments are closed.