6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၄၊ ၂၀၂၀
M-Media

လူစားလဲမှု စည်းမျဉ်းသစ်တစ်ခုကို အင်္ဂလန်တွင် ကျင့်သုံးမည်

လူစားဝင်ကစားသမား ၃ ဦး ပြည့်သွားပေမယ့် ဦးခေါင်းထိခိုက်တာမျိုးလို ပြင်းထန်တဲ့ဒဏ်ရာ ရချိန်မှာ နောက်ထပ် ကစားသမားတစ်ဦး လူစားလဲနိုင်မယ့် အစီအစဉ်ကို အင်္ဂလန်ဘောလုံးလောကမှာ လာမယ့်နှစ်ကစတင်ပြီး ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (Ifab) နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ အခုနှစ် နောက်ဆုံး ၂ လအတွင်း ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပြီး ဇန်နဝါရီမှာ စမ်းသပ်ကျင့်သုံးဖို့ စီစဉ်ထားပါတယ်။ ‘ဒဏ်ရာပြင်းထန်တဲ့ ကစားသမားအတွက် လူစားလဲရင် ပြိုင်ဘက်အသင်းကလည်း နောက်ထပ်ကစားသမားတစ်ဦး လူစားလဲခွင့်ရမယ်’ ဆိုတဲ့အချက်လည်း ပါဝင်ပြီး စည်းမျဉ်းကို အလွဲသုံးစားမပြုနိုင်ဖို့အတွက် ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို ၂၀၂၀ တိုကျိုအိုလံပစ်မှာ စတင်အသုံးပြုဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းထားရပါတယ်။

ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းကို မန်ယူငြင်း

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို မန်ယူအသင်းက ငြင်းဆိုလိုက်ပါတယ်။ လာမယ့်နှစ် လုပ်ခလစာကုန်ကျမှုကို လျှော့ချဖို့ စီစဥ်နေတဲ့ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး မန်ယူက ခေါ်ယူဖို့ တရား၀င်ကမ်းလှမ်းမှုတောင် လုပ်ဆောင်ထားတယ်လို့ အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့က သတင်းရင်းမြစ်တွေက အခုရက်ပိုင်းအတွင်းမှာ ဖော်ပြကြပါတယ်။ မန်ချက်စတာမြို့အခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ Manchester Evening News က မန်ယူဟာ မြင့်မားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးတွေကို ပေးချေလိုတဲ့ စိတ်ဆန္ဒမျိုး မရှိဘူးဆိုတာ သိရကြောင်း၊ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဂျာဒန်ဆန်ချိုကိုလည်း ဒီအချက်ကြောင့်ပဲ ခေါ်ယူဖို့ ဖြစ်လာမှာမဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

လောင်းကစားစွဲခဲ့သော်လည်း နောင်တမရဟု အာဆင်နယ် တိုက်စစ်မှူးဟောင်းပြော

လောင်းကစားစွဲမှုကနေစပြီး ဘောလုံးကစားသမဘ၀ ပျက်ဆီးတဲ့အထိ အမှားတွေ လုပ်မိခဲ့ပေမယ့် နောင်တမရဘူးလို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း နစ်ကလက်စ် ဘန်တနာက ပြောကြားလိုက်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ အာဆင်နယ်အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့တဲ့ ဘန်တနာဟာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ လောင်းကစားစွဲတာ၊ အွန်နရီလို စီနီယာကစားသမားမျိုးနဲ့ မကျေမလည်ဖြစ်တာ၊ ကြံ့ခိုင်ရေးကို ထိခိုက်စေနိုင်မယ့် ကားမတော်တဆမှုဖြစ်တာ၊ တက္ကဆီယဥ်မောင်းကို ကိုယ်ထိလက်ရောက်ပြုမူလို့ ဖမ်းဆီးခံရတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ပြီးတဲ့နောက် အာဆင်နယ်ကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာခဲ့ရကာ မထင်မရှား ကစားသမားဘ၀အဖြစ်နဲ့သာ ကျင်လည်ဖြတ်သန်းခဲ့ရပါတယ်။ ဘန်တနာက ပိုကောင်းတဲ့ လမ်းကြောင်းမျိုးကို လျှောက်လှမ်းသင့်ခဲ့ပေမယ့် လုပ်ဆောင်ခဲ့တာတွေအတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဘန်တနာဟာ သူ့ဘ၀ အထုပတ္တိ စာအုပ်ဖြစ်တဲ့ Both Sides ကို ရေးထားပါတယ်။

Ref : BBC

Comments are closed.