5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မွေး – ၁၉၁၈ ဒီဇင်ဘာလ ၂၅
မွေးဖွားရာနေရာ – အီဂျစ်နိုင်ငံ ၊ တာလာဒေသ
ကွယ်လွန် – ၁၉၈၁ အောက်တိုဘာလ ၆
လူသိများရသည့်အကြောင်းရင်း – ၁၉၇၀ မှ ၁၉၈၁ ခုနှစ်ထိ အီဂျစ်သမ္မတ တာဝန်ထမ်းဆောင်ခဲ့။

အန်ဝါရ် အလ် ဆာဒက် သည် ၁၉၇၀ မှ လုပ်ကြံမခံရမီ ၁၉၈၁ ထိ အီဂျစ်သမ္မတတာဝန်ထမ်း ဆောင်ခဲ့သည်။ သူသည် နိုင်ငံရေးအာဏာကို အီဂျစ်သမ္မတဟောင်း ဂမားလ် အဗ္ဗဒလ်နာဆာနှင့် မိတ်ဖက်အနေဖြင့် ရရှိလာခြင်းဖြစ်ပြီး အဗ္ဗဒလ်နာဆာအစိုးရသည် ၁၉၅၂တွင် ဗြိတိသျှတို့၏ ကိုလိုနီစနစ်အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်သော အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားခဲ့သည်။

အန်ဝါရ် အလ် ဆာဒက် သည် ၁၉၃၈ တွင် ကိုင်ရိုစစ်ဘက်ဆိုင်ရာအကယ်ဒမီမှ ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးလျှင်ပြီးခြင်း ကိုလိုနီစနစ်အား ဆန့်ကျင်တော်လှန်မှုတွင် ပါဝင်ခဲ့ပြီး ကနဦးတွင် သူ၏ရည်ရွယ်ချက်အား ဟစ်တလာကို ဗြိတိသျှရန်သူအနေဖြင့် ရှုမြင်သည်နှင့် ဟစ်တလာအား ထောက်ခံမှုတွင် ဦးတည်ခဲ့သည်။

သူသည် ၁၉၄၀ပြည့်လွန်နှစ်များတွင် ဗြိတိသျှအစိုးရအားဆန့်ကျင်မှုဖြင့် ထောင်ထဲတွင်သာနေခဲ့ရပြီး ၁၉၅၄တွင် နာဆာအာဏာရလာပြီး အစိုးရအသစ်ဖွဲသည်နှင့် ထိုအစိုးရအဖွဲ့တွင် အာဏာရလာခဲ့သည်။ ဤသို့ဖြင့် အစိုးရအဖွဲ့၏ ရာထူးကြီးများတွင်တာဝန်ထမ်းဆောင်ရင်း ၁၉၅၄၊ အောက်တိုဘာတွင် သမ္မတဖြစ်လာခဲ့သည်။

၁၉၆၇ တွင်ဖြစ်ပွားခဲ့သည့် ၆ ရက်ကြာသော စစ်ပွဲတွင် ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်ရယူရန် ၁၉၇၃တွင် ဆာဒက်က အစ္စရေးအားတိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ထိုသို့ဖြင့် သူ၏တပ်များသည် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ်ချုပ်ဆိုနိုင်ရန်အထိ အင်အားတောင့်တင်းကြောင်း ပြသနိုင်ခဲ့လေသည်။


ဆာဒက်သည် အစ္စရေးနှင့် ငြိမ်းချမ်းရေးရယူရန်လိုလားကြောင်းပြသခဲ့ပြီး စေ့စပ်ဆွေးနွေးရေးအတွက် အမေရိကန်သမ္မတ ဂျီမီကာတာအား အကူအညီပေးရန် စည်းရုံးနိုင်ခဲ့သည်။

ထိုသို့ဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုရလဒ်အဖြစ် အမေရိကန်ပိုင် ဒေးဗစ်စခန်းတွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ထိုသည့်အတွက် ၁၉၇၈ တွင် သူ့အား အစ္စရေးသမ္မတ မီနာချမ် ဘီဂင်နှင့်အတူ နိုဘယ်ဆုချီးမြှင့်ခံရသည်


“Peace is much more precious than a piece of land… let there be no more wars.” ~ Mohamed Anwar El Sadat

” ငြိမ်းချမ်းရေးဆိုတာက ကိုယ်ပိုင်မြေဧက တစ်စိတ်တစ်ဒေသ (ပိုင်ဆိုင်ရတာ) ထက်ပိုပြီး တန်ဖိုးကြီးတယ်၊ ( ဒါကြောင့် ) ဖြစ်ပျက်လာမယ့် စစ်ကြီးတွေ ပပျောက်အောင် ဆောင်ရွက်ကြပါ။ ” (အန်ဝါရ် အလ် ဆာဒက်)

အန်ဝါရ် အလ် ဆာဒက် အားသူရဲကောင်းတစ်ဦးဟု ခေါ်ဆိုရန် အဘက်ဘက်မှထိုက်တန်နေပေသည်။ ၁၉၇၃ အောက်တိုဘာ၌ ဆိုင်းနိုင်းကျွန်းဆွယ်အား အစ္စရေးတို့ နှစ်ပေါင်းများစွာသိမ်းပိုင်ထားသည့်ကြားမှ ပိုင်ရှင်အစစ်အမှန်ဖြစ်သည့် အီဂျစ်တို့ထံ ရောက်ရှိအောင် စွမ်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။

သူသည် အစ္စရေးတို့ထံသို့ အီဂျစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် ရဲဝံ့တည်ကြည်စွာ ၀င်ရောက်ခဲ့သည်သာမက အစ္စရေးနှင့် အီဂျစ်အကြား ၃နှစ်တိုင်ဖြစ်ပွားလျက်ရှိနေခဲ့သည့် စစ်ပွဲအား အဆုံးသတ်စေပြီး ငြိမ်းချမ်းရေးရအောင်ပြုလုပ်နိုင်ခဲ့လေသည်။

ထို့ပြင် သူသည် အီဂျစ်နိုင်ငံအတွက် တံခါးဖွင့်ဝါဒကို ကျင့်သုံးစေနိုင်ခဲ့သည့်ပြင် ထိုသည့်အတွက် လူအများသည် လူုမှုရေးကဏ္ဍအားလုံးနှင့် စီးပွားရေး ၊ ကုန်သွယ်ရေးကဏ္ဍများတွင်ပါ ပါဝင်ကျင်လည်လာနိုင်သည်။

သူသည် အမြင်ကျယ်ပြီး နှလုံးရည်ပြည့်ဝသူတစ်ဦးလည်းဖြစ်သည်။ ဆင်းရဲမွဲတေနေသည့်ဘ၀ ၊ စစ်သားဘ၀ ၊ နုံခြာလှသည့် ကိုယ်ပိုင်စီးပွားရေးသမားဘ၀နှင့် နိုင်ငံ့ဥသျှောင်ဘ၀တို့တွင် ကျင်လည်ခဲ့ဖူးသူလည်းဖြစ်သည်။ ထောင်ထဲတွင် ဘ၀ကျင်လည်ဖူး သူဖြစ်၍ မိမိကိုယ်မိမိ ကောင်းစွာဆင်ခြင်သုံးသပ်နိုင်သူလည်းဖြစ်သည်။

သူ၏ ကမ္ဘာ့နိုင်ငံရေးကျွမ်းကျင်မှုက သူ့ကိုယ်ပိုင်မြေအတွက် ရှေ့ကနဦးကျသည့် အနာဂတ်အရေးကို ဖြောင်ဖြူးစေလေသည်။ သူ၏ရည်ရွယ် ချက်အထမြောက်ရေးအတွက်ဆောင်ရွက်ရာ၌ သူသည် ကိုယ်ပိုင်ဘ၀ကို စတေးခဲ့သည့်ပြင် အဆုံးဖြစ်သည့် ၁၉၈၁ တွင် လုပ်ကြံခံခဲ့ ရလေသည်။ သူသာ နှစ်အနည်းငယ်ပို၍အသက်ရှင်ခဲ့ပါသော် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး၏ နိုင်ငံရေးမူဝါဒအား ပြောင်းလဲပစ်နိုင်မည် မှာ မလွဲမသွေပင်ဖြစ်တော့သည်။

ref : http://www.myhero.com/myhero/hero.asp?hero=A_Sadat_cac_EG_2009

Become a Fan of Anwar Al Sadat on Facebook –

http://www.facebook.com/AnwarElSadat?v=feed&story_fbid=15467528…

Leave a Reply