6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၃၀၊ ၂၀၂၃

M-Media


-စကော့တလန်လွှတ်တော်ဟာ နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်အဖြစ် မွတ်စလင်တစ်ဦးကို အင်္ဂါနေ့က ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ဟမ်ဇာ ယူဆွဖ်ဖြစ်ပြီး စကော့တလန်ရဲ့ ပထမဆုံး လူဖြူမဟုတ်တဲ့ခေါင်းဆောင်၊ အနောက်တိုင်းဒီမိုကရက်တစ်နိုင်ငံတွေထဲက ပထမဆုံး မွတ်စလင်ခေါင်းဆောင်အဖြစ် မှတ်တမ်း၀င်ပါတယ်။ 

အာဏာရ စကော့တစ်အမျိုးသားပါတီရဲ့ ခေါင်းဆောင်အဖြစ် တနင်္လာနေ့က ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး နောက်တစ်ရက်မှာပဲ ၀န်ကြီးချုပ် ဖြစ်လာတာပါ။  

လူဦးရေ ၅.၅ သန်းရှိတဲ့ စကော့တလန်ဟာ ယူကေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာ အမြောက်အများ ရရှိထားတဲ့ ဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူကေကနေ ခွဲထွက်ဖို့ စကော့တလန်အစိုးရဟာ တစ်စိုက်မတ်မတ် ကြိုးပမ်းလာပါတယ်။ 

ပါတီခေါင်းဆောင်အဖြစ် လက်ခံကြောင်း ပြောကြားတဲ့ မိန့်ခွန်းမှာ ယူဆွဖ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အရင် ပါကစ္စတန်ကနေ စကော့တလန်ကို ပြောင်းရွှေ့လာတဲ့ အဖိုး၊ အဖွားတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

“ပြောင်းရွှေ့အခြေချသူတွေအဖြစ် ဒီနိုင်ငံကို ရောက်လာတဲ့အချိန် အင်္ဂလိပ်စကား တစ်လုံးတောင် သေချာမတတ်တဲ့ ကျွန်တော့် ဘိုးဘွားတွေဟာ တစ်နေ့ကျရင် သူတို့ရဲ့မြေးက စကော့တလန်ရဲ့ခေါင်းဆောင် ဖြစ်လိမ့်မယ်ဆိုတာ စဥ်းတောင်စဥ်းစားမိမှာ မဟုတ်ပါဘူး။ ပန်ဂျပ်ကနေ လွှတ်တော်အထိ ရောက်လာခဲ့တဲ့ မျိုးဆက်နဲ့ချီကြာတဲ့ ဒီခရီးဟာ တိုင်းပြည်အတွက် အကျိုးပြုခဲ့ကြတဲ့ ပြောင်းရွှေ့အခြေချသူတွေကို ထွေးပွေးဖို့ ကျွန်တော်တို့ကို အသိပေးနေတာလည်း ဖြစ်ပါတယ်”

ဘ၀ဖြတ်သန်းမှု

————–

ယူဆွဖ်ကို ၁၉၈၅ ခုနှစ်က ဂလက်စကိုမြို့မှာ မွေးပါတယ်။ ဖခင်မိသားစုက ပါကစ္စတန်ကဖြစ်ပြီး မိခင်မိသားစုက အရှေ့အာဖရိကမှာရှိတဲ့ တောင်အာရှအသိုင်းအ၀ိုင်းကပါ။ 

မူလတန်းစတက်တဲ့အချိန်တုန်းက အတန်းထဲမှာ လူဖြူမဟုတ်တဲ့သူဆိုလို့ သူရယ်၊ နောက်တစ်ယောက်ရယ် ၂ ယောက်သာ ရှိတယ်လို့ ယူဆွဖ်က ပြောပါတယ်။

အထက်တန်းအောင်ပြီးတဲ့နောက် ဂလက်စကိုတက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး၊ နောက်ပိုင်းမှာ ရှေ့နေလိုင်းပြောင်းခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ စကော့တလန်အမျိုးသားပါတီ (SNP) ကို ၀င်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ်။ 

ကျန်းမာရေး၀န်ကြီးနေရာအပါအ၀င် စကော့တလန်အစိုးရမှာ နေရာအများအပြား တာ၀န်ထမ်းဆောင်ခဲ့ပြီး အခုလို ၀န်ကြီးချုပ် ဖြစ်လာတာပါ။ 

အတိုက်အခံလေဘာပါတီခေါင်းဆောင် အနက်စ် ဆာရ်၀ါကိုယ်တိုင် ယူဆွဖ်ရဲ့ အောင်မြင်မှုဟာ စကော့တလန်ရဲ့ ထူးခြားတဲ့ အခိုင်အတန့်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ 

ယူဆွဖ်ဟာ ယူကေကနေ စကော့တလန်ခွဲထွက်ရေး ထောက်ခံသူလည်း ဖြစ်ပါတယ်။ 

“စကော့တလန်ပြည်သူတွေဟာ လွတ်လပ်ရေးကို ဘယ်တုန်းနဲ့မှ မတူတဲ့အနေအထားမျိုးတဲ့ လိုအပ်နေပါတယ်။ ကျွန်တော်တို့မျိုးဆက်ဟာ လွတ်လပ်ရေးရယူပေးတဲ့မျိုးဆက် ဖြစ်လာပါလိမ့်မယ်” လို့ SNP ခေါင်းဆောင်အဖြစ် ပထမဆုံးမိန့်ခွန်းမှာ ယူဆွဖ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

Ref: AFP

Comments are closed.