5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၅၊ ၂၀၂၃
M-Media

ပရိုဘ၀

အသက် ၁၆ နှစ်ရောက်တော့ အပြောင်းအလဲတွေက မြန်မြန်ဆန်ဆန် ဖြစ်လာပါတယ်။ ကျွန်တော် ပရိုကစားသမား ဖြစ်လာပြီ။ အဖေက အလုပ်ကအနားယူကာ ကျွန်တော်နဲ့တွဲပြီး အလုပ်လုပ်ပါတယ်။

ဆန်းတို့စ် (လူငယ်)အသင်းနဲ့ ရာသီပြီးဆုံးတော့မယ့်အချိန် ၂၀၁၇ ခုနှစ် နို၀င်ဘာမှာ အသင်းကြီးနည်းပြ အီလာနိုက ဖုန်းဆက်လာတယ်။

“သူရဲကောင်းလေး။ အဆင်ပြေရဲ့လား။ ဒီတစ်ပတ် မင်း ငါတို့ဆီမှာ လေ့ကျင့်ရေးလာလုပ်မလား”

ကျွန်တော် ကြောင်သွားတယ်

“တကယ်ကြီးလား”

ဘုရားကျေးဇူးကြောင့်ပဲ ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အသင်းကြီးရဲ့ နောက်ပွဲအတွက် လူစာရင်းကို အ၀တ်လဲခန်းမှာ တစ်ရက် သူတို့လာကပ်တယ်။ ကျွန်တော့်နာမည် ပါလာပါတယ်။

လူစာရင်းကို ဓာတ်ပုံရိုက်ပြီး အဖေ့ဆီ ကျွန်တော်ပို့လိုက်တယ်။ အဖေက ငိုတော့တာပဲ။

ရက်အနည်းငယ်ကြာတော့ ဆန်းတို့စ်နဲ့ အသလက်တီကို မီနီရိုပွဲ ကစားရတယ်။ မီးရှူးမီးပန်းတွေ အကြီးအကျယ် ပစ်လွှတ်နေကြတဲ့ လူအုပ်ကြီးအကြား အသင်းဘတ်စ်ကားက ဖြတ်မောင်းသွားတယ်။

ပျော်ရွှင်မြူးထူးပြီး သီးချင်းတွေ အော်ဆိုနေကြတဲ့ ဒီလူအုပ်ထဲမှာ ကျွန်တော့်အဖေနဲ့ ဦးလေးတွေကို ကျွန်တော် တွေ့ပါတယ်။

Belmiro (ဆန်းတို့စ်အသင်း၏ အိမ်ကွင်း) ထဲမှာ အုပ်အော်သောင်းနင်းပဲ။

ပွဲမှာ ရော်ဘင်ဟိုပါတယ်။ အရံခုံမှာ ထိုင်နေရတာနဲ့တင် ကျွန်တော် ပျော်နေပါတယ်။ ပွဲပြီးကာနီးမှာ အီလာနိုက ကျွန်တော့်ကို ကြည့်လိုက်တယ်။ အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်နေပြီ။

“သူငါ့ကို ထည့်ကစားတော့မယ်ထင်တယ်”

ပြောရရင် ကြောက်လည်းကြောက်ပါတယ်။

ပရိတ်သတ်တွေက ကျွန်တော့်နာမည်ကို သံပြိုင်အော်နေကြတယ်။ ဒီမြင်ကွင်းကိုကြည့်ရတာ အရမ်းကြည်နူးဖို့ ကောင်းပါတယ်။

“အခုတော့ ဘာမှမတောင်းဆိုကြပါနဲ့အုံး” ကျွန်တော် တွေးလိုက်မိတယ်။

တစ်မိနစ်လောက်ပဲ ကစားလိုက်ရတယ်။ ဘောလုံးတောင် မထိလိုက်ဘူးထင်တယ်။ အဲဒီလို ၀င်ကစားရတာကိုက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ။

နောက်ရာသီအစမှာ Copa Libertadores ဖလားပွဲအဖြစ် နာစီယွန်နယ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရတယ်။ ကျွန်တော့်အသက်က ၁၇ နှစ်ရှိပါပြီ။

ဒီပွဲကစားဖို့အတွက် ကျွန်တော် ကျောင်းပြေးခဲ့ရပါတယ်။ ပွဲစပြီး သိပ်မကြာခင် ဘယ်တောင်ပံမှာ ကျွန်တော် ဘောလုံးရတယ်။ ကစားသမားနှစ်ယောက်ကို လိမ်ခေါက်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ ကျွန်တော် ဂိုးသွင်းလိုက်နိုင်တယ်။ ကျွန်တော်သွင်းခဲ့ အလှဆုံးဂိုးတွေထဲက တစ်ဂိုးပါပဲ။

ပွဲအပြီးမှာ ကျောင်းက ဆရာတွေကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်။

ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် ကျောင်းပြေးခဲ့တာ မဟုတ်လား။

(ဆက်ရန်……)

Comments are closed.