5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၃၊ ၂၀၂၃

M-Media 

ဘရာဇီးလ်အသင်းကြီးက ခေါ်ယူပြီ 

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ တီတီ(ဘရာဇီးလ်နည်းပြ) က အသင်းလူစာရင်း ထုတ်ပြန်ဖို့ ရှိတယ်။ ကျွန်တော် အမှတ်မထားမိဘူး။ အိမ်အပေါ်ဆုံးထပ်မှာ ကျွန်တော်က အိပ်ပျော်နေပြီး သူငယ်ချင်းတစ်ချို့က အောက်ထပ်မှာ လူစာရင်းကြေငြာတာကို တီဗီက ကြည့်နေကြတယ်။ အဖေနဲ့ အမေက ကျွန်တော့် ညီမလေးကို သွားကြိုတယ်။ 

ရုတ်တရက် အော်သံတစ်ခု ကျွန်တော် ကြားလိုက်ရတယ်။ 

“၀ိုး…….” 

ကျွန်တော်က ဘာဖြစ်တာလဲပေါ့။ ဘာမှန်းလည်း မသိဘူး။ 

ဆက်အိပ်နေလိုက်တယ်။ 

ကျွန်တော်ဖုန်းက မြည်လာပြန်တယ်။ အဖေ။ 

အဖေဘာဖြစ်လို့ ဖုန်းခေါ်တာလဲ။ 

ဖုန်းကိုင်လိုက်တယ်။ ဘာမှန်းလဲ သေချာမသိဘူး။

“ဟုတ် အဖေ”

“ကွန်ဂရက်ကျူလေးရှင်း သား” 

ကျွန်တော်က ငါ့မွေးနေ့များလား။ ဘာလုပ်ရမလဲပေါ့ 

“မင်းလူစာရင်းပါလာတာကွ” အဖေက ပြောပါတယ်။ 

“ဘာကြီးလဲအဖေ။ မနက်ဖြန် ဘာပွဲမှ မရှိဘူးလေ” 

“ဘရာဇီးလ်အသင်းမှာလေကွာ” အသံ၀င်သွားအောင် အဖေက အော်ပြောလိုက်တယ်။ 

အာ သိပြီ သိပြီ

ကျွန်တော် သတိရသွားပြီ။ အောက်ထပ်ကို ပြေးဆင်းသွားတယ်။ တီတီစကားပြောနေတာကို တီဗီမှာ မြင်နေရတုန်း။ သူငယ်ချင်းတွေကို ကျွန်တော် ဖက်လိုက်တယ်။ 

အဖေနဲ့အမေ အိမ်ပြန်လာတဲ့အချိန်မှာ အောင်ပွဲအကြီးအကျယ် လုပ်ခဲ့ကြပါတယ်။ 

ယုံမလားတော့မသိဘူး။ ဘရာဇီးလ်အသင်းအတွက် အရွေးခံရတဲ့အချိန်မှာ ကျွန်တော်က အိပ်နေတာဗျ။ 

လေ့ကျင့်ရေးရောက်သွားတဲ့အခါ ကျွန်တော့် သူရဲကောင်းတွေနဲ့ အကုန် ဆုံခဲ့ရပါတယ်။ ရီးယဲလ်မက်ဒရစ်မှာ နေ့တိုင်းမြင်နေကြ ကက်စမဲရိုးတောင် ဘရာဇီးလ်အင်္ကျီနဲ့ တစ်မူထူးခြားနေပါတယ်။ 

မိက်ဆက်ပွဲက တော်တော်မလွယ်ဘူးဗျ။ အားလုံးရှေ့ထွက်ပြီး နာမည်၊ မွေးသက္ကရာဇ်ပြောရတယ်။ သီချင်းဆိုပြရတယ်။ ကျွန်တော်ဆို အသံတွေပါတုန်တယ်။ 

“မင်္ဂလာပါ။ ကျွန်တော် ရော်ဒရီဂိုပါ” 

“ဘယ်က ရော်ဒရီဂိုလဲကွ။ မင်းကို ငါတို့မသိဘူး” တဲ့

တော်တော်နောက်တဲ့လူတွေဗျာ 

ကံကောင်းလို့ အကြောင်းလှတာပါ

ကံတရားအကြောင်းကိုတော့ ထည့်ပြောရမယ်ဗျ။ ကံကို လူတိုင်းမယုံဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘ၀မှာ ကံကြမ္မာကြောင့်မဟုတ်ရင် တစ်ချို့ကိစ္စတွေက ဖြစ်လာစရာ မရှိပါဘူး။ 

(၂၀၂၂ ခုနှစ်) ချန်ပီယံလိဂ်ဖလားရတဲ့ ကိစ္စမျိုးဆိုရင် ကံတရားကြောင့်ဆိုတာကလွဲပြီး တစ်ခြား ရှင်းပြစရာ မရှိပါဘူး။ 

(ကိုဗစ်အချိန်) ပရိတ်သတ်တွေ မရှိတာ၊ ဘာနေဗျူး(ရီးယဲလ်ကွင်း)မှာ မကစားရတာတွေဟာ တော်တော်ကို နေရထိုင်ရ ခက်စေတယ်ဆိုတာ အမှန်ပါပဲ။ 

ကပ်ဆိုးကြီးပြီးသွားပြီ။ ကျွန်တော်တို့ ကွင်းထဲပြန်ရောက်လာတယ်။ ဂျာစီအဖြူတွေ၀တ်ကြ။ အသင်းဂုဏ်ပြုသီချင်းတွေဆိုကြ။ စာရွက်ထဲမှာ ပလန်တွေဆွဲကြ။ 

ပရိတ်သတ်တွေဆိုရင် ကျွန်တော်တို့စီးလာတဲ့ဘတ်စ်ကား ကွင်းထဲ၀င်သွားတဲ့အထိ လိုက်ပြီး အော်ဟစ်အားပေးကြတာ။ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆိုတာ ခွဲလို့မရဘူး။ အချစ်ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ။ နဖူးစာ ပါလာပြီးသားလို့လည်း ပြောလို့ရပါတယ်။ 

(၁၆ သင်းအဆင့်မှာ) ဘင်ဖီကာနဲ့ ကစားရဖို့ ရှိနေတာ။ ဒါပေမယ့် မဲပြန်ခွဲတယ်။ 

“ပီအက်စ်ဂျီနဲ့ကျရင်တော့ သေပြီဟေ့” လို့ ကျွန်တော် တွေးမိလိုက်သေးတယ်။ အဲဒီအတိုင်း ဖြစ်လာတာပါပဲ။ ပဲရစ်မှာ ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်။ ဘာနေဗျူးကပွဲမှာ အမ်ဘက်ပေက တစ်ဂိုးသွင်းလိုက်ပြီး ၂ ပွဲပေါင်း ၂ ဂိုး သုည ဖြစ်တယ်။ သေပြီ။

ဘင်ဇီမာရှိနေတာက ကျွန်တော်တို့ကို ဘုရားမတာပဲ။ (ဟက်ထရစ်အဖြစ်) တတိယအလုံးသွင်းလိုက်တာကို ကျွန်တော်တို့တောင် မယုံနိုင်ဘူး။ 

ရှုံးထွက်အဆင့်တိုင်းမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ (ကွာတားမှာ) ချယ်ဆီးကို အ၀ေးကွင်း ၃ ဂိုး ၁ ဂိုးနဲ့ ကျွန်တော်တို့ နိုင်ထားပေမယ့် ဒုတိယအကျော့မှာ ၃ ဂိုးပြတ်ရှုံးနေတယ်။ 

ကျွန်တော်က အရန်ခုံမှာ။ ကာလို(အန်ဆယ်လော့တီ)က ကျွန်တော့်ကိုခေါ်ပြီး “ပွဲအဖြေကို ပြောင်းလိုက်” လို့ ပြောတယ်။ 

ကွင်းထဲ၀င်ပြီး သိပ်မကြာဘူး လူကာ(မိုဒရစ်) က ကျွန်တော့်ကို ကြည့်လိုက်တယ်။ ဘောလုံးကလာပြီ။ ကျွန်တော် ပိတ်တယ်။ ဂိုးပါတယ်။ 

“ကျေးဇူးပဲ ဂိုဏ်းချုပ်ကြီး” 

အဲဒီအလုံးက ပုံမှန်ဆို အ၀ေးထောင့် (ညာဖက်ထောင့်) ကို ကန်မယ်လို့ပဲ ဂိုးသမားတွေက ထင်တာ။ ကျွန်တော်က ထောင့်ကျဥ်း (ဘယ်ဖက်ထောင့်) ကို ကန်လိုက်တယ်။ ဘာ့ကြောင့် ကန်မိလိုက်လဲ ကျွန်တော်မသိပါဘူး။ 

တစ်ချို့တွေက ကျွန်တော်တို့ ကံကောင်းလို့ နိုင်တယ်လို့ ပြောကြတယ်။ ချယ်ဆီးကလည်း ကျွန်တော်တို့ကိုဖြုတ်ဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ မြွေကိုသတ်ချင်ရင် ခေါင်းကို ရွေးထုရမယ် မဟုတ်လား။ 

မန်စီးတီးနဲ့ (ဆီမီးဖိုင်နယ်) ပွဲကတော့ ထူးထူးခြားခြားပါပဲ။ ပထမအကျော့ (အ၀ေးပွဲ)ပြီးကာနီး ကရင်(ဘန်ဇီမာ)က ပင်နယ်တီကန်ဖို့ လုပ်နေတဲ့အချိန် ကျွန်တော်တို့အားလုံး အရန်ခုံမှာ ရင်တမမပဲ။ (ဒီပွဲမတိုင်ခင်) အိုဆာဆူနာနဲ့ပွဲမှာ ပင်နယ်တီ ၂ လုံးကို သူမ၀င်ခဲ့ဘူးမဟုတ်လား။ 

သူ ပါနန်ကာ(ဘောလုံးကိုကျော့်သွင်းခြင်း) ကစ်လိမ့်မယ်လို့  တစ်ယောက်ယောက်က ပြောလိုက်သေးတယ်။ ထရိန်နင်မှာ ကရင်က ဒါကို  လေ့ကျင့်နေတာ။ သူအဲဒီလို ကျော့်ပြီးသွင်းလိုက်တော့ ကျွန်တော်တို့ ယုံတောင်မယုံနိုင်ခဲ့ဘူး။ 

“ခင်ဗျားကြီး ရူများနေသလားဗျာ” လို့ နောက်ပိုင်း ကျွန်တော်ကပြောတော့ သူက ရယ်ပါတယ်။

ဆရာကြီးတွေက နည်းနည်းလွတ်တတ်ပါတယ်။ 

ဘာနေဗျူးမှာ နောက်တစ်ကျော့ကန်ရမယ်ဆိုတော့ (အ၀ေးကွင်းမှာ) ၄ ဂိုး ၃ ဂိုးနဲ့ရှုံးတာက အနိုင်ရသလိုပါပဲ။ အိမ်ကွင်းမှာ တစ်ဂိုးသွင်းတာနဲ့ တက်ပြီမဟုတ်လား။ 

ဒါပေမယ့် ဒုတိယပိုင်းမှာ မန်စီးတီးက ၁ ဂိုးထည့်ပြီး နှစ်ပွဲပေါင်း ၅ ဂိုး ၃ ဂိုးဖြစ်သွားတယ်။ ကာလို(အန်ဆယ်လော့တီ)က ကျွန်တော့်ကို ခေါ်ပြီ။ 

“ပွဲအဖြေပြောင်းလိုက်တော့”

ကျွန်တော် ချေပဂိုးသွင်းလိုက်တဲ့အချိန် ပွဲပြီးဖို့ စက္ကန့် ၄၀ သာ လိုပါတော့တယ်။ ပွဲပြန်စတယ်။ နာကျင်အချိန်ပို ၆ မိနစ် ရပါတယ်။ 

ဘာနေဗျူးကတော့ အုံးအုံးထနေတာပဲ။ စက္ကန့်ပိုင်းအကြာမှာ ဒါနီ (ကာဗာဟာ) က ဂိုးရှေ့ဖြတ်တင်ဖို့လုပ်တယ်။ ကျွန်တော်က ဂိုးဧရိယာထဲကို ရောက်တာစောသွားတယ်။ ဒါပေမယ့် နောက်ခံလူတစ်ယောက်က ကျွန်တော့်ကို တွန်းထုတ်လိုက်တော့ ကျွန်တော် သူ့နောက်ရောက်သွားတယ်။ ဒါနီက လှမ်းတင်လိုက်တဲ့အခါ…

ကျွန်တော် ခုန်လိုက်တယ်။ ခုန်ရမှာပဲလေ။

(အရှေ့က) အဆန်ဆီယိုကလည်း ခုန်တယ်။ ဘောလုံးက သူ့ခေါင်းနဲ့ ရှပ်ထိပြီး ကျွန်တော့်ဆီရောက်လာတယ်။ အချိန်ကိုက် တိုက်လိုက်ပါတယ်။ 

ဂိုးပြီ။ 

ရီးယဲလ်မက်ဒရစ် ၂-၁ မန်စီးတီး 

ဟုတ်မှဟုတ်ရဲ့လား။

ဘာလုပ်လို့ဘာကိုင်ရမှန်း ဘယ်သူမှ မသိကြဘူး။ ကလေးတွေလိုပဲ ကျွန်တော်တို့ ပျော်မြူးနေကြတယ်။ အရန်ခုံကလူတွေလည်း ကွင်းထဲအထိ ရောက်လာတယ်။ ဘာနေဗျူးကတော့ အုပ်အော်သောင်းနင်းပါပဲ။ မိနစ်ပိုင်းအရင်ကမှ တီဗီစခရင်မှာ ဖိုင်နယ်ရောက်နိုင်ချေကို ပြထားတာ။

စီးတီး – ၉၉ ရာခိုင်နှုန်း 

မက်ဒရစ် – ၁ ရာခိုင်နှုန်း 

အဲဒီညမှာ ဘုရားသခင်က ကျွန်တော့်ကြည့်ပြီး “ဒီနေ့တော့ မင်းရဲ့နေ့ပဲ” လို့ ပြောလိုက်တာများလား။ ကျွန်တော်တွေးမိပါတယ်။ 

နှစ်ကျော့ပေါင်း ၆ ဂိုးစီ သရေဖြစ်နေပြီ။ ဒါပေမယ့် သူတို့ ရှုံးသွားပါပြီ။ သူတို့မျက်နှာမှာ အရှုံးကိုမြင်နေရတယ်။ ကျွန်တော်တို့ နောက်တစ်ဂိုး သွင်းရုံပါပဲ။ သွင်းနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းကောင်းတစ်ခုကို ပြောပြတဲ့အခါမှာ တစ်ခါတစ်လေ ကျွန်တော်တို့ ကျိုးကြောင်း ဆက်စပ်ပြရတယ်။ ဗျူဟာဘယ်လိုခင်းလဲဆိုတာတွေ ပြောရတယ်။ 

ဒါမျိုး(မန်စီးတီးကိုနိုင်တဲ့ပွဲ)ကြတော့ ရှင်းပြလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နားမလည်ပါဘူး။ 

ဖိုင်နယ် လီဗာပူးလ်နဲ့ပွဲမှာလည်း ရိုးရိုးသားသားပြောရရင် သူတို့က ကျွန်တော်တို့ထက် ပိုကောင်းပါတယ်။ ဒါပေမယ့် ဖိုင်နယ်ဆိုရင် မက်ဒရစ်သာနိုင်မယ်ဆိုတာမျိုး ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ရဲ့လျှို့၀ှက်ချက်က စိတ်ဓာတ်ပါပဲ။ 

ကမ်းရောက်တဲ့အထိ ကူးသွားမယ်။ ကမ်းပေါ်ရောက်မှ သေချင်သေပါစေ။ 

ပရိတ်သတ်တွေကတော့ “ဟာစတာ အီ ဖီနာလ် (လှေခွက်ချည်းကျန် အလံမလှဲ)” လို့ ဆိုကြလေရဲ့။ 

Ref: The Players Tribune

Comments are closed.