7 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
11 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
11 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၅၊ ၂၀၁၆

M-Media
ရာဇာ တင်ဆက်သည်
arab music tools

Classic အာရပ်တူရိယာများ

– ဂီတဟာ ဘာသာစကားလိုပဲ တိုက်ကြီးတွေ၊ နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေ၊ လူမျိုးတွေနဲ့ ဓလေ့ထုံးတမ်း သဘာဝတွေကို ကျော်လွန်ကာ လူတစ်ဦးနဲ့တစ်ဦးကို ထိတွေ့ ဆက်သွယ်နိုင်စွမ်း ရှိပါတယ်။ ၂၀ ရာစု အနုပညာရှင်တွေ၊ အဆိုတော်တွေအနေနဲ့ သူ့တို့ရဲ့ အတတ်ပညာဟာ ၉ ရာစုက အရှေ့အလယ်ပိုင်း မွတ်စလင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကနေ အရင်းတည်လာတယ်ဆိုတာ သိမှသိပါလေစ။

အဲဒီမွတ်စလင် အနုပညာရှင်တွေ- အထူးသဖြင့် အလ်-ကင်ဒီ (Al-Kindi) ဟာ ဂီတကိုဖော်ကျူးတဲ့ စနစ်ဖြစ်တဲ့ ဂီတသင်္ကေတတွေကို စတင် အသုံးပြုခဲ့သူ ဖြစ်ပါတယ်။ သူတို့တွေဟာ ဂီတကို ဖော်ကျူးတဲ့နေရာမှာ သာမန်အက္ခရာတွေအစား ဆိုလ်မိုက်ဇေးရှင်း (Solmization) လို့ခေါ်တဲ့ အသံနေအသံထားဖော်ကျူးတဲ့ သင်္ကေတတွေကို ဖော်ထုတ်အသုံးပြုခဲ့ပါတယ်။ အဲဒီသင်္ကေတတွေဟာ ဒီနေ့ခေတ် ဂီတရဲ့ အခြေခံသဘောတရားတွေ ဖြစ်လို့နေပါပြီ။ ကျွန်တော်တို့ အားလုံး ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ စတာတွေနဲ့ ရင်းနှီးနေကြပါပြီ။

ဒီ အသံသင်္ကေတတွေရဲ့ ကနဦးဟာ အာရဘီ ဗျည်းအက္ခရာတွေဖြစ်တဲ့ ဒါလ်၊ ရာ၊ မင်မ်၊ ဖာ၊ ဆွာဒ်၊ လာမ်၊ ဆင်န် တို့ ဖြစ်ပါတယ်။ ဒီအက္ခရာတွေကို ကြည့်ရင် ဒီနေ့ခေတ် ဂီတအခြေခံ အသံသင်္ကေတတွေနဲ့ တော်တော်လေးသွားတူနေတယ်ဆိုတာ တွေ့မြင်နိုင်ပြီး ၉ ရာစုကတည်းက အာရဘီဗျည်းတွေကို အသံသင်္ကေတအဖြစ် စတင်အသုံပြုခဲ့တယ်ဆိုတာ အံ့သြစရာပါပဲ။

3RWUrRHHSXCeT9K2h9SABFdV

သီချင်ရေးသားသီကုံးမှု၊ စည်းဝါးဆိုင်ရာနှင့် ပတ်သက်၍ ကာမာနီ ခီဒီရ် အဂ္ဂါ (Kamani Khidir Aga) က ၁၈ ရာစုတွင် ရေးသားခဲ့သည့် တက်ဖ်ဟင်မ် အလ်-မာကွာမတ် (Tafhim ak-maquamat) ကျမ်း လက်ရေးမူမှ ကွီတာရာ (ဂစ်တာ) ပုံ

ဂီတပညာရှင်ကြီး အလ်-ကင်ဒီ နောက်ပိုင်း နှစ်ပေါင်း ၇၀ အကြာမှာတော့ အလ်-ဖာရာဘီ (Al-Farabi) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ တယောမိသားစုရဲ့ ရှေ့ပြေးဖြစ်တဲ့ ရာဘာဘာဟ် (Rababah) နဲ့ ကွာနန် (Qanun-ဗျတ်စောင်း) ကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး အလ်-ဖာရာဘီဟာ ကျမ်းကြီး ၅ စောင်ကို ရေးသားပြုစုခဲ့ပြီး အဲဒီအထဲမှာ ဂီတရဲ့ သီအိုရီ သဘောတရားတွေကို ဖော်ကျူးထားတဲ့ ဂီတပညာကျမ်းကြီး (The Great Book of Music) ဟာ အပြောင်အမြောက်ဆုံး လက်ရာ ဖြစ်ပါတယ်။ ၁၂ ရာစုလောက်မှာတော့ ဒီကျမ်းကြီးကို ဟီဘရူးဘာသာ ပြန်ဆိုခဲ့ပြီး၊ နောက်ပိုင်းမှာ လက်တင်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အလ်-ဖာရာဘီနဲ့ သူ့ရဲ့ ဂီတပညာဆိုင်ရာ စာအုပ်တွေရဲ့ လွှမ်းမိုးမှုဟာ ၁၆ ရာစုအထိ ဆက်လက် ရှိနေခဲ့ပါတယ်။

လှည့်လည်သွားလာနေတဲ့ ဂီတပညာရှင်တွေ၊ ကုန်သည်တွေနဲ့ ခရီးသွားသူတွေဟာ အာရဘီဂီတကို ဥရောပဆီ ရောက်ရှိစေခဲ့ပါတယ်။ ပြီးတော့ ဒါကပဲ မွတ်စလင်တွေရဲ့ နှစ်ပေါင်း ၈၀၀ အုပ်ချုပ်မှုအောက်မှာ စပိန်နဲ့ ပေါ်တူဂီက ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ်ကို လူတစ်လုံးသူတစ်လုံး ဖြစ်စေခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အစောဆုံး ဥပမာတွေထဲက တစ်ခုကတော့ ကွန်တီဂက်စ် ဒီ ဆန်တာ မာရီယာ (Contigas di Santa Maria) လို့ခေါ်တဲ့ တေးပေါင်းချုပ်ကြီးထဲမှာ တွေ့မြင်နိုင်ပါတယ်။ ကက်စတီလာ (Castilla) နဲ့ အာရဂွန် (Aragon) ပြည့်ရှင်ဘုရင် အလ်ဖွန်ဆို ၁၀ အလ် ဆာဘီယို (Alfonso X el Sabio) အမိန့်တော်မှတ်မှုနဲ့အတူ ၁၂၅၂ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ အဲဒီလက်ရာတွေထဲမှာ မယ်တော် မေရီ (Virgin Mary) နဲ့ ပတ်သက်တဲ့ ဓမ္မတေး ၄၁၅ ပုဒ် ပါဝင်ပါတယ်။

အဲဒီအထဲက တော်တော်များများဟာ ဥရောပကို ပြန့်နှံ့သွားခဲ့တဲ့ ဂီတအသစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းကို ခံခဲ့ရပါတယ်။ ဆန်တာ မာရီယာ တေးပေါင်းချုပ်ကြီးကို ဖန်တီးမှုအပေါ်မှာ တော်တော်လေး လွှမ်းမိုးမှုရှိခဲ့တာကတော့ မည်းနက်တဲ့အသား၊ ချိုသာတဲ့အသံကြောင့် ဇီရ်ယဘ် (မဟူရာငှက်) လို့ အမည်ပြောင်ပေးခြင်းခံရတဲ့ မွတ်စလင်ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ သူဟာ ဘဂ္ဂဒတ်က နာမည်ကျော် ဂီတပညာရှင်ကြီးတစ်ဦးရဲ့ ပါရမီရှင် တပည့်ဖြစ်ခဲ့ပြီး ဂီတအပေါ် သူ့ရဲ့ ပါရမီနဲ့ ကျွမ်းကျင်လိမ္မာမှုက တစ်ဖြည်းဖြည်းနဲ့ ဆရာကိုတောင် ကျော်တက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် အိုမိုင်ယဒ် (Umayyad) ခလီဖာဟာ သူ့ကို အန်ဒါလူစီယာ (စပိန်တွင်ရှိသည်) ကို ဖိတ်ခေါ်ပြီး ချီးမြှင့်မြှောက်စားခဲ့ပါတယ်။

သက္ကရာဇ် ၈၂၂ ခုနှစ် အူမိုင်ယဒ် ခလီဖာရဲ့သား ဘုရင် အဘ်ဒဲလ် အလ်-ရဟ်မန် ၂ (Abd al-Rahman II) လက်ထက်မှာ ဇီရ်ယဘ်ဟာ ကော်ဒိုဘာနန်းတော်မှာ အခြေကျခဲ့ပါတယ်။ အဲဒီအချိန်ကနေစလို့ ဇီရ်ယဘ်တစ်ယောက် သူ့ရဲ့ အနုပညာစွမ်းရည်တွေကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီး တစ်လကို ရွှေဒင်္ဂါး ၂၀၀ နဲ့ အဆောင်အယောင်၊ ခံစားခွင့် အများအပြားရတဲ့ နန်းတွင်းက ဂီတပညာရှင်တစ်ဦး ဖြစ်လာပါတော့တယ်။

Al-Farabi

၁၀ ရာစုမှ စွယ်စုံရ မွတ်စလင် ဂီတပညာရှင်ကြီး အလ်-ဖာရာဘီ

အနုပညာဘက်မှာ ဇီရ်ယဘ်ရဲ့အောင်မြင်မှုဟာ ပြောမကုန်နိုင်အောင်ရှိပြီး အဲဒီအထဲမှာ စည်းဝါးနဲ့ တေးရေးဖွဲ့နည်းတွေကို သင်ကြားပေးတဲ့ ကော်ဒိုဘာက ဂီတအနုပညာသင်ကျောင်း တည်ထောင်မှုလည်း ပါဝင်ပါတယ်။ ဇီရ်ယဘ်ဟာ အာရပ်ဗျတ်စောင်း အလ်-လုဒ် (Al-Lud) ကိုလည်း ဥရောပနဲ့ မိတ်ဆက်ပေးခဲ့ပြီး အဲဒီဗျတ်စောင်းမှာ အနိမ့်သံ ကြိုးတစ်ကြိုး ထပ်မံထည့်သွင်းမှု၊ သစ်သားနဲ့ လုပ်ငန်းထားတဲ့ ပက်ထရမ်နေရာမှာ လင်းတရဲ့ ဆူးတောင်နဲ့ လုပ်ထားတဲ့ ပက်ထရမ်ကို အစားထိုးတာ စတဲ့မွမ်းမံမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ရစ်သမ်ပိုင်းဆိုင်ရာ မူဘောင်တွေကို သတ်မှတ်ပေးခြင်းအားဖြင့် ဂီတသီအိုရီတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။

ပြင်သစ်က ၂၀ ရာစု သမိုင်းပညာရှင် ဟင်နရီ တာရက်ဆီက ဇီရ်ယဘ်ရဲ့ အနုပညာ ပါရမီနဲ့ ပတ်သက်ပြီး ဒီလို မှတ်ချက်ပြုခဲ့ပါတယ်။

“ဒီအရှေ့တိုင်းသား ရောက်လာပြီးတဲ့နောက်မှာ ဘ၀ရဲ့ နှစ်လိုမှု၊ ပျော်ရွှင်ချမ်းမြေ့မှု လေပြေလေညှင်းလေးဟာ ကော်ဒိုဘာတစ်ခွင်မှာ ညင်သာစွာ တိုက်ခတ်ခဲ့ပါတယ်။ ဇီရ်ယဘ်ရဲ့ ပတ်ဝန်းကျင်မှာ ကဗျာလင်္ကာနဲ့ လှပညင်သာတဲ့ ကြည်နူးမှုတွေလည်း ဆွတ်ပျံ့နေခဲ့ပါတယ်။ သူဟာ ညဘက်မှာ ဗျတ်စောင်းတီးပေးတဲ့ အစေခံနှစ်ယောက်နဲ့အတူ ဂီတသံစဉ်တွေကို ဖန်တီးလေ့ရှိပြီး၊ မကြုံစဖူး တစ်မူထူးခြားတဲ့ အနုပညာတန်ဖိုးတွေကို ချန်ရစ်ခဲ့သူလည်းဖြစ်ပါတယ်”

 

စစ်ဘင်ခရာတီးဝိုင်း

Y83bXEEbBXaLASQAV44dJE95

အော်တိုမန်အင်ပါယာ၏ ဂျာနစ်ဆာရီ စစ်ဘင်ခရာတီးဝိုင်း

တူရကီတွရဲ့ အော်တိုမန်အင်ပါယာဟာ အမြဲတမ်း စစ်ဘင်ခရာတီးဝိုင်းကို စတင်ခန့်ထားတဲ့ ပထမဆုံး ဥရောပ-အာရှ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ ၁၂၉၉ မှာ ဖွဲ့စည်းခဲ့တဲ့ မဟ်တာဟိန်း (Mehterhane) စစ်ဘင်ခရာအဖွဲ့ဟာ ကျော်ကြားခဲ့ပြီး ဆူလ်တန်ရဲ့ သွားလေရာနောက်ကို လိုက်ပါရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ စစ်သားတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့နဲ့ ရန်သူတွေ ထိတ်လန့်ကြောက်ရွံ့စေဖို့ စစ်မြေပြင်တွေမှာပါ လိုက်ပါတီးခတ်ခဲ့ရပါတယ်။ အော်တိုမန်ရဲ့ ဂျာနစ်ဆာရီ (Janissary) လို့ခေါ်တဲ့ အထူးတပ်ဖွဲ့မှာ အဖွဲ့ဝင် ၆ ဦးကနေ၊ ၉ ဦးအထိ ပါဝင်တဲ့ ဘင်ခရာအဖွဲ့တစ်ခု ရှိပြီး ဒရမ် (Zuma)၊ ကလဲနက်၊ လင်းကွင်း (Zil)၊ စစ်သုံး ဒရမ် (kos နဲ့ naqqara) စတဲ့ တူရိယာတွေ ပါဝင်ပါတယ်။ ဒီတူရိယာတွေကိုတော့ ကုလားအုတ်ပေါ်မှာ တင်ပြီး သယ်ဆောင်တီးမှုတ်ကြတာ ဖြစ်ပါတယ်။

ဥရောပသားတွေဟာ ဂျာနစ်ဆာရီတပ်ဖွဲ့ရဲ့ ဒီဘင်ခရာတီးဝိုင်းကို စစ်ဖြစ်နေတဲ့အချိန်နဲ့ ငြိမ်းချမ်းနေတဲ့အချိန်တွေမှာ တွေ့ကြုံခဲ့ရတာပါ။ သံတမန်ဆိုင်ရာ လက်ခံတွေ့ဆုံပွဲတွေမှာ အော်တိုမန် တာ့က်တွေရဲ့ တူရိယာတွေကို ထားရှိတီးမှုတ်ကြတာဟာ ဖက်ရှင်တစ်ခု ဖြစ်လာခဲ့ပြီး ဥရောပမှာတော့ ဒါကို တာကွီရီဖက်ရှင် (Turquerie) လို့ ခေါ်ဆိုကြပါတယ်။ ၁၆၈၃ ခုနှစ် ဗီယင်နာအ၀င် တိုက်ပွဲမှာ ဂျာနစ်ဆာရီတပ်ဖွဲ့ ရှုံးနိမ့်ခဲ့တဲ့အခါ သူတို့ရဲ့ ဂီတတူရီယာတွေ ကျန်ရစ်ခဲ့ပါတယ်။ ဒါက ဥရောပစစ်တပ်တွေမှာ စစ်ဘင်ခရာပေါ်လာခြင်းရဲ့ အစလည်း ဖြစ်ပါတယ်။ နပိုလီယံ ဘိုနာပတ်ရဲ့ ပြင်သစ်စစ်ဘင်ခရာတွေမှာတောင်မှ အော်တိုမန်တွေရဲ့ တူရီယာဖြစ်တဲ့ လင်ကွင်းတွေ၊ စစ်သုံး ဒရမ်တွေကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ၁၈၀၅ ခု အော်စတာလစ်ဇ်တိုက်ပွဲ (Austerlitz) မှာ နပိုလီယံအနိုင်ရရှိမှုမှာ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို ဖြစ်စေတဲ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေက ထွက်လာတဲ့ ဒီ ဘင်ခရာအသံတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ပြောစမှတ် ပြုကြပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

အပိုင်း (၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

 

 

 

 

 

Leave a Reply