6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
စာတမ်းပြုစုရေးသားသူ
ဖိုးလှိုင် (B.Sc, H.G.P,R.L)

ဤ စာတမ်းသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်သို့ ဖိုးလှိုင် (B.Sc, H.G.P,R.L) မှ ပေးပို့သော အကြံပြုစာတမ်းဖြစ်ပါသည်။

အခန်း(၆)
(စ) ကွဲပြားသောဘာသာအယူဝါဒရှိသူမတူညီသည့်လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ

(၁) အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များ၊ နိုင်ငံတကာဥပဒေများ ။
ရခိုင်ဒေသရှိ အာဏာပိုင်အဆင့်ဆင့်ကို သင်တန်းများပေးရန်လိုအပ်သည်။ အပြည်ပြည် ဆိုင်ရာဓလေ့ထုံးတမ်းများသည် အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ ဥပဒေများမဟုတ်၍ လေးစား လိုက်နာရန်မလိုဟု မဆိုနိုင်ပါ။ ယဉ်ကျေးသည့်ကမ္ဘာ့နိုင်ငံများက လေးစားလိုက်နာသော ဓလေ့ ထုံးတမ်းများရှိပါသည်။ ထိုဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန် စည်းနှောင်အားလည်း ရှိပါသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ စာချုပ်များကိုလည်း ပါဝင်လက်မှတ်ထိုးသူအသီးသီးက လေးစားလိုက်နာရန် တာဝန်ရှိသည်။ အကယ်၍ လက်မှတ်ထိုးထားခြင်းမရှိပါလျှင်လည်း ဆန့်ကျင်ခွင့်မရှိပါ။ ဥပမာ…ါနညသခငိနပြဿနာများ၊ စစ်ရာဇဝတ်မှုများ၊ လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဆိုင်ရာစာချုပ်များကို လက်မှတ်မထိုးသူများပင်လျှင် ဆန့်ကျင်ကျူးလွန်ခွင့် မရှိပါ။ နိုင်ငံအစိုးရများအပေါ်တွင်စည်းနှောင်အားရှိပါသည်။
အလားတူ နိုင်ငံတကာဥပဒေများကိုလည်း လေးစားလိုက်နာရန် တာဝန်ရှိပါသည်။ ယခုအခါ ရခိုင်ဒေသမှ လုံထိန်းများနှင့် အာဏာပိုင်အချို့တို့သည် မျက်ကန်းတစ္ဆေ မကြောက် ဖြစ်နေကြပါသည်။ ထို့ကြောင့်စနစ်တကျ သင်တန်းများပေးသင့်ပါသည်။ မျက်ကန်းမျိုးချစ် များသည် သေသည်အထိ၎င်းတို့၏ အစွန်းရောက်သည့်အစွဲအလမ်းများကို မြဲမြဲကိုင်ဆွဲထား လေ့ရှိပါသည်။ အပြည်ပြည်ဆိုင်ရာခုံရုံးများတွင် အပြစ်ပေးခံရသူအားလုံးနီးနီး၊ ရုံးတင်ခံရဆဲ ပုဂ္ဂိုလ်အားလုံးနီးနီး ခေါင်းမာကြကြောင်းတွေ့ရသည်။ မည်သည့်အခါမှ ၄င်းတို့၏ အကြမ်းဖက် ဝါဒကို မစွန့်လွှတ်ကြပါ။ ထို့ကြောင့် ရခိုင်ဒေသတွင် အစွဲများချွတ်ရန်၊ စနစ်တကျ သင်တန်းများ ပေးရပါမည်။

(၂) အာဏာပိုင်အဖွဲ့အစည်းအတွင်း ကွဲပြားသော ဘာသာအယူဝါဒ ရှိရန်လို ။
ကွဲပြားသော ဘာသာအယူဝါဒရှိသူများအကြား ငြိမ်းချမ်းစွာ အတူတကွ နေထိုင် နိုင်ရန်အတွက်အုပ်ချုပ်သူအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တွင် ကွဲပြားသောဘာသာ အယူ ဝါဒရှိသူများ မျှမျှတတပါဝင်ဖွဲ့စည်းရန် လိုအပ်ပါသည်။ တစ်ဘက်ကို အာဏာပိုင်များအဖြစ် ခန့်ထားပြီး ၊ အခြားတစ်ဘက်ကို ဖိနှိပ်ချုပ်ချယ်မည်ဆိုလျှင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ ခွဲခြားဆက်ဆံမှုအားလုံးကို ရာဇဝတ်မှုအဖြစ်ပြဋ္ဌာန်းလျက် ပြတ်ပြတ်သားသား အရေးယူအပြစ်ပေးရန် လိုအပ်ပါသည်။

(၃) ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်၍ အရေးယူအပြစ်ပေးရန် ။
ရခိုင်ဒေသတွင် အကြမ်းဖက်ကျူးလွန်သူ လူနည်းစုများက တစ်ဖက်သတ်အရေးယူ အပြစ်ပေးခံနေရပါသည်။ အကြမ်းဖက်ကျူးလွန်ကြသူအများစုက အရေးယူအပြစ်ပေးမခံရဘဲ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေကြပါသည်။ ဥပမာ- တောင်ကုတ်လူသတ်မှုကြီး သည် ထင်ရှားသော သာဓကဖြစ်သည်။ အကြမ်းဖက်ကျူးလွန်ကြသည့် လုံထိန်းများလည်း အာဏာရှိမြဲရှိနေသည်။ တရားမျှတမှုမရှိသ၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ပါ။ ရခိုင်ပါတီကြီးတစ်ခုက တင်ပြသည့်အတိုင်း လူနည်းစုများအားလုံးကို မောင်းထုတ်မှသာလျှင် အကြမ်းဖက်သမားများက ကျေနပ်လက်ခံကြပါမည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီအရေးယူမှသာလျှင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်မည်ဟု သုံးသပ်ပါသည်။

အခန်း(၇)
(ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ
(၁) စစ်တပ်ကို ဆက်လက်ချထားပါ။
(၂) လုံထိန်းတပ်ဖွဲ့တွင် ခရစ်ယာန်များနှင့် ဟိန္ဒူများကိုပါ ထည့်သွင်းပေးပါ။
(၃) ရဲစခန်းများကို တိုးချဲ့ပေးပါ။
(၄) လူနည်းစုအခွင့်အရေး ကာကွယ်သည့်ဥပဒေပြဋ္ဌာန်းပေးပါ။
(၅) ခွဲခြားဆက်ဆံမှုအားလုံး ဖယ်ရှားပေးပါ။
(၆) အစ္စလာမ်ဘာသာဝင်များအား၊ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးပါ။
(၇) အိမ်ထောင်ခွဲများကို အိမ်ထောင်စုဇယားများခွဲပေးပါ။
(၈) ခရီးသွားလာခွင့် ကန့်သက်ချက်များကို ဖယ်ရှားပေးပါ။
(၉) လယ်ယာကိုင်းကျွန်းများ မတရားသိမ်းခြင်းကို ရပ်ဆိုင်းပေးပါ။ သိမ်းပြီးသားများကိုလည်း ပြန်လည်ပေးအပ်ပါ။
(၁၀) ဒုက္ခသည်အားလုံးကို တရားဥပဒေနှင့်အညီ မျှမျှတတ ဆက်ဆံပါ။ မျှမျှတတ အိမ်ရာများ တည်ဆောက်ပေးပါ။ မတရားသိမ်းခြင်းခံထားရသည့် အိမ်များ၊ ဆိုင်ခန်းများအားလုံး၊ မူလပိုင်ရှင်သို့ ပြန်ပေးပါ။

အခန်း(၈)
(ဇ) စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကြံပြုချက်များ

(၁) လျှပ်စစ်မီး ။
ကျေးရွာများအရောက် လျှပ်စစ်မီးများ နေ့၊ည (၂၄)နာရီရရှိရေး ဆောင်ရွက်ပေးပါ။ ဒေသထွက်ဓာတ်ငွေ့များကို ဒေသခံပြည်သူများ ရရှိခံစားနိုင်ရန် ဆောင်ရွက်ပေးပါ။

(၂) ဈေးဆိုင်များ ။
ဈေးများ(၃)ဆခန့် တိုးချဲ့တည်ဆောက်ပေးပါ။ အိမ်ဆိုင်များလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန်၊ စီစဉ်ပေးပါ။ စည်ပင်သာယာ မြေလွတ်များတွင် ဈေးရောင်းချနိုင်အောင် စီစဉ်ပေးပါ။ ဈေးသည် များအား ဖမ်းဆီးခြင်း၊ ဈေးကောက်များ တိုးမြှင့်ကောက်ခြင်းမပြုပါနှင့်။ အခြားအခွန် အကောက်များလည်း အထပ်ထပ်မကောက်ပါနှင့်။ ဈေးသည်များသည် လူမျိုးမခွဲ၊ ဘာသာမခွဲ ဈေးရောင်းကြသူများသာဖြစ်သည်။ ထို့ကြောင့် ဈေးသည်များရန်လိုသည်။ ဈေးသည်များကို အားပေးရန် ကာကွယ်ရန်လိုသည်။

(၃) လမ်း တံတားများ ။
ပျက်စီးနေသော လမ်းတံတားများကို ပြုပြင်ရန်လိုပါသည်။ လမ်းတံတားများကို တိုးချဲ့ ဆောက်လုပ်ရန်လိုပါသည်။ သို့မှသာ စီးပွားရေးဖွံ့ဖြိုးရန် အထောက်အကူပြုမည်။ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် အလုပ်အကိုင်အသစ်များပေါ်မည်။ သို့မှသာ တစ်ဘက်နှင့်တစ်ဘက် ရန်ဆောင်မှု တဖြည်းဖြည်း လျော့ပါးသွားမည်။

(၄) ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန်လို ။
ရခိုင်ဒေသသည် ကမ္ဘာတွင် ချောင်အကျဆုံးနေရာဖြစ်သည်။ ကမ္ဘာလှည့်များလည်းမရှိ၊ နိုင်ငံတကာသတင်းသမားလည်းမရှိ၊ INGO များလည်း အလွန်ရှား၊ ပြည်တွင်းမှ အစ္စလာမ် ဘာသာဝင်များလည်း ရခိုင်သို့မသွားရဲကြပါ။ အခြားလူမျိုးများလည်း အနည်းအကျဉ်းသာ သွားကြသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန်အလွန်ခက်ခဲသည်။ လဝက၏ ကန့်သတ် ချက်များ လျှော့ရန်လိုသည်။ အနိုင်ကျင့်ဗိုလ်ကျမှုများ ဖယ်ရှားရန်လိုသည်။ သို့မှသာ အလုပ် အကိုင်၊ အခွင့်အလမ်းများ တိုးပွားလာမည်။ တည်းခိုခန်းလုပ်ငန်းများလည်း တွင်ကျယ်လာမည်။ ပဋိပက္ခများလည်း လျော့နည်းလာမည်။

(၅) နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်သက်ဆိုင် ပါသည်။ ဒေသခံများကိုလည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရန် သင်တန်းများပို့ချရန်လိုသည်။ ၄င်းတို့ကိုယ်တိုင်ကလည်း ၄င်းတို့ဒေသ၏ ထူးခြားသောလုပ်ငန်းများကို ဖော်ထုတ်လုပ်ကိုင်နိုင်ရန်အားပေးရမည်။ ဒေသခံများကိုယ်တိုင် နိုင်ငံခြားထွက်၍ မိမိတို့နှင့် လက်တွဲဆောင်ရွက်နိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေ သင့်ကြောင်း အကြံပြုသင့်သည်။ အထူးသဖြင့် ပဋိပက္ခကို မီးခွက်ထွန်းရှာနေသူများလျော့နည်း သွားအောင် ဆောင်ရွက်ရပါမည်။

(၆) (၅၀ဝ၀)ကျပ်တန်ဖုန်း ။
ရခိုင်ဒေသတွင်း လမ်းပန်းဆက်သွယ်မှုများအလွန်ညံ့သည်။ (၅၀ဝ၀)ကျပ်တန် ဖုန်းကဲ့သို့ သင့်လျော်သည့်ဖုန်းများ အမြန်ဆုံးရရှိရန် ဆောင်ရွက်ပေးသင့်သည်။ တယ်လီဖုန်းများအမြန်ဆုံး ချပေးနိုင်လျှင် ဒေသဖွံ့ဖြိုးရေးလည်း အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်။ အလုပ်ကိုင် အသစ်များလည်း ဖွံ့ဖြိုးတိုးတက်လာပေမည်။

(၇)အာဆီယံအစည်းအဝေးများနှင့် နိုင်ငံတကာအားကစားပွဲများ၊ ဖိတ်ခေါ်ပွဲများကျင်းပရန် ။
ဒေသခံပြည်သူများသည် ပိတ်လှောင် မွန်းကျပ်နေကြပါသည်။ မြန်မာနိုင်ငံသည် မကြာမီ အာဆီယံဥက္ကဋ္ဌတာဝန်ယူရပါမည်။ ယခုအချိန်မှစ၍ နိုင်ငံတကာအစည်းအဝေးများ၊ ညီလာခံများ၊ ရခိုင်ပြည်နယ်တွင် ကျင်းပသင့်ပါသည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ၊ ချစ်ကြည်ရေးပွဲများကျင်းပသင့်ပါသည်။ သို့မှသာ အလုပ်အကိုင်အသစ်များ လည်း ပေါ်ထွက်လာပါမည်။ ဒေသလည်း ဖွံ့ဖြိုးလာပါမည်။

(၈) ပညာရေးကဏ္ဍ ။
အခြေခံပညာရေးစာသင်ကျောင်းများ၊ များများတိုးချဲ့ဖွင့်ပါ။ ရိုဟင်ဂျာဒေသများတွင် စာသင်ကျောင်းမြန်မြန်ဖွင့်ပေးပါ။ ရိုဟင်ဂျာ ဆရာဆရာမများ များများခန့်ထားပေးပါ။ သို့မှသာ ဆရာများက ရိုဟင်ဂျာလူငယ်များကို စာသင်ကျောင်းများတွင်သာမက အရပ်ထဲတွင်ပါ ဆုံးမ သွန်သင်နိုင်မည်။ လူငယ်များ အယူမသီးရန်၊ အစွန်းမရောက်ရန်၊ ဗဟုသုတရှိရန် ဆရာ၊ ဆရာမများကသာလျှင် ဆောင်ရွက်နိုင်ပါမည်။ ရိုဟင်ဂျာများသည် အလွန်ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပါသည်။ ခေတ်ပညာတတ် အလွန်နည်းပါသည်။
သမ္မတကြီး၏ အယူအဆကိုထောက်ခံလိုပါသည်။ ပညာရေးကဏ္ဍသည် အလွန်အရေး ကြီးသော ကဏ္ဍဖြစ်သည်ဟု သဘောတူပါသည်။ ထို့ကြောင့် စာသင်ကျောင်းများလက်ရှိအရေ အတွက်ထက် (၄)ဆခန့် ရိုဟင်ဂျာဒေသတွင် တိုးချဲ့တည်ဆောက်ရန် လိုအပ်ပါသည်။

(၉) ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ။
မစ္စတာ ကင်တားနား မတိုင်မီရှိခဲ့သော လူ့အခွင့်အရေးကိုယ်စားလှယ်များ၊ အကြိမ်ကြိမ် ပြောင်းခဲ့ပြီးဖြစ်သည်။ မõတာ ကင်တားနား တစ်ဦးတည်းသာလျှင် ယခုအချိန်အထိ ရှည်ကြာ ခဲ့သည်။ တည်မြဲခဲ့သည်။ မြန်မာပြည်အတွက်လည်း များစွာအကျိုးပြုခဲ့သည်ဟုမှတ်ယူပါသည်။ ရခိုင်ပြည်နယ်တွင် အကူအညီလိုအပ်သူများကိုလည်း အထိုက်အလျောက် ကူညီနိုင်ခဲ့သည်ဟု ယုံကြည်ပါသည်။ အလားတူ အခြားအဖွဲ့အစည်းများကလည်း အကူညီလိုအပ်သူများကို အထိုက် အလျောက် ကူညီနိုင်ခဲ့ကြပါသည်။
သို့သော် အစွန်းရောက်များက ထိုအဖွဲ့အစည်းများကို ဘက်လိုက်သည်ဟု စွပ်စွဲကြပါသည်။ နိုင်ငံတကာ လူသားချင်းစာနာသည့် အဖွဲ့စည်း အားလုံးကို ရခိုင်ပြည်နယ်မှ မောင်းထုတ်လိုကြသည်။ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ၊ စာနယ် ဇင်းများ၊ အားလုံးကို ဘက်လိုက်သည်ဟု စွပ်စွဲကြပါသည်။ အားလုံး၏အသံကို နှုတ်ဆိတ်သွား စေလိုကြပါသည်။ သို့မှသာလျှင် ရိုဟင်ဂျာများအားလုံးကို တတိယနိုင်ငံသို့မောင်းထုတ်နိုင်မည်ဟု ယုံကြည်နေဟန်တူပါသည်။ ထိုသို့ မောင်းထုတ်လိုကြောင်း၊ ဆန္ဒထုတ်ဖော်ကြေညာပြီးလည်း ဖြစ်သည်။ မစ္စတာ ကင်တားနားအားလည်း နောက်တစ်ကြိမ် မြန်မာပြည်မလာစေလိုပါ။ အသစ် တစ်ယောက် ပြောင်းလိုကြဟန်တူပါသည်။ ဘယ်လောက်ပြောင်းပြောင်း၊ ၄င်းတို့ နှစ်သက် မည်ဟုမယုံကြည်ပါ။
ရခိုင်ဒေသတွင် များနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအားလုံး အားကောင်းရန် လိုအပ်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ထိုသို့အားကောင်းလာရန်၊ အလေးအနက်ထား ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

လေးစားစွာဖြင့်

ဖိုးလှိုင်(B.Sc.,H.G.P,R.L)

17.9.2012

 

စာတမ်းအပြည့်အစုံ ကို အောက်ပါလင့်ခ်တွင် ရယူနိုင်ပါပြီ။
PDF file Link – Click Here

Leave a Reply