9 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

Genocide ဝေါဟာရ၊ Genocide ဥပဒေ ရဲ့ ပဲ့ကိုင်ရှင် Dr.Raphael Lemkin

အပိုင်း-၁ ဖတ်ရန်။

အပိုင်း-၂ ဖတ်ရန်။

”ဒုတိယအကြိမ်တိုက်ပွဲ”

၁၉၄၆ ခုနှစ်နှောင်းပိုင်းမှာ Raphael ဟာ သွေးတိုးကြောင့် ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်တက်ချင်းရက်မှာပဲ အမေရိကန်နိုင်ငံနယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပတော့မယ့်အကြောင်း စကြားရပါတယ်။ Raphael ဟာ ချက်ချင်းပဲ ဥရောပကနေ အမေရိကန် နယူးယောက်ကို ပြန်ချီတက်ပါတော့တယ်။

သူလိုချင်တဲ့ နိုင်ငံတကာ level ရဲ့ အမြင့်ဆုံးညီလာခံမှာ genocide law နဲ့ ပတ်သတ်လို့ ထိုးဖောက်ခွင့်ကို သူလက်လွှတ်ခံလို့ ဘယ်ဖြစ်မလဲ။

ဒီနောက်ပိုင်းမှာတော့ ညီလာခံ ခန်းမဆောင်မှာ သံတမန်တွေ ကိုယ်စားလှယ်တွေကို ရေရေလည်လည် ဦးနှောက်စားမည့် ချက်ကျလက်ကျ ဆွေးနွေးချက်တွေနဲ့ ချောင်ပိတ်မယ့် လူတယောက်ကို မမြင်ချင်မှ အဆုံး တွေ့နေရတော့တာပါပဲ။ တွန့်ကျေနေတဲ့ ကုတ်အင်္ကျီ၊ ခေါက်ပွနေတဲ့ ဘောင်းဘီ၊ ဆေးရောင်တွေ အဖတ်လိုက် အဖတ်လိုက်ကွာကျနေလို့ ဖြူ တကွက် မဲတကွက် ဖြစ်နေတဲ့ ရှူးဖိနပ် စာရွက်စာတမ်းတွေ မှတ်စုတွေ မှတ်တမ်းတွေကို အိပ်ကပ်ထဲမှာ ထိုးထိုးထောင်ထောင် ထည့်ထားပြီး ညီလာခံ ခန်းမဆောင် စားပွဲရုံ နေရာတကာပတ်သွားနေတဲ့ Raphael ဟာ ဘယ်သံတမန်ကို တွေ့လိုက်မလဲ တွေ့လိုက်တာနဲ့ လက်စွဲပြီး genocide နဲ့ ပတ်သက် လို့ ဥပဒေပြဌာန်းဖို့လိုကြောင်း စာရွက်စာတမ်းတွေ ဥပဒေအထောက်အထားတွေ တရွက်ပြီးတရွက် အိတ်ကပ်ထဲက ဆွဲထုတ်ပြီး သူရှင်းပြပါတော့တယ် သံတမန်ဖတ်ဖို့လဲ လိုအပ်တဲ့ စာတမ်းတွေ ညွှန်ပါဦးမယ်။

ဒီလိုလုပ်ဖို့ စိတ်အားထက်သန်လွန်းပြီး ထမင်းမေ့ဟင်းမေ့ ဖြစ်ရတာလဲ အကြိမ်ကြိမ် ထမင်းမေ့ဟင်းမေ့ ဆိုတာ တင်စားပြောတာမဟုတ်ဘူး။ တကယ်ကို မစားမသောက် မမောမပမ်း ပြောရင်းနဲ့ ဘိုင်းခနဲ ပစ်လဲသွားတာလဲ အကြိမ်ကြိမ် ပါ။ သံတမန် ကိုယ်စားလှယ်တယောက်ဆိုတာ ကိုယ့်တိုင်းပြည်က ပေးအပ်လိုက်တဲ့ ရည်မှန်းချက်က ရှိပြီးသားပါ။ ညီလာခံတက်ရတဲ့အပြင် ဘေးပန်းဆွေးနွေးပွဲတွေကလဲ အများအပြားပါ ဒီလို ညီလာခံမျိုးမှာ အချိန်ဆိုတာ အလွန်တန်ဖိုးကြီးပါတယ်။ သူတို့ရဲ့ရှားပါးလှတဲ့ အချိန်တွေကို လာလာဖဲ့ထုတ်နေတဲ့ Raphael ဟာ ကိုယ်စားလှယ်တော်များအတွက် အနှောက့်အယှက်ကြီးဖြစ်လို့နေပါတယ်။

ဘယ်နိုင်ငံမှလည်းကိုယ်စားပြုတာမဟုတ်၊ ဘယ်အဖွဲ့စည်းကမှလဲ စေလွှတ်တာမဟုတ်၊ သူ့ဖာသာ တယောက်တည်းလာပြီး တကိုယ်တော်ကျဲနေတဲ့ Raphael ကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရဲ့ အမြင့်ဆုံး UN General Assembly မှာ ဘသူကများအရေးစိုက်ပါ့မလဲ။ ဘယ်သူကများသူ့စကားတွေကို လက်ခံပြီး genocide နဲ့ ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ law ပြဌာန်းပေးပါ့မလဲ။

Raphael ရဲ့ ဒုတိယကမ္ဘာစစ်အပြီးကုလသမဂ္ဂ မှာတကိုယ်တော်တိုက်ပွဲဝင်တဲ့ ယခုဒုတိယအကြိမ်တိုက်ပွဲဟာ ပထမ ကမ္ဘာစစ်အပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးမှာတိုက်ခဲ့တဲ့ ပထမအကြိမ်တိုက်ပွဲလိုပဲ အရေးနိမ့်သွားလေမလား

Raphael ရဲ့ ကမ္ဘာ့မင်းပရိသတ် အလယ်မှာ အငတ်ငတ်အပြတ်ပြတ်နဲ့ တိုက်ပွဲဝင်မှုဟာ အချည်းနှီး မဖြစ်ခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာတွေကို လတ်လတ်ဆတ်ဆတ်ကြီးခံစားထားရတဲ့ ကမ္ဘာ့ ကိုယ်စားလှယ်တော်ကြီးများဟာ Raphael ရဲ့ ဇွတ်တရွတ်နိုင်တာတချို့ကို ငြိုငြင်ကြပေမယ့် သူ့ရဲ့စကားတွေဟာ သွေးထွက်အောင်မက အလောင်းသန်းနဲ့ချီ တောင်လိုပုံပြီး မှန်တယ်လို့သက်သေရှိခဲ့ပြီကိုးး။

ဒီတော့ Raphael ပေးတဲ့ စာရွက်စာတမ်းတွေကို သူတို့ဖတ်ကြပါတယ် ဆွေးနွေးကြပါတယ်။ ဒီလိုနဲ့ Raphael Lemkin ဆိုတဲ့ ငွေမရှိ အာဏာမရှိ အသိုင်းအဝိုင်းမရှိ နောက်ခံဘာမှ မရှိတဲ့ တကိုယ်တော်ရှေ့နေရဲ့ Genocideနဲ့ပတ်သတ်ပြီး ဥပဒေပြဌာန်းဖို့ကိစ္စ ဟာ ကုလသမဂ္ဂအထွေထွေညီလာခံ စင်မြင့်ပေါ်သို့ရောက်ရှိလာခဲ့ပါပြီ။

၁၉၄၆ခုနှစ် ဒီဇင်ဘာ ၁၁ မှာ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံက Genocide ဟာ တားဆီးရမဲ့ နိုင်ငံတကာ ရာဇဝတ်မှုရယ်လို့ resolution ထွက်လာပါတယ်။ UN General Assembly ရဲ့ formal statement တခုနဲ့ Genocide ဟာ နိုင်ငံရေးပါဝါ သန္ဓေစတည်လာပါတယ်။ Assembly လဲပြီးရော Raphael ဟာ မောလွန်းပမ်းလွန်းလို့ အိပ်ချလိုက်တာ ၂ ရက်တိုင်တိုင်ကြာပါသတဲ့။

ဒါဆို Raphael ရဲ့တိုက်ပွဲဟာ အောင်သွားပြီလား၊ ခြေတလှမ်းရှေ့တိုးသွားတယ်လို့တော့ ပြောလို့ရပါတယ်။ ဆက်လျှောက်စရာတွေ အများကြီးကျန်နေပါသေးတယ်။ resolution ဟာ law မဟုတ်သေးပါဘူး။ law အဆင့်ထိရောက်အောင် ဥပဒေကြမ်းအရင်ရေးပြီး နောက်တကြိမ် General Assembly မှာ အတည်ပြုရမှာပါ။

ဒါဆိုနောက်တပွဲပေါ့။

Genocide နဲ့ပတ်သတ်လို့ ဥပဒေကြမ်းရေးဖို့ UN က ကော်မတီ တရပ်ဖွဲ့ပါတယ်။ ဒီကော်မတီက ဥပဒေကြမ်းရေးတဲ့နေရာမှာ Raphael အနေနဲ့ သူသတ်မှတ်ထားတဲ့ criteria တွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းရပါတယ်။ ဒါပေမဲ့ ရှေ့က resolution ကိုရေးရာမှ Raphael ကိုယ်တိုင်ဝင်ရောက်ကူညီခွင့်ကို UN အထွေထွေအတွင်းရေးမှူးချုပ်က ခွင့်ပြုလို့ ဒီ resolution နဲ့ဆက်စပ်ပြီး law ရေးတဲ့ကိစ္စမှာ Raphael ဟာ သိပ်ဖိစရာ မလိုတော့ပါဘူး။ အမှုစကားနဲ့ပြောရ ရင် လမ်းကြောင်းပွင့်သွားပီမို့ သိပ်မခက်ခဲလှတော့ဘူးပေါ့။

ဥပဒေကြမ်းကို ဥပဒေရေးဆွဲရေးကော်တီက အတည်ပြုတင်သွင်း တင်သွင်းလာတဲ့ ဥပဒေကြမ်းကို General Assembly က မဲ ၃ပုံ၂ပုံနဲ့ ထောက်ခံရင် Genocide ဟာ အပြည်ပြည်ဆိုင်ရာ law တခုဖြစ်လာတော့မှာပါ
Raphael အနေနဲ့ လိုအပ်တဲ့ ထောက်ခံမဲရဖို့ သွားလိုက်ရတဲ့ ခရီးတွေ လွန်းပျံမတတ် ရေးလိုက်ရတဲ့စာတွေ ရုံးခန်းအပြည့် ၊ ဒီအချိန်မှာ သူဟာ အလုပ်မရှိတော့ပါဘူး။ ငတ်တလှည့်ပြတ်တလှည့်နဲ့ ဒီအလုပ်ကို လုပ်နေရှာတာပါ။

ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ နောက်တကြိမ် General Assembly ရောက်လို့လာပါပြီ။ Raphael ဟာ ညီလာခံအပြင်မှာ ”ငါ genocide အကြောင်း ဇွတ်လိုက်မပြောဖြစ်အောင် သတိနဲ့ထိန်းမယ် မဲပေးတာကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်မယ်”စသဖြင့် အောင်စာရင်းကြည့်ခါနီးကျောင်းသားလို ဖြစ်နေပါတယ်။

ဒီလိုနဲ့ General Assembly မှာ မဲခွဲပါတယ်။ Raphael ဟာ အောင်ပါတယ် ဂုဏ်ထူးမက ရာပြည့်နဲ့အောင်ပါတယ်။

General Assembly က genocide နဲ့ ပတ်သတ်တဲ့ convention ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

နာမည်ကတော့ The Convention on the Prevention and Punishment of the Crime of Genocide တဲ့ဗျာ။

၁၉၄၈ ဒီဇင်ဘာ ၉ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။

အင်းးးး တကယ်တော့ ဒါဟာ Raphael ရဲ့အောင်ပွဲသက်သက်မဟုတ်ဘူးဗျ။
မနုသလူသားထုရဲ့အောင်ပွဲပဲဗျ။

အမေရိကန် နိုင်ငံကို ခြေဗလာ လက်ဗလာနဲ့ ခိုလှုံခွင့်တောင်းခံလာတဲ့သူ နိုင်ငံရေးနောက်ခံအသိုင်းအဝိုင်းနောက်ခံတစိုးတစိမှမရှိတဲ့သူ ဥစ္စာဓနဆိုလို့ မူးလို့ရှူ စရာမရှိတဲ့ သူ Dr.Raphael Lemkin ဟာ ကမ္ဘာ့အပြည်ပြည်အထောင်ထောင်သော သံတမန်တို့ရဲ့တွေ့ဆုံဆွေးနွေးရာ General Assembly မှာ သူ့ရည်မှန်းချက်ကို ထုဆစ်နိုင်ခဲ့ပါပြီ။ ဒါဆို Raphael အနေနဲ့ ဂုဏ်ယူသင့်ပီ လက်မထောင်သင့်ပြီ၊ ဝံ့ကြွားသင့်ပီမဟုတ်လား။ ကြီးမားတဲ့အောင်မြင်မှုကြီးအတွက် Raphael ဟာ ရင်ကော့နေပါပီလား?

General Assembly ခန်းမဆောင်ရဲ့ ဂျောင်ကျကျတနေရာမှာ Raphael ဟာ ရှိုက်ကြီးတငင်ငင် ငိုကြွေးလို့နေပါတော့တယ်။ အောင်မြင်မှုရဲ့ဗိသုကာရှင်ကို သတင်းထောက်တွေက တွေ့ဆုံဖို့ ချဉ်းကပ်လာရာမှာတော့ Raphael ဟာ တယောက်တည်းနေပါရစေလို့ တောင်းဆိုရှာပါတယ်။ အားရပါးရ ငိုနေရှာတဲ့ Raphael ဟာ ဝမ်းသာလွန်းလို့ ငိုတာလဲပါသလို၊ သန်းချီသတ်ဖြတ်ခံရတဲ့ လူတွေရဲ့ အလောင်းတွေ အရိုးတွေ အလဟသ မဖြစ်တော့ဘူး အကျိုးရလဒ်တခုတော့ ဆောင်ကျဉ်းနိုင်ခဲ့ပြီဆိုတဲ့ အသိတခုနဲ့ ငိုနေတာပါ ရောပြွမ်းနေတဲ့ ခံစားချက်တွေဟာ မျက်ရည်အနေနဲ့ စီးဆင်းလာတာပါ ဒီနောက်မှာတော့ Raphael ဟာ ပင်ပန်းမှုကြောင့် ပုံလဲကျသွားခဲ့ပြီး ဆေးရုံ ၂ ပတ်လောက်တက်ယူလိုက်ရပါတယ်။

ဆေးရုံက အဆင်းမှာ Raphael ဟာ သူ့တိုက်ပွဲကိုဆက်ပြန်ပါတယ်။

ဟ တိုက်ပွဲမပြီးသေးဘူးလား

ဟုတ်ကဲ့မပြီးသေးပါဘူး

Genocide ဟာ ခုမှ ဥပဒေကြောင်းအရ ခြေလှမ်းတလှမ်းကို စတင် လှမ်းခွင့်ရလိုက်တဲ့သဘောပါ မိုင် ၁၀၀၀ ခရီးရဲ့ ပထမ ခြေလှမ်းပေါ့ဗျာ။

UN က genocide နဲ့ပတ်သတ်တဲ့ convention ကို ပြဌာန်းခဲ့ပါပြီ။ဒီလိုပြဌာန်းပြီးတဲ့နောက်မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ genocide ကို တားဆီးဖို့နဲ့ ကျူးလွန်သူကို အပြစ်ပေးဖို့ တနိုင်ငံချင်းစီ ဥပဒေတွေ ထပ်မံပြဌာန်းပြီး လိုက်နာရမှာပါ။ မူအားဖြင့်တော့ အားလုံးစုံညီပြီး သဘောတူညီချက်တခုရမှတော့ တနိုင်ငံချင်းစီအလိုက် ပြဌာန်းဖို့က အလိုလို ဖြစ်လာရမဲ့ ကိစ္စပါ။

ဒါပေမဲ့ပေါ့ဗျာ

နိုင်ငံတခုချင်းစီမှာ ကိုယ်ကျိုးစီးပွားဆိုတာရှိတယ်။ မတူညီတဲ့ သမိုင်းဖြတ်သန်းမှုတွေရှိတယ်။ ဒီ့ထက်အရေးကြီးတဲ့ ပြဌာန်းစရာ ဥပဒေတွေက အပုံကြီး။ ဒါ့အပြင် အရေးအကြီးဆုံးက အမေရိကန်က တဖက် ဆိုဗိယက်ကတဖက် နဲ့ အုပ်စုဖွဲ့ပြီးအားပြိုင်စ ပြုနေစဉ်မှာ ဒီလို ဘောင်ကျယ်ပြီး ကိုယ့်နိုင်ငံရဲ့ အချုပ်အချာအာဏာကို ပြန်ထိစေနိုင်တဲ့ ဥပဒေမျိုးပြဌာန်းဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးပါ။

ဒါပေမဲ့ Raphael ကတော့ မျှော်ပါတယ်။ အထူးသဖြင့် နိုင်ငံတခုကို အတော်မျှော်လင့်ပါတယ်။ ဒီမိုကရေစီရင့်ကျက်ခိုင်မာလေသော ကမ္ဘာစစ်ကြီးနှစ်ခုလုံးကို အနိုင်တိုက်ပြီး စစ်ရေး စီးပွားရေး နိုင်ငံရေးမှာ super power ဖြစ်လာသော အမေရိကန် ပြည်ထောင်စုကိုပါ။ အမေရိကန်သာ genocide တားဆီးရေးနဲ့ အပြစ်ပေးရေး law ကိုပြဌာန်းခဲ့ရင် အတော်ကြီးကို effective ဖြစ်လာမှာပါ။

သို့သော်လည်း အမေရိကန် နိုင်ငံရေးသမားတွေ လွှတ်တော်အမတ်တွေကတော့ ဒီဥပဒေကိုသာ ပြဌာန်းလိုက်ရင် နိုင်ငံရဲ့ အချုပ်အချာအာဏာကို တောင် ပြန်ခွေအောင်လုပ်လိုက်နိုင်တယ်။ စစ်အေးအားပြိုင်ပွဲမှာ ကိုယ့်ခြေထောက်ကိုယ်ကြိုးချည်တာမျိုး မလုပ်နိုင်ပေါင်။ အမေရိကန်ပြည်တွင်းမှာ ရှိတဲ့ လူဖြူ လူမဲ ပြသနာ နဲ့ ဒီ law နဲ့သာချိတ်မိရင် ပြသနာတွေ အကြီးကြီးတက်ကုန်မယ် စသဖြင့် ကန့်ကွက်ပြောဆိုကြပါတယ်။

တချို့ အမေရိကန် နိုင်ငံရေးသမားတွေဟာ ”ဟာကွာ ဘယ်ကရောက်လာမှန်းမသိတဲ့ ခိုလှုံခွင့်တောင်းခံထားတဲ့ သူတယောက်ပြောတိုင်း  ငါတို့က ဥပဒေပြဌာန်းပေးကြေးလား”ဆိုပြီးကစ်ပါတယ်။

အိုက်စင်ဟောင်ဝါ

 

အိုက်စင်ဟောင်ဝါ

Raphael အတွက် အထိုးနှက်ခံရဆုံး အပိုင်းကတော့ အိုက်စင်ဟောင်ဝါ သမ္မတ ဖြစ်လာတဲ့အခါပါပဲ အိုက် ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက ဥရောပမှာရှိတဲ့ မဟာမိတ်တပ်ပေါင်းစုရဲ့ နံပါတ်၁ စစ်ခေါင်းဆောင်ပါ။ နာဇီတွေရဲ့ လုပ်ရပ်ကိုလဲ ကောင်းကောင်းသိတဲ့သူပါ။ဒါပေမဲ့ အိုက်က genocide law ကို အပြတ်ပယ်ချလိုက်ပါတယ်။ ဒါဆို Raphael စိတ်ဓါတ်ကျပီလား။

No ပါ

Raphael ဟာ အမေရိကန် ပြည်ထောင်စုကိုသာမက အခြားကမ္ဘာ့နိုင်ငံတွေကိုလဲ စာရေးသားဆက်သွယ်ပြီး ဥပဒေပြဌာန်းဖို့ တ်ုက်တွန်းနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ဟောပြောပွဲတွေ စာရေးသားဆက်သွယ်မှုတွေ အဆက်မပြတ် လုပ်နေဆဲ စည်းရုံးနေဆဲ တိုက်ပွဲဝင်နေဆဲပါ။

Raphael တိုက်ပွဲဝင်ပုံက ကြမ်းပါတယ်။ ဥပမာ အမေရိကန်လွှတ်တော် အမတ်တယောက်ဆီ စာရေးတဲ့ပုံက

သို့
ဦး. . . . . .
. . . . . . .ပြည်နယ် အမတ်မင်း
ဒီလိုပူပြင်းတဲ့လမှာ အလုပ်သဘောနဲ့ စာရေးရတာ အားနာပါတယ် . ဒါပေမဲ့ အောဇ်ဝစ် အကျဉ်းစခန်းက မီးရှို့ခန်းတွေက ဒီထက်ပိုပူမှာ ခင်ဗျားလဲ အသိပါ ။ ဒီတော့ genocide တားဆီးရေးနဲ့ . . . .
. . . . . . . . . . .

စသဖြင့်ပါ

လုံးဝအားမနာပါဘူး
ပိဿလေးနဲ့ နဘေးနှက်တာချည်းပါပဲ

Raphael ဟာ ဒီအလုပ်တွေကို အားတုန်း အချိန်ပိုတုန်း လုပ်တာ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက ထိပ်သီးတွေ အဖွဲ့အစည်းတွေ နဲ့ ဆက်သွယ်လုပ်ကိုင်နေရတာ အချိန်ပြည့်ပါ။

ဒါပေမဲ့ Raphael ရဲ့ ဝင်ငွေက No ပါ။

အဖွဲ့အစည်းတချို့က မဖြစ်ညစ်ကျယ် ထောက်ပံ့တာလေးနဲ့ မသေရုံတမယ်စားပြီးလုပ်နေတာပါ။ သူရေးတဲ့ စာအုပ်တချို့ကို ပုံနှိပ်ဖို့ကမ်းလှမ်းပေမဲ့ လေးလံလှတဲ့ ဥပဒေ အကြောင်းအရာတွေနဲ့ genocide သမိုင်းအသေးစိတ်တွေမို့ ထုတ်ဝေသူတွေက ရောင်းမစွံနိုင်ဘူးလို့ ငြင်းကြပါတယ်။

Raphael ဟာ အပေါင်းအသင်းလဲ သိပ်မရှိလှပါဘူး။ လူမှုရေးသဘောလည်းနားမလည်ဘဲ Genocide အပေါ်မှာပဲ အာရုံနှစ်ပြီး အလုပ်လုပ်နေတာပါ။ လူတွေ့တိုင်းလဲ ဒါပဲပြောနေတဲ့ စက်ရုပ်လိုပါပဲ

ဥပတိ ခန့်ခန့် ကိုယ်ကျင့်သိက္ခာကောင်းမွန်တှဲု့ဥပဒေပညာရှင် Raphael သာ ကမ်းလှမ်းမယ်ဆိုရင် မဆွတ်ခင်ကတည်းက ညွတ်ချင်နေတဲ့ မိန်းမတွေလဲ ရှိပါတယ်။

Raphaelဟာ ဒါတွေကို အာရုံမထားနိုင်လောက်အောင် အလုပ်ထဲပဲ နစ်နေတဲ့သူပါ။

ဒီလိုနဲ့ ၁၉၅၉ခု သြဂုတ်လ ၂၈ ရက်ကို ရောက်လာခဲ့ပါတယ်။

၁၉၅၉ ခု ,သြဂုတ်လ ၂၈ ရက်မှာ Dr.Raphael Lemkin ဟာ သူအလုပ်လုပ်နေကျ ရုံးခန်းလေးထဲမှာ ရှိနေပါတယ်။ တွန့်ကျေနေတဲ့ သူ့ကုတ်အင်္ကျီကနေ ထိုးထိုးထောင်ထွက်နေတဲ့ စာရွက်စာတမ်းတွေ တခန်းလုံးပြည့် ပွစာကျဲနေတဲ့ အပြည်ပြည်ဆိုင်ရာက ပေးစာပြန်စာတွေ ၊ ဥပဒေစာအုပ်တွေနဲ့ Raphael ဟာ ထုံးစံအတိုင်း အလုပ်အရမ်းရှုပ်နေတဲ့ပုံစံပါပဲ။

သို့သော် ပုံစံကပုံစံပါ ၊ပကတိကတော့ Raphael ရဲ့ ဝိညဉ်ဟာ သူ့ရဲ့ ခန္ဓာကို စွန့်ခွာသွားခဲ့ရှာပါပြီ။

ဟုတ်ကဲ့ Dr.Raphael Lemkin ဟာ ကွယ်လွန်သေဆုံးသွားခဲ့ပါပြီ။

၁၉၅၉ သြဂုတ်လ ၂၈ မှာပါ

မနုသလူသားမျိုးနွယ်အတွက် ကိုယ်ကျိုးမဖက် ဇွဲနပဲနဲ့ အလုပ်လုပ်ခဲ့သောDr.Raphael Lemkinကွယ်လွန်သွားခဲ့ပါပြီ။

ယေးလ်ဥပဒေတက္ကသိုလ်မှာ ကထိက အဆင့်ရှိသူ ၊ှု ဥပဒေနဲ့ ပတ်သတ်လို့ Dr. အဆင့်ရှိသူ၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရဲ့ အမြင့်ဆုံးကိုတက်ပြီး တကိုယ်တော်ကျဲ နိုင်ပွဲထူခဲ့သူ သူ သေဆုံးသွားတော့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိပါသလဲ၊

ခြူး တပြားတောင် မရှိပါဘူး။
တင်စားပြောတာ မဟုတ်ပါ တကယ်ပဲ ပိုက်ဆံတပြားမှကို မရှိတာပါ။

ဒီလောက်ထိ လူသားထုအတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့ သူအတွက် မနုသလူသားထုကြီးတရပ်လုံး ကြိမ်အုံးပူမီးကြွ၍ Dr.Raphael Lemkin အတွက် ဝမ်းနည်းကြပြီး ဈာပနကို စည်ကားသိုက်မြိုက်စွာ

No No
မဟုတ်ပါဘူး
Raphael ရဲ့ ဈာပန ဟာ လိုက်ပို့သူတောင် ၇ ယောက်ပဲ ရှိခဲ့ရှာပါတယ်။

ဝမ်းနည်းဖို့ကောင်းလေစွ

Raphael ရဲ့အလုပ်လုပ်ရင်းသေဆုံးသွားတဲ့အနေအထားကလဲ မင်းတို့လူသားတွေ genocide တားဆီးဖို့ လုပ်စရာတွေ အများကြီးလိုနေသေးတယ်နော လို့ပြောနေသလိုပါပဲလား။

ဒါပေမဲ့ ဘယ်သူကများ နားထောင်လေမလဲ

Raphael ထွန်းညှိသွားတဲ့ ဥပဒေမီးရှူးတိုင်ဟာလဲ ၊မငြိမ်းပေမဲ့ အလင်းလျော့ခဲ့လေပီလားတော့မသိ၊ ၁၉၄၈ UN မှာ Genocide တားဆီးရေး convention ကြီးရှိလျက်နဲ့ ကမ္ဘာကြီးမှာ genocide တွေ ဆက်ဖြစ်ခဲ့ပါတယ်။

လူသန်း ၅၀ အသက်ပျောက်ခဲ့ရပြီး၊ နောက်ထပ် လူသန်း ၅၀ ထွက်ပြေးခဲ့ရတဲ့ genocide ဖြစ်စဉ်ပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

ဒါဆို Raphael လုပ်သမျှ သဲထဲရေသွန်ပေါ့

ဟား
အဲ့လိုဘယ်ဟုတ်ပါ့မလဲ
ကျနော် ရေးထားတဲ့ kosovo ဖြစ်စဉ်ကိုသာ ပြန်ဖတ်ကြည့်လေ။

ဒါဆို Raphael ထွန်းညှိခဲ့တဲ့ ဥပဒေမီးရှုးတန်ဆောင်ကို ဆက်လက်ထွန်းညှိသူတွေ ရှိတယ်ပေါ့

ဒါပေါ့ဗျာ
Raphael နောက်ပိုင်းဆက်လက်တိုက်ပွဲဝင်သူတွေထဲမှာ ၊အမေရိကန်လွှတ်တော်အမတ်တွေ အဆင့်မြင့်အရာရှိကြီးတွေ CIA လူတချို့ တောင် ပါခဲ့ကြတယ်ဗျ။
အဲ့ ကန့်လန့်တိုက်သူတွေလည်းရှိတာပေါ့ဗျာ။

၁၉၈၆ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ genocide တားဆီးရေးနဲ့ ကျူးလွန်သူကိုအရေးယူဖို့ ဥပဒေပြဌာန်းနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၄၈ ခုနှစ် UN General Assembly မှာ Raphael ကိုယ်တိုင်မွေးဖွားပေးခဲ့တဲ့ genocide ကာကွယ်တားဆီးရေးနဲ့ ကျူးလွန်သူကို အပြစ်ပေးရေး ဥပဒေဟာ ၁၉၉၀ ပြည့်နှစ်အလွန်မှာ ဗလ ထွက်ခါစ လူပျိုပေါက်လေးလို သန်စွမ်းလာခဲ့ပါတယ်။ သူရဲ့ အားကောင်းစ ဗလ နဲ့ ရာဇဝတ်ကောင် မီလိုဆီဗစ် နဲ့ အပေါင်းအပါတွေကို အလဲလဲအကွဲကွဲဖြစ်အောင် ထိုးနှက်နိုင်ခဲ့ပါတယ်။ အချုပ်အချာအာဏာဆိုတဲ့ ဒိုင်းနဲ့ ကာကွယ်ဖို့ ကြိုးစားလဲ အဲ့ဒီ ဒိုင်းကိုပါ ကွဲထွက်သွားအောင် လက်သံပြောင်ခဲ့ပါတယ်။

၂၀ ရာစု အစပိုင်း မှာဖြစ်ခဲ့တဲ့ အာမေနီးယန်းတွေကို တူရကီပြည်ထဲရေးက genocide လုပ်တုန်းက လူသားထုဟာ ဒီဖြစ်စဉ်ကို ဘယ်လိုနာမည်တပ်ရကောင်းမှန်းတောင် မသိကြပါဘူး။ ၂၀ ရာစု အဆုံးသတ်ခါနီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ လူသားထုဟာ genocide ဖြစ်စဉ်တရပ်ကို စတင်ဖြစ်ပွားစဉ်မှာပဲ ကြိုတင်သိရှိနိုင်ခဲ့ပြီး ကြီးထွားမလာအောင် တားဆီးနိုင်ခဲ့ပါတယ်။

၂၁ ရာစုမှာတော့ Genocide Watch လို အဖွဲ့အစည်းတွေ International Criminal Court လို နိုင်ငံတခုချင်းစီရဲ့ အချုပ်အချာအာဏာ ထက်ပိုပြင်းတဲ့ တရားစီရင်ရေးအာဏာရှိတဲ့ တရားရုံးတော်တွေ ပေါ်ပေါက်လာခဲ့ပါပြီ။

လူသားသမိုင်းဟာ ပြောင်းခဲ့ပါပြီ။

ဒါဟာ Dr.Raphael Lemkin ရဲ့ ဥာဏ်ပညာ အားထုတ်မှု၊ ဇွဲထက်သန်မှု နဲ့ ကိုယ်ကျိုးစွန့်မှုတို့ ကြောင့်ပါပဲ Dr. ရဲ့ ဒီကြိုးပမ်းမှုအတွက် ကောင်းသောအစားရပါစေသတည်း

ကျနော် documentary တွေ အတော်ကြည့်ဖြစ်တယ်။ ဒီထဲကမှ စိတ်ကိုနစ်နစ်နဲနဲ ထိခိုက်စေတဲ့ documentary တခုရှိတယ်။ BBC က ရိုက်ကူးထားတဲ့ Auswitch, The Nazi’s Final Solution to the Jewish Problem ဆိုတာပါ။ Auswitch အကျဉ်းစခန်းအကြောင်း အဓိက ရိုက်ကူးထားပြီး နာဇီတွေရဲ့ ကမ္ဘာစစ်မတိုင်ခင် ဂျူးတွေ အပေါ် နှိမ့်ချ ဆက်ဆံမှုတွေကနေစပြီး နောက်ဆုံးစစ်ကြီးပြီးတဲ့ အထိ ရိုက်ကူးထားတာပါ။

documentary တခုလုံးဟာ စိတ်သက်သာစရာ တစက်မှ မရှိပါဘူး၊ ရင်ဆို့စရာ ဝမ်းနည်းစရာ ကြောက်မက်ဖွယ်ရာတွေနဲ့ချည်းပြည့်နေတာပါ။ မကြည့်တော့ဘူးကွာ လို့ ထပိတ်မိတာလည်း ခဏခဏပါ
ဒါလည်းမကြာခင် ပြန်ကြည့်မိတာပါပဲ။

အသတ်ဖြတ်ခံရခါနီး ဂျူးအမျိုးသမီးတွေကို ကလေးတွေနဲ့ခွဲခွာတဲ့ မြင်ကွင်း ဒီကလေးတွေကို လည်း နာဇီဆရာဝန်တွေက လူသားစမ်းသပ်ကောင်အဖြစ် အသုံးချဖို့ရည်ရွယ်ထားတဲ့ အကြောင်းတေ ပါလာတော့ ကျနော် မျက်ရည်တောင်ကျမိပါတယ်။

ဒီ post တွေကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ တခုတည်းပါ။

Dr.Raphael Lemkin ဆိုတဲ့ လူတယောက်ရဲ့ လူသားထုအပေါ် ပြု ခဲ့တဲ့ ကျေး ဇူးကို ပြန်လည်အောက်မေ့ရာမှာ အုပ်တချပ်သဲတပွင့် ဖြစ်စေဖို့ရာပါ။

လူ့သမိုင်းစကတည်းက စစ်နဲ့ သတ်ဖြတ်မှုတွေ မကင်းခဲ့ကြပါဘူး။ အားကြီးသူက အားနဲသူကို အနိုင်ကျင့်စမြဲပါ။ ဒီလိုလုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်ကနေ လူသားမျိုးနွယ်တွေ ပျောက်ကွယ်သွားခဲ့တာ နည်းလှမှာ မဟုတ်ပါဘူး

”အဲ့လူမျိုးတွေပျောက်သွားတော့ကော ဘာဖြစ်လဲကွ ကိုယ့်ထမင်းကိုယ်စားနေရ ပြီးတာပဲ မဟုတ်လား။ ငါတို့လူမျိုး ဘာမှ မဖြစ်ရင် ပြီးတာပဲ ဟေ့ ”လို့ အတ္တအခြေခံ အသိခေါက်ခက်နဲ့ ပြန်ပက်သူလဲ ရှိနိုင်ပါတယ်။

နည်းနည်းလောက်စဉ်းစားကြည့်ရအောင် ဟစ်တလာ သတ်ဖြတ်ခဲ့တဲ့ ဂျူးကလေးတွေထဲမှာ အိုင်စတိုင်းလို genius ဘယ်နှစ်ယောက်ပါသွားမလဲ။ အဲ့ကလေးတွေထဲမှာ အိုင်းစတိုင်း မဖြေရှင်းနိုင်ခဲ့တဲ့ သီအိုရီတွေကို ရှင်းထုတ်မဲ့ ကလေးတယောက်လောက် မပါနိုင်ဘူးလားတ တကယ်လို့ပါသွားခဲ့ရင် လူ့သိပ္ပံပညာတိုးတက်မှုဟာ နှစ် ဘယ်လောက် နောက်ဆုတ်သွားပြီလဲ အိုင်းစတိုင်းစခဲ့တဲ့ ရူပဗေဒသီအိုရီအချို့ဆို ခုထိ ဘယ်သူမှ
ဆုံးအောင် မတွက်နိုင်သေးဘူး။

ဟစ်တလာ သတ်ခဲ့တဲ့ဂျစ်ပစီ ကလေးတွေထဲမှာ အနုပညာ ဂီတ ထွန်းပေါက်မဲ့ ကလေး ဘယ်နှစ်ယောက်ပါသွားမလဲ။ ပါသွားခဲ့ရင် လူ့ယဉ်ကျေးမှုဟာ နှစ်ဘယ်လောက် နောက်ပြန်ဆုတ်သွားခဲ့သလဲ။ ဘယ်သူမှ တွက်ချက်မရတော့ဘူး။ ဒီလိုနဲ့ မျိုးဖြုတ်ခံရတဲ့ red indian တွေ မာယာလူမျိုးတွေထဲမှာကော လူသားတိုးတက်မှုကို ရှေ့တိုးစေမဲ့ ကလေး ဘယ်နှစ်ယောက်လောက်ပါသွားပြီလဲ။ ဒါဆို နှစ်ပေါင်းထောင်ချီ အတွင်း သတ်ဖြတ်လာခဲ့တဲ့ စစ်ပွဲတွေ genocide ဖြစ်စဉ်တွေဟာ မနုသလူသားတိုးတက်ရေးကို ဘယ်လောက်ထိ နောက်ပြန်ဆွဲစေခဲ့ပြီလဲ။

လူ့သမိုင်းသာနှစ်ထောင်ရှိလာခဲ့တယ်။ ဒီလိုသတ်ဖြတ်မှုတွေ ဖျက်ဆီးမှုတွေကို တားရကောင်းမှန်း အရေးယူရကောင်းမှန်း မသိခဲ့ကြဘူး။

အဲ့လို မသိရုံမက ဒီလို သတ်ဖြတ်မှု ရိုင်းစိုင်းမှု ယုတ်မာမှုတွေဟာ ”နိုင်ငံတော်အတွက်” ”အချုပ်အချာအာဏာအတွက်” လုပ်တာမို့ လိုအပ်လို့လုပ်တာ ဘာမှ တွန့်ဆုတ်နေစရာ မလိုဘူးဆိုတဲ့သဘောတွေအထိ ခံယူကြတယ်

မျက်မွေးတထောက်စာသာ ရှိတဲ့ တမျိုးသားရေးအတ္တအတွက် မျက်စိတဆုံးစာမကသော လူသားမျိုးနွယ် တခုလုံးရဲ့အနာဂတ်ကို ဖျက်ဆီးကြတယ်။

ဒီလို တမျိုးသားကောင်းစားရေး ဝါဒတွေ အရှိန်ကောင်းနေဆဲမှာ Dr.Raphael Lemkin ဟာ လူသားမျိုးနွယ်အားလုံး အတွက် ကိုယ်ကျိုးမဖက် တိုက်ပွဲဝင်ခဲ့သူပါ။

သူ့ကျေးဇူးကို ကျနော်တို့အောက်မေ့ရပါမယ်။ အလေးထားရပါမယ်။ ဒါမှသာ ကျနော်တို့ဟာ လူပီသရာရောက်ပါလိမ့်မယ်။

ကျော်လှဦး ရေးသည်။

Tags:

Comments are closed.