6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၉ ၊ ၂၀၁၄

City of Tolerance or Yangon

ကမ္ဘာ့အထင်ကရဘာသာအားလုံးရဲ့ ဝတ်ကျောင်းတော်တွေအားလုံးဟာ မြန်မာနိုင်ငံ ရန်ကုန်ရဲ့ သမိုင်းဝင် ဗဟိုအချက်အချာနေရာမှာ တစုတရုံးတည်း တည်ရှိနေပါတယ်။

ကီလိုမီတာ အနည်းငယ် အကွာအဝေးမှာပဲ လူတွေဟာ အစဉ်အဆက် အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ဘာသာတရားတွေအမျိုးမျိုးရှိတဲ့ ကမ္ဘာကြီးမှာ သဘောထားကြီးတဲ့ အမှတ်လက္ခဏာအဖြစ် ဖော်ပြနေပါတယ်။

“မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် ဘာသာရေးနဲ့ပတ်သတ်လို့ သဘောထားကြီးတဲ့ နိုင်ငံအဖြစ်သိကြပါတယ်။ ဒါပေမယ့် မကြာသေးမီက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ စိတ်မကောင်းဖွယ်အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် ဒါတွေကို ပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်။”

“ဘာသာတိုင်းမှာ ဗုဒ္ဓဘာသာမှာပဲဖြစ်ဖြစ်၊ ခရိယာန်မှာပဲဖြစ်ဖြစ် အားလုံးကလည်းမေတ္တာတရားနဲ့ပဲလေ။ သည်းခံရမယ်၊ နှိမ့်ချရမယ်လို့ ဘုရားကဟောထားပြီးသား။ဒါပေမယ့် သူတို့က အဲ့ဒါတွေမရှိဘဲနဲ့ ငါတို့ပြန်တုံ့ပြန်လိုက်မယ်၊ သူတို့လုပ်ရင် ငါတို့လည်းပြန်လုပ်မယ် ဆိုပြီး ..။ အဲ့ဒါကြောင့်မို့ ဒီလို misunderstanding တွေ ဖြစ်သွားတယ်ထင်တယ်။” (ခရိယာန်ဘာသာဝင်တစ်ဦး)

လမ်းတစ်ခုတည်းကို အတူတူလျှောက်မယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရိယာန်၊ မွတ်စလင် ၊ ဆစ်ခ် …. ဒါတွေဟာ အဓိကမကျပါဘူး။ အတူတူလျှောက်နိုင်ဖို့ အဓိကကျတာ။ (ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး)

တစ်ယောက်နဲ့တစ်ယောက် ဘာသာတွေလေးစားဖို့အရမ်းအရေးကြီးတယ်။ မကိုးကွယ်ရင်လည်း တစ်ယောက်ရဲ့ ဘာသာကို တစ်ယောက်လေးစားဖို့ လိုတယ်လို့ထင်ပါတယ်။
(ဟိန္ဒူဘာသာဝင်တစ်ဦး)

ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ အားလုံးဟာ ငြိမ်းချမ်းရေးကိုပဲ ရှာဖွေကြတာပါပဲ။တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ စစ်ပွဲတွေ ဆင်နွှဲဖို့ မဟုတ်ဘူး။ (ဗုဒ္ဓဘာသာဝင်တစ်ဦး)

“ကျွန်တော်တို့ ဘာသာတရားတွေအားလုံးဒီမှာ ငြိမ်းချမ်းစွာတည်ရှိတယ်ဆိုတာ ကမ္ဘာကိုပြဖို့လိုအပ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်လာမယ့် မျိုးဆက်တွေအတွက် တကယ်ပဲအရေးကြီးတယ်။ ကျွန်တော်တို့ အရင်မျိုးဆက်တွေကတော့ ဒီနိုင်ငံ ဒီမြို့မှာ မွတ်စလင်၊ ခရိယာန်၊ ဘဟာအီ ၊ ဂျူး၊ ဗုဒ္ဓဘာသာ အားလုံး အတူငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ခဲ့ကြတာ သိပြီးဖြစ်တယ်။ လူအဖွဲ့အစည်းတိုင်းဒါကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့်လူတိုင်း ဒီအစဉ်အလာကောင်းထဲမှာ ပါဝင်သင့်တယ်။”

Copyright @ ရန်ကုန်မြို့ SMILE ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း နှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID) တို့မှ ပူးပေါင်းစီစဉ်ရိုက်ကူးသည့်ရုပ်သံ။

Photo Credit-zainebl Blog

နိုင်မြတ်ဇော် (M-Media) မှ ကောက်နှုတ်ဖော်ပြသည်။

Leave a Reply