6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၇၊ ၂၀၁၈
M-Media

– ပြီးခဲ့တဲ့နှစ်က ကမ္ဘာဂြိုဟ်ရှိရာ နေအဖွဲ့အစည်းထဲကို ၀င်လာပြီး ပြန်ထွက်သွားတဲ့ ဆေးပြင်းလိပ်ပုံသဏ္ဍာန် အရာဝတ္ထုကြီးဟာ ကမ္ဘာကိုစုံစမ်းဖို့လာတဲ့ ဂြိုဟ်သားတွေရဲ့ယာဉ် ဖြစ်နိုင်တယ်လို့ ဟားဗက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

Oumuamua လို့ အမည်ပေးထားတဲ့ အဲဒီအရာဝတ္ထုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီမှာရှိတဲ့ Pan-STARRS 1 တယ်လီစကုပ်ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဥက္ကာခဲကြီးရဲ့ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်၊ နေရာတစ်ခုကနေ လာတယ်ဆိုတဲ့ အချက်တွေကြောင့် သိပ္ပံပညာရှင်တွေက ပထမပိုင်းမှာ ကြယ်တံခွန် ဒါမှမဟုတ် ဂြိုဟ်ငယ်လို့ ခေါ်ဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာ
‘ကြယ်ခရီးသွားယာဉ်’ လို့ ခေါ်တွင်ခဲ့ပါတယ်။ ဒီလိုအမည်သတ်မှတ်မှုဟာ အာကာသမိုင်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဟားဗက်တက္ကသိုလ်ရဲ့ အာကာသဌာန Harvard Smithsonian Center for Astrophysics က ပညာရှင်တွေရဲ့ သုတေသန စာတမ်းအသစ်မှာ အဲဒီ နီညိုရောင် ရှည်မျောမျောအရာကြီးဟာ အမြန်နှုန်း တစ်နာရီ ၁၉၆၀၀၀ မိုင် နှုန်းနဲ့ သွားနေပြီး ‘တစ်နေရာကနေလာတာ’ ဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။

“Oumuamua ဟာ ဂြိုဟ်သားအဖွဲ့အစည်းတစ်ခုက ကမ္ဘာဂြိုဟ်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာဖို့အတွက် တမင်ရည်ရွယ် စေလွှတ်လိုက်တဲ့ ယာဉ်တစ်ခု ဖြစ်နိုင်ပါတယ်”

ဇန်န၀ါရီလမှာ ကမ္ဘာဂြိုဟ်ရှိရာ နေအဖွဲ့အစည်းကနေ ထွက်သွားတဲ့ အဲဒီ ဥက္ကာခဲကြီးရဲ့ သွားနှုန်းအလွန်မြင့်မားမှု၊ ပုံမှန်မဟုတ်တဲ့ပုံသဏ္ဍာန်၊ အပူထုတ်လွှတ်မှု အလွန်နိမ့်ပါးမှုတွေ အပါအ၀င် အာသာကသ အရာဝတ္တုတွေမှာ တွေ့ရလေ့မရှိတဲ့ ထူးခြားတဲ့ အချက်တွေကြောင့် သိပ္ပံပညာရှင်တွေက ဒီလို သုံးသပ်ကြတာ ဖြစ်ပါတယ်။

“ထူးခြားတဲ့အခြေအနေကို စဉ်းစားရာမှာ Oumuamua ဟာ အလွန်နည်းပညာမြင့်တဲ့ ကိရိယာနေ ဥက္ကခဲတစ်ခုအဖြစ် ကြယ်တစ်ခုနဲ့တစ်ခုကို သွားလာနေတဲ့ နေစွမ်းအင်သုံးယာဉ် (light sail) ဖြစ်နိုင်ပါတယ်။ ” လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီစာတမ်းကို သိပ္ပံပညာရှင်တွေဖြစ်တဲ့ အေဘရာဟမ် လီယွဘ်နဲ့ ရှမူယဲလ် ဘီယာလီတို့က ပူးတွဲရေးသားခဲ့တာ ဖြစ်ပါတယ်။ လီယွဘ်ဟာ အာကာသိပ္ပံနဲ့ပတ်သက်တဲ့ စာတမ်းပေါင်း ၇၀၀ ကျော်လောက်ကို ရေးသားထားသူပါ။

လူသားတွေဟာလည်း အဲဒီလို light-sail နည်းပညာနဲ့ မောင်းနှင်တဲ့ ယာဉ်တွေကို တီထွင်ဖန်တီးနိုင်ပြီး ဂြိုတစ်ခုနဲ့တစ်ခုအကြား၊ ကြယ်တစ်ခုနဲ့တစ်ခုအကြား ပစ္စည်းတွေပို့ဆောင်ရာမှာ အသုံးပြုနိုင်တယ်လို့ စာတမ်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

“Oumuamua ဟာ နေအဖွဲ့အစည်းမှာတွေ့ရတဲ့အရာတွေထဲ တစ်နေရာရာကနေ လာတယ်လို့ သိရှိရတဲ့ ပထမဆုံးအရာဝတ္ထု ဖြစ်ပါတယ်”

Ref: CNN

Tags:

Comments are closed.