6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၆၊ ၂၀၁၉
M-Media

မာ့ခ် ဇက်ကာဘာ့ဂ်နှင့် ပြင်သစ်သမ္မတ မာခရွန်တို့ကို တွေ့ရစဉ်

-အွန်လိုင်းမှာ အမုန်းစကား ဖြန့်ချီတယ်လို့ သံသယရှိတွေရဲ့ လူတွေရဲ့ အချက်အလက်တွေကို လိုအပ်လာရင် တရားရေးတာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ဖို့ Facebook က သဘောတူထားတယ်လို့ ပြင်သစ် နည်းပညာဝန်ကြီး စီဒရစ်အိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ဟာ အွန်လိုင်း အမုန်းစကားနဲ့ သတင်းအမှားတွေ ဖြန့်ချီမှုကို တားဆီးထိန်းချုပ်မှုမှာ ကမ္ဘ္ဘာကို ဦးဆောင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ဦးဖြစ်ပါတယ်။

မာခရွန်နဲ့ Facebook ကို တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီလို သဘောတူညီချက် ထွက်လာတာ ဖြစ်ပြီး အမုန်းစကားနဲ့ပတ်သက်လို့ အချက်အလက်တွေ လွှဲပြောင်းပေးအပ်ရေး Facebook ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Facebook ဟာ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းမှာ ပြသစ်နိုင်ငံနဲ့
ပူးပေါင်းဆောင်ရွက်နေပြီး ပြင်သစ် တရားသူကြီးတွေက တောင်းဆိုလာရင် အကြမ်းဖက်မှုအတွက် သံသယရှိသူတွေရဲ့ IP လိပ်စာတွေ၊ အခြား အချက်အလက်တွေကို လွှဲပြောင်းပေးအပ်နေပါတယ်။

ပြင်သစ် နည်းပညာဝန်ကြီး စီဒရစ်အိုက Facebook ဟာ အမုန်းစကားနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့တယ်လို့ Facebook တာဝန်ရှိသူ နစ်ဂလက်နဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

“ဒါဟာ သတင်းကောင်းပါ။ တရားရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို အရေးပါပြီး ပြင်သစ်နိုင်ငံရဲ့အကျိုးအတွက် လုပ်ပေးတာလည်း ဖြစ်ပါတယ်”

ဒါဟာ Facebook နဲ့ ပြင်သစ်အာဏာပိုင်တွေအကြား လတ်တလော ဆွေးနွေးမှုတွေရဲ့ ရလဒ်ဖြစ်တယ်လို့လည်း စီဒရစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မတ်လက ၀န်ကြီးဖြစ်လာပြီးတဲ့နောက် စီဒရစ်ဟာ အွန်လိုင်းမှာ အမုန်းစကား တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ခဲ့ပြီး မာ့ခ်ဇက်ကာဘာ့ဂ်အပါအ၀င် Facebook တာဝန်ရှိသူ တော်တော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။

Ref: Reuters

Tags:

Comments are closed.