6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၃၊ ၂၀၁၅
M-Media

လယ်ယာထွက်ကုန်ဈေးအတွက် ပြင်သစ်လယ်သမားများ ထွန်စက်မောင်း ဆန္ဒပြ
…………………………………………..
လယ်ယာထွက်ကုန်များ၏ ဈေးနှုန်း မျှတမှုမရှိခြင်းကို ဆန္ဒပြသည့်အနေဖြင့် ပြင်သစ်နိုင်ငံတစ်ဝှမ်းမှ လယ်သမားများမှာ ၎င်းတို့၏ ထွန်စက်များကို ပဲရစ်မြို့သို့ ယနေ့မှစတင်ကာ မောင်းနှင်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုကို ပြင်သစ်နိုင်ငံ၏ အကြီးဆုံး လယ်ယာသမဂ္ဂ FNSEA မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ထွန်စက်ပေါင်း ၁၇၃၃ ခု ပါဝင်ခဲ့သည်။ လယ်သမားများမှာ ဥရောပတွင် လယ်ယာထွက်ကုန်များ၏ ဈေးများ မြှင့်တင်ပေးရေး ဥရောပသမဂ္ဂက ဆောင်ရွက်ရန်နှင့် အခွန်လျော့ချပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

လစ်သူယေးနီးယားတွင် နေတိုးအဖွဲ့က စစ်စခန်းဖွင့်
…………………………………
ရုရှား၏ရန် ရှိနေသည်ဆိုသော လစ်သူယေးနီးယားမြို့တော် ဗီလ်နီယက်စ်တွင် နေတိုးအဖွဲ့က စစ်စခန်းတစ်ခုကို ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ နေတိုးမဟာမိတ်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန့်စ် စတိုလ်တန်ဘာ့ဂ်နှင့် လစ်သူယေးနီးယားသမ္မတ ဒါလီယာ
ဂရီဘောက်စ်ကေတီတို့ တက်ရာက်ခဲ့ကြသည်။ အဆိုပါစစ်စခန်းမှာ လစ်သူယေးနီးယားတွင် ဖွင့်လှစ်မည့် စစ်စခန်း ၆ ခုမှ တစ်ခုလည်းဖြစ်ပြီး ဘူလ်ဂေးရီးယား အက်စတိုးနီးယား၊ လက်ဗီယား၊ ပိုလန်နှင့် ရိုမေးနီးယားတို့တွင်လည်း နေတိုးအဖွဲ့က စစ်စခန်းများ ဖွင့်လှစ်ခဲ့သည်။

ဒုက္ခသည်များအတွက် တံခါးဖွင့်ထားသည်ဟု တူရကီပြော
…………………………………
ပဋိ့က္ခများကြောင့် ထွက်ပြေးလာခဲ့ရသည့် ဒုက္ခသည်များအား မိမိတို့က တံခါးဖွင့်ထားသည်ဟု တူရကီဝန်ကြီးချုပ် အဟ်မဒ် ဒါဗူတော့ဂ်လူက ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားလိုက်ပြီး၊ အဆိုပါဝန်ထုတ်ဝန်ပိုးကို ဥရောပနိုင်ငံများကလည်း မျှဝေထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။ တူရကီမှာ အိမ်နီးချင်း ဆီးရီးယားမှ ဒုက္ခသည်များစွာကို လက်ခံထားသည်။

Ref: News Agencies

Leave a Reply