6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ရှင်သန်နေသော အစ္စလာမ့် စိတ်ဓါတ် အမည်ရ ကနေဒါနိုင်ငံ၏ အကြီးဆုံး မွတ်စလင် အခမ်အနား တစ်ခုအား မြို့တော်တိုရန်တို ၌ ၉ကြိမ်မြောက်အဖြစ် ကျင်း ပနိုင် ခဲ့ရာ ကနေဒါမွတ်စလင် ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ယင်း အခမ်းအနား သို့ နိုင်ငံတကာမှ အထင်ကရ အာလင်မ် များ ၊ လူမှုရေး ခေါင်း ဆောင်များ တက်ရောက်ဟောပြောသကဲ့သို့ တက်ရောက်သူများ၏ မေခွန်းများစွာကို လည်းဖြေကြားပေးခဲ့ကြောင်းသိရသည်။ ပညာရေး၊ သဘောထားကြီးတက်မှု ၊ မွတ်စလင်ဘ၀ အား ပြန်ဆန်းစစ်ပိုင်းခြားမှု ၊ နှင့် ကွဲပြားသောယဉ်ကျေးမှုများအကြားပေါင်းကူးပေးခြင်း ၊ အပြန်အလှန် လေးစားဂုဏ် ပေးခြင်း စသည့်တန်ဖိုးများကနေဒါ မွတ်စ လင်လူငယ်များအကြား ဆက်လက်ရှင်သန်နေစေရန် အတွက်ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ မွတ်စလင် အခမ်းအနား သို့ အထင်ကရ အစ္စ လာမ့်ပညာရှင်များဖြစ်ကြသော အောက်စဖို့တက္ကသိုလ်မှ တာရစ်ရမဒန် ၊ ရုပ်သံ တရားဟောဆရာ အမီးရ်ခါလီဒ် ၊ မြောက်အမေရိကန် အစ္စလာမ် အစည်း အရုံး အကြီးအကဲဟောင်း အန်ဂရီဒ် မသ်ဆန် ၊ အမေရိကန် ဇိုင်တွန်နာ ကောလိပ်မှ ရှိုခ် ဟမ်ဇာ ယူစွဖ် ၊ ဓမ္မကဆီဒါ အဆိုရှင် ယူဆွဖ်အစ္စလာမ်တို့ မှ တက် ရောက် လာသူ ကနေဒါမွတ်စလင်များအား ဓမ္မအသိမျှဝေပေးခဲ့ကြသည်။ တက်ရောက်လာသူ ကျောင်းသူ မွတ်စလင် အမျိုး သမီး ငယ်က ကျွန်မနှလုံးသားမှာအမြဲလိုလို အ တွေး နှစ်ခု အားပြိုင်နေတာရှင့် တစ်ခုက ကျွန်မဟာ ကနေဒါ အမျိုးသမီးဖြစ်တယ်ဆိုတာရယ် နောက်တစ်ခု က မွတ်စ လင်မိန်းကလေးဖြစ်တယ်ဆိုတာ ရယ် ပေါ့ ဟု ပြောပြပါသည်။ အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ သော ၉/၁၁ဖြစ်ရပ်ပြီး နောက်ပိုင်း အစ္စလာမ် သွန်သင်ချက်အ စစ်အ မှန်ကို ဒီလိုမျိုး အခမ်းအနားတွေကနေ အ နောက် ကမ္ဘာသို့ရှင်းလင်းတင်ပြ ခဲ့ပါတယ် ။ ကျွန်တော်တို့ မွတ်စလင်တွေမှာ ရှင်း ပြဖို့ ပိုလို့ တောင် တာဝန်ရှိ နေပါတယ် ။ ကျွန်တော်တို့တတွေဟာ မွတ်စလင် တွေသာ မက ကနေဒါနိုင်ငံသားတွေလည်းဖြစ်ပါတယ် .ဒီနှစ်ခု က ဆန့်ကျင် ဘက် တွေမ ဟုတ်ပါဘူး အတူ တူပဲဖြစ်ပါတယ် ဟု အခမ်းအနား ကျင်းပ ရေး တာဝန်ခံ တစ်ဦးဖြစ်သူ အိုင်မန် ဖာရိစ်ကရှင်းပြခဲ့ပါသည်။

Leave a Reply