6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၂၄။       ။ FBI အရာရှိတွေက သတင်းပေးသူလျို တစ်ယောက်ကို ကယ်လီဖိုးနီးယားက ဗလီတွေမှာ သူလျိုအဖြစ် တာဝန်ထမ်းဆောင်ဖို့ ခိုင်းစေခဲ့တာကြောင့် မွတ်စလင်ရာပေါင်းများစွာရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်လို့ American Civil Liberties Union (ACLU) နဲ့ Council on American-Islamic Relations တို့ရဲ တရားစွဲဆိုချက်အရ သိရပါတယ်။
ကြေးစားသူလျို Keith Monteilh ဟာ လူမှုအဖွဲ့အစည်း တစ်ခုခုအတွင်းမှာပဲ နေထိုင်လေ့မရှိပဲ ကွဲပြားခြားနားတဲ့ လူစုတွေကြားမှာ ထိုးဖောက်ဝင်ရောက်ပြီး ဘာသာရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာလကြာမြင့်စွာ စုဆောင်းခဲ့တယ်လို့ လော့အိန်ဂျလိစ်မှာ စွဲချက်တင်ခဲ့တယ့် တရားစွဲချက်မှာ အခိုင်အမာဖေါ်ပြထားပါတယ်။
Monteilh ကိုခိုင်းစေတဲ့ FBI အရာရှိတွေက အီးမေးလ်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ နဲ့ အခြား မွတ်စလင်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ သူ့ကိုပြောခဲ့သလို အစ္စလာမ်ဟာ အမေရီကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ဗြောင်ပြောဆိုခဲ့တယ်လို့လည်း အတိအကျဖော်ပြထားပါတယ်။
“ FBI တွေက သူလျိုကို နိုင်ငံအတွင်း မွတ်စလင်တွေ နေထိုင်တဲ့ဒေသအမျိုးမျိုးကို ပို့ခဲ့ပါတယ် ” လို့ Christian Science Monitor က ACLU ရဲ့ ရှေ့နေ Peter Bibring ရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။ “ နိုင်ငံတွင်း မွတ်စလင်လူစု တစ်ခုလုံးက သူလျိုကို ၁၄ လကြာ စောင့်ကြည့်ပြီးချိန်မှာတော့ သူ့လုပ်ရပ်တွေဟာ ကိုယ်ပိုင်လှုပ်ရှားတာ မဟုတ်ဘူးဆိုတာ သိလာရပါတယ် ” လို့ Peter Bibring ကထပ်လောင်း ပြောကြားသွားပါတယ်။
FBI ဟာ မွတ်စလင်တွေရဲ့ ဘာသာရေးယုံကြည်မှုတွေကို ပစ်မှတ်ထားတယ်လို့ ACLU က သက်သေပြနိုင်ခဲ့ရင် အမှုနိုင် နိုင်ပါတယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောကြားပါတယ်။
Copyright Asian News International/DailyIndia.com

Leave a Reply