5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မလေးရှားနိုင်ငံ kampung sungai gahal,hulu langat တွင်မနေ့က မြေပြိုမှု တစ်ခုဖြစ်ပွ့ါး ခဲ့ရာ မိဘမဲ့ကလေး ဂေဟာနှင့် မိဘမဲ့ကလေးများ ၏ဘာသာရေး စာသင်ကျောင်း မဒရ်ဆာ(အလ်သက်ဝါ)  တို့ အပေါ်သို့ ကံဆိုးစွာပင် ပြိုကျထိမှန်ခဲ့ပါတယ်………………..

အဲ့ဒိ မိဘမဲ့ဂေဟာ နဲ့စာသင်ကျောင်းလေးမှာ ကျောင်းသား/သူ ဆရာဆရာမ ၂၅ဦးခန့်ရှိပြီး ၁၆ဦးသေဆုံးကာ ၉ဦးဒါဏ်ရာ

ရရှိခဲ့ပါတယ်………..သေဆုံးသူများထဲမှ အများစုမှာ အသက်(၈)နှစ် မှ(၁၉)နှစ် အတွင်း ခလေးသူငယ်များဖြစ်ကြပြီး

အခင်းဖြစ်ပွါးရာနေရာသို့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တွေ ချက်ချင်းရောက်လာကြကာ ညတွင်းချင်းမှာပဲ အသက်ရှင်နေသူများကိုကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသွားသူများရဲ့အလောင်းများကိုလည်း ယူထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်…………

မလေးရှားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် MUHYIDDIN YASIN ကိုယ်တိုင် အဲ့ဒီနေရာသို့ ညတွင်းချင်းရောက်ရှိ ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

သေဆုံးကွယ်လွန်သွားသူ များကို ဒီနေ့ စုလ်တန်ဟေရှာမုဒ္ဒင်ရှားဟ် ဗလီမှာ ဂျနာဇာဟ်ဆွလာသ် ၀တ်ပြုခဲ့ပြီး ဇဟိုရ် ဆွလာသ် ၀တ်ပြုအပြီးမှာ ဒဖန် ပြုခဲ့ကြောင်းသိရပါတယ်…………

မလေးရှားနိုင်ငံမှ berita harian online သတင်းကို

ဆီလျှော်အောင်ဘာသာပြန်ဆိုတင်ပြတာပါ……….

—————————————————————————————————————————————————-

မလေးရှား မြေပြိုမှု လူ ၁၂ ဦး သေဆုံး (BBC သတင်း)

malaysia

မလေးရှား နိုင်ငံမှာ ၂ ကြိမ် တိုင်တိုင် မြေပြို ကျမှုတွေ ဖြစ်ခဲ့ တာကြောင့် ကွာလာ လမ်ပူ မြို့တော် အနီးက မိဘမဲ့ ဂေဟာ တွေ ရဲ့အစိတ် အပိုင်း တခိျု့ဟာ မြေကြီး အောက် ရောက်သွား ခဲ့ရတယ်လို့ မလေးရှား ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီမြေပြိုကျမှု ကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ရပြီး အဲဒီထဲက အများစုဟာ ခလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူတော်တော်များများ ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ ၄ ဦးကတော့ ပြောက်ဆုံး နေဆဲပဲ ဖြစ်ပါတယ်။

မိဘမဲ့ ဂေဟာ နှစ်ခုဟာ တခုနဲ့ တခု စက္ကန့် ပိုင်းပဲ ခြားပြီး မြေကြီးအောက် ရောက်သွား ခဲ့တယ်လို့ မလေးရှားရဲက ပြောပါတယ်။ ဂေဟာတခုက ခလေး အယောက် နှစ်ဆယ်နဲ့ သူတို့ကို ထိန်းသိမ်း စောင့်ရှောက် နေတဲ့ ဂေဟာဝန် ထမ်းတွေဟာ တဲတခု အောက်မှာ ဝင်ခိုနေတဲ့ အချိန်မှာ သူတို့ တဲပေါ်ကို မြေကြီးတွေ ပြိုကျလာပြီး မြေကြီး အောက် ရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။

အဖြစ်အပျက်က အရမ်း မြန်လွန်းတဲ့ အတွက် ဘယ်သူမှ ထွက်ပြေးဖို့ အချိန် မရလိုက် ကြဘူးလို့ အာဏာပိုင် တွေက ပြောပါတယ်။

ဒီမိဘမဲ့ ခလေးများ ဂေဟာဟာ ဆီလန်ဂါ ပြည်နယ်က တောင်ကုန်း တခုရဲ့ ဘေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ မိုး အကြီးအကျယ်ရွာတဲ့ အတွက် မြေကြီးတွေ ပြိုကျလာတာ ဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံ ပါတီက တီယန်ခြွာ ဆိုသူကတော့ အစိုးရက ဒီဒေသမှာ အဆောက်အဦတွေ ဆောက်ဖို့ သစ်ပင်တွေ အကြီးအကျယ် ခုတ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး ဒီလို မြေပြိုမှုတွေ ဖြစ်ရတာလို့ ထောက်ပြပါတယ်။

ဒီရက်ပိုင်းတွေ အတွင်း မိုးကောင်းနေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေပြီး မြေကြီးဟာ မိုးရေနဲ့ နယ်ထားသလို ဖြစ်နေတဲ့ အတွက် နူးအိနေပြီး မြေတူးစက်တွေနဲ့ အလုပ်မဖြစ်ဘူးလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ အဲဒိအတွက် ပေါက်တူး ပေါက်ပြားတွေနဲ့ တူးဆွ ရှင်းလင်းပြီး အသက်ရှင်သူတွေ ရှိလို့ရှိငြား ရှာနေ ရတယ်လို့ ပြောပြပါတယ်။

Leave a Reply