6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၄ ရက်၊ ၂၀၁၃

M-Media

မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုး လှုံဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို စုံစမ်းစစ်ဆေး အရေးယူပေးရန်အတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး ကွန်ရက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က စာပေးပို့ခဲ့ကြောင်းသိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
နေပြည်တော်။

ရက်စွဲ။ ။၂၀၁၃ခုနှစ်၊ ဧပြီလ (၁)ရက်။

အကြောင်းအရာ။ ။မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား စုံစမ်းစစ်ဆေး အရေးယူပေးပါရန်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြလျက်ရှိရာ၊ နိုင်ငံသားများအတွက် တရားမျှတမှု၊ သာတူညီမျှမှု၊ တရားဥပဒေစိုးမိုးရေးတို့ကို ဦးတည်၍““ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးကွန်ရက်”” (Peace and Justice-Building Network) အမည်ဖြင့်၊ (၂၇-၃-၂၀၁၃)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။

ရခိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှု များရှိလာခဲ့ပြီး၊ ရန်ကုန်မြို့၊ လှိုင်သာယာနှင့် သာကေတမြို့နယ်များတွင် ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့ရှိဗလီများကို ဖျက်စီး၊ ဘာသာရေး စာသင်ကျောင်းများကို ဖျက်၊ နေအိမ်များကို မီးရှို့၊ ဈေးဆိုင်များကိုလုယက်၊ လူများကိုသတ်ဖြတ်သော အကြမ်းဖက်ဖြစ်ရပ်များ ၀မ်းနည်းကြေကွဲဖွယ်ရာဖြစ်ပွားခဲ့ပါသည်။ လူအသေအပျောက်များရှိခဲ့ပြီး၊ လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်လျက်ရှိပါသည်။

ထိုမှဆက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တ လင်း၊ ဇီးကုန်းမြို့များရှိ ဗလီများကို ဖျက်စီး လူသတ်အကြမ်းဖက် လုယက်ခဲ့ကြပါသည်။ကြို့ပင်ကောက်မြို့တွင် ဗလီ(၁)လုံးကို ဘူဒိုဇာဖြင့် ဖျက်စီးခဲ့ကြပါသည်။
ရန်ကုန်မြို့၌ပင် ကျီးလန့်စာစား အခြေအနေသို့ ရောက်ရှိလာပြီး လူအများ၏နေ့စဉ်လူမှု စီးပွားရေး ဘ၀များ ပျက်ယွင်းလာနေချိန်တွင် နိုင်ငံတော်သမ္မတကြီးမှ သွေးထိုးလှုံ့ဆော်၊ ပဋိပက္ခဖန်တီးသူများအား အရေးယူမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ရာ၊ သမ္မတကြီး၏မိန့်ခွန်းအား များစွာနှစ်ထောင်းအားရ ရှိခဲ့ကြပါသည်။

ရိုးသားစွာတင်ပြရလျှင် ထိုသို့သော အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်မှုများကို ဆက်လက်မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်ဟန့်တား၍ ထိရောက်စွာ အရေးယူရမည်ဖြစ်ပါသည်။ ပဋိပက္ခ္ခများကို အထိရောက်ဆုံး ကာကွယ်ရန် နည်းလမ်းမှာ သွေးထိုးလှုံဆော်မှုများကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများကို ဥပဒေနှင့်အညီအချိန်မှီ အရေးယူဖော်ထုတ်ရန် အရေးကြီးပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ရခိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ရခိုင်ပြဿနာ များသည် မြန်မာပြည်(အခြားတိုင်းနှင့် ပြည်နယ်များ)သို့ ကူးစက်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ၅လခန့်က ကြိုတင်၍ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။“ ရခိုင်ကိစ္စသည် ရခိုင်များဖန်တီးခြင်း မဟုတ်ကြောင်း၊ ပြီးလာပြီးခါမှ ရခိုင်တွေအကုန်လုံးကို သွတ်သွင်းခဲ့ကြောင်း၊ ကန့်လန့်ကာနောက်ကွယ်တွင် အဖွဲ့အစည်း ရှိကြောင်း၊ ဘယ်သူလဲဆိုတာ လက်ညှိုးထိုးပြီးတော့ ပြောလို့မကောင်းကြောင်း၊” ၄င်း ရခိုင်ပြဿနာသည် မြန်မာပြည်ကို ကူးတော့မည်ဟု ယူဆလျှုင် မနက်ဖြန်ကူးမည်ဆိုလျှင် ဒီနေ့ရပ်လိမ့်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကြီးမှာ ရခိုင်နှင့်မဟုတ်ဘဲ ဗမာတွေနှင့် ပြဿနာဖြစ်တော့မည်ဟု ယူဆသည့်နေ့တွင် ယခုဖြစ်နေသော ပြဿနာငြိမ်း သွားလိမ့်မည်ဖြစ်ကြောင်း၊”ဒေါက်တာအေးမောင်နှင့် မြန်မာပို့စ်သတင်းဂျာနယ် (အတွဲ-၄၊ အမှတ်-၄၂)တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြခဲ့ပါသည်။ကြိုတင်၍ အကွက်ကျကျ စီမံခဲ့ခြင်းဖြစ်၍ မိတ္ထီလာမြို့တွင် ပြဿနာရှာရန် အကြောင်းပြချက် သက်သက်ဖန်တီးခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။

(၂၅-၁၀-၂၀၁၂)ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၂)အရလည်း “ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့်၊ ၄င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည် ””ဟု (၂၆-၁၀-၂၀၁၂)ရက်စွဲပါ နေ့စဉ်သတင်းစာ များတွင် ဖော်ပြခဲ့ပါသည်။နိုင်ငံသားများ၏လူ့အခွင့်အရေးကို ကာကွယ်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈-၁၁-၂၀၁၂)ရက်စွဲပါ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂)အရလည်း ပဋိပက္ခများတစ်ကျော့ပြန် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်ကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေသည် (၂၆-၃-၂၀၁၃)ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် “နိုင်ငံရေးပါတီတစ်ချို့လည်း နောက်ကွယ်မှာ ရှိနေကြောင်း”ထည့်သွင်း ပြောကြားခဲ့ပါသည်။

သို့ဖြစ်၍ နိုင်ငံတော်အကြီးအကဲများလည်း သိရှိထားပြီးသော ပဋိပက္ခများကို ဖန်တီးကြိုးကိုင်၍ ကန့်လန့်ကာနောက်ကွယ်မှ ပြစ်မှုကျူးလွန်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးပါရန် အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

တောင်းဆိုချက်များ

၁။ နိုင်ငံတော်
ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအ၀င် အခြားတိုင်းနှင့် ပြည်နယ်များရှိမြို့များရှိ ဗလီဝတ်ကျောင်း များ၊ ဘာသာရေးစာသင်ကျောင်းများ အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်၊ ပစ္စည်းများကို နိုင်ငံတော်မှ နောက်နောင်ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်စောင့်ရှောက် ပေးပါရန်။

၂။ နိုင်ငံရေးပါတီများ
၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများ ဘာသာရေးအဖွဲ့အစည်းများ၊ အားလုံးလက်တွဲ၍ တိုင်းပြည်အတွက် ကျရောက်လာမည့် အန္တရာယ်ကို ဆက်လက်မဖြစ်ပွားစေရေး ကြိုတင်စုပေါင်း ကာကွယ်ရန်၊ ရှုံ့ချသော ကြေညာချက်များ ထုတ်ပြန်ပေးရန်။

၃။ သံဃာတော်များ
ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ သံဃာတော်များမှ ဗုဒ္ဓဘာသာတရားစစ်၊ တရားမှန်များကို ဟောကြားသင်ပြပေးပါရန်။

၎။ တရားရေး
ပြစ်မှုကျူးလွန်မှုများကို တရားစွဲအဖွဲ့အစည်းများနှင့် တရားရုံးများမှ တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူအပြစ်ပေးရန်။

၅။ မီဒီယာနှင် အင်တာနက်
ဘာသာတရားတစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်ပွားစေရန် သွေုးထိုးလှုံ့ဆော်သည့် အရေးအသားများကို ရှောင်ကျဉ်၍ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ဦးတည်၍ ရေးသားရန်နှင့် သွေးထိုးလှုံဆော်သော ဂျာနယ်များကို အရေးယူရန်။ အင်တာနက်တွင် ဘာသာရေး အမုန်းတရားရန်တိုက်သော Hate Speech များကို အရေးယူရန်၊ တားမြစ်သည့်အမိန့်မားထုတ်ပြန်ရန်၊ လိုအပ်လျှင်ဥပဒေပြဌာန်းပေးပါရန်။

၆။ ဒုက္ခသည်များ
မန္တလေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများ အတွင်းရှိ ဒုက္ခသည်များ(လူမျိုး/ဘာသာမခွဲခြားဘဲ)အား နိုင်ငံတော်မှ လုံခြုံရေး စီစဉ်ပေးရန်နှင့် မိမိတို့ မူလနေရပ်များတွင် နေအိမ်များပြန်လည်ဆောက် လုပ်ခွင့်ပြုရန်။

၇။ ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ
ပျက်စီးသွားသော ဗလီများ၊ စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဆောက်လုပ်ခွင့်ပြုရန်။

၈။ CD , DVD အခွေများ
တရားမ၀င်သွေးထိုးလှုံဆော်သော CD,DVD အခွေများ၊ အမှတ်အသားများကို သိမ်းဆည်း အရေးယူရန်။

၉။ မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းပေးရန်
တရားမ၀င်ကြိုးကိုင်လှုပ်ရှားသော အဖွဲ့အစည်းများကို မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းရန်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးများ အားလုံးတို့သည် ငြိမ်းချမ်းစွာ၊ အေးအတူပူအမျှ၊ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြသော သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြသည့် အလျှောက်၊ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ကျွန်တော်များ ကွန်ရက်အနေဖြင့် တက်တက်ကြွကြွပါဝင်ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒပြုအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်

president1-page-001 president2-page-001 president3-page-001 president4-page-001

Leave a Reply