5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြင့်မြတ်မှန်ကန်တော်မူတဲ့ အလ္လာဟ်(စွဗ်ဟာနဟူဝသအားလ) ရဲ့ နာမတော်နဲ့အစပြုပါတယ်။

MMSY မှာအဖွဲ့ဝင်တစ်ယောက်ဖြစ်တာ တော်တော်ကြာပြီဖြစ်ပေမယ့် ရုံးတစ်ဖက်၊ တစ်ခြားလူမှုရေးကိစ္စတွေနဲ့မို့ ဘာပို့စ်မှ မတင်ဖြစ်သလို စုပေါင်းလုပ်ဆောင်တဲ့ပွဲတွေမှာလဲ မပါဝင်ဖြစ်ခဲ့ပါဘူး။ အလုပ်မအားတဲ့ကြားကပဲ ရေးသားချင်စိတ်ပြင်းပြနေတဲ့အချိန်မှာ အလ္လာဟ့်အသနားတော်နဲ့ ဒီပို့စ်လေးရေးဖြစ်ခဲ့တာပါ။ ဆော်ဒီအာရေးဗီးယား၊ လန်ဒန် နဲ့ အမေရိကန်လို နိုင်ငံတွေမှာ အမျိုးသမီးတွေ ဗလီတက်ပြီး နမားဇ်ဝတ်ပြုခွင့်ရှိတာ လူတိုင်းလိုလိုသိပြီးသားပါ။ ဒါကြောင့် ဟောင်ကောင်မှာလဲ ဒီလိုပဲ ၀တ်ပြုနိုင်တယ်ဆိုတာ မသိသေးတဲ့သူတွေကို ဗဟုသုတအဖြစ် သိစေချင်တာရော၊ ဗလီဝတ်ကျောင်းတော်တွေမှာ အမျိုးသမီးတွေနမားဇ်ဝတ်ပြုခွင့်ရတဲ့အတွက် အလုပ်လုပ်တဲ့၊ အလည်အပတ်သွားလာနေတဲ့ အမျိုးသမီးတွေအတွက် နမားဇ်ဖတ်ဖို့ ဘယ်လောက်လွယ်ကူမှုရှိတယ်ဆိုတာကိုပါ မျှဝေချင်တာပါ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ  ၁၉၉၇ကစတင်ပြီး အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဟောင်ကောင်မှာ လူဦးရေ ၇ သန်းကျော် (၀ီကီပီးဒီးယား) နေထိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းက တရုတ်လူမျိုးစစ်စစ်တွေပါ။ ဟောင်ကောင်မှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အခြေခံဥပဒေ တစ်ရပ်အနေနဲ့ ကာကွယ်ပြဌာန်းထားပါတယ်။ အစ္စလာမ်ဘာသာဝင် ရှစ်သောင်းကျော်နေထိုင်ပြီး ဗလီ ၄ လုံးနဲ့ အစ္စလာမ်မစ်စင်တာ တစ်ခုရှိပါတယ်။ ဟောင်ကောင်တက္ကသိုလ်၊ စီးတီးတက္ကသိုလ တို့မှာလဲ နမားဇ်ဝတ်ပြုဖို့အဆောင်တွေရှိပြီး ဂျွမ္မာနေ့ဆိုရင် ဗလီတစ်လုံးဆီက ရှေ့ဆောင်တစ်ယောက် အလှည့်ကျ လာရောက်ဦးဆောင်ဝတ်ပြုပေးပါတယ်။ မာရှာလ္လာဟ် သဗ္ဗလီးဂ် ဂျမာအ်သ်တွေလဲနေစာဟ်ဗ်အလိုက်ဖြစ်နေပါတယ်။

ဒေသခံတရုတ်မွတ်စ်လင်မ်တွေ၊ လာရောက်ပြောင်းရွှေ့နေထိုင်တဲ့ ပါကစ္စတန်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်လူမျိုး မွတ်စ်လင်မ်တွေကို နမားဇ်အချိန်မှာ တစ်စုတစ်စည်းတည်းတွေ့နိုင်ပါတယ်။

ဗလီတွေထဲမှာ ၁၈၄၀ ပါတ်ဝန်းကျင်လောက်ကတည်ဆောက်ခဲ့ပြီး ၁၉၁၅မှာ ပြန်လည်ပြုပြင်ခဲ့တဲ့Shelly ဗလီဝတ်ကျောင်းတော်ကသက်တမ်းအကြာမြင့်ဆုံးပါ။ ဒီဝတ်ကျောင်းတော်ကို သမိုင်းဝင်အဆောက်အဦတစ်ခုအဖြစ်လည်း ထိန်းသိမ်းထားပါတယ်။ ဗလီတိုင်းမှာ အမျိုးသား၊အမျိုးသမီးသီးသန့်ဝူဇူဆောင်၊ ၀တ်ပြုဆောင်တွေ၊ အမျိုးသမီးတွေအတွက်ဆိုရင်လဲ သဗ်စ်ဗီးဟ်တွေနဲ့ နမားဇ်ဝတ်စုံတွေကို အလွယ်တကူထားထားတာမို့ ဘယ်ကနေ လှည့်ဝင်လာလာ အဆင်သင့်ဝတ်ပြီးဖတ်လိုက်ရုံပါပဲ။ တနင်္ဂနွေပိတ်ရက်ဆိုရင် ဟောင် ကောင်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်မွတ်စ်လင်မ်မလေးတွေ အာရဗီစာလာရောက်သင်ယူနေတာ အများကြီးပါပဲ။

၁၉၈၄မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Kowloon ၀တ်ကျောင်းတော်မှာ လူ ၃၅၀၀ တစ်ပြိုင်နက်တည်း ၀တ်ပြုနိုင်ပါတယ်။ Kowloon က ကျွန်မတို့ ရန်ကုန်က ဆူးလေလို တကယ့်အချက်အချာနေရာမျိုးပါ။ ဒါကြောင့် ဗလီပတ်ချာလည်က ဈေးဆိုင်တွေ၊ ရှော့ပင်းမောလ်တွေနဲ့ အလည်အပတ်လာရောက်တဲ့ တစ်ခြားနိုင်ငံက မွတ်စ်လင်မ်အမျိုးသား၊ အမျိုးသမီးတွေအတွက် နမားဇ်ကို လုံးဝပူစရာမလိုတော့ပါဘူး။ မြန်မာပြည်က မွတ်စ်လင်မ်အမေ၊ အမတိုင်း ကြုံဖူးကြမှာပါ။ အပြင်ထွက်လည်ပတ်၊ ဈေးဝယ်ထွက်ရင် ဇိုဟိုရ်ချိန်မီအောင် အမြဲပြေးကြရ ပါတယ်။ ဆိုပါတော့ မင်္ဂလာဈေးမှာဈေးလာဝယ်တဲ့ မင်္ဂလာဒုံက အမျိုးသမီးတစ်ယောက်အတွက် ဇိုဟိုရ်နမားဇ်အချိန် နောက်ဆုံးဖတ်လို့ မီအောင် အိမ်ပြန်ရတာ တကယ်မလွယ်လှပါဘူး။ ဒီလိုအတွေ့အကြုံတွေနဲ့ကျွန်မလို မြန်မာမတစ်ယောက်အတွက်တော့ ကောင်လွန်းလို နေရာမှာ လည်ပတ်၊ နမားဇ်အချိန်ပြေးဖတ်ပြီး၊ နောက်ထပ်လည်ချင်တဲ့နေရာကိုခရီးဆက်ရတာ တကယ့်ကိုကြီးမားတဲ့ နိမာသ်တစ်ခုပါပဲ။ အမျိုးသမီးနမားဇ်ဆောင်တဲ့ ၀င်လိုက်တာနဲ့ ဒီကမွတ်စ်လင်မ်အမျိုးသမီးတွေကိုလဲ ကျွန်မအရမ်းသတိရမိတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ဂျွမ္မာနေ့ရှင့်။ ကျွန်မတို့နိုင်ငံမှာလဲ အဲဒီလိုမျိုးအခွင့်အရေးလေးရဖို့ ကျွန်မအထူးဒိုအာလုပ်ဖြစ်ခဲ့ပါတယ်။

နောက်မှဆက်ပါဦးမယ်………..

(Aisha)

Leave a Reply