6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဂျီဟဒ်အပေါ်လွဲမှားသည့် ထင်မြင်ယူဆချက်များအား ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ဗြိတိသျှမွတ်စလင်မ်အမျိုးသမီး တဖွဲ့က အကြမ်းဖက်မှု နှင့် အိမ်တွင်းမတရားမှုမျိုးစုံအား တွန်းလှန်ရန် Campaign စည်းရုံးလှုံ့ဆော်မှုအသစ်တခုအား စတင်မည်ဟု သိရပါတယ်။

“အကြမ်းဖက်မှုအား ဆန့်ကျင်သည့် ဂျီဟာဒ် အား လူတွေက ဝိရောဓိစကားလုံးအဖြစ် ထင်နေကြပါတယ်။ တကယ်တော့ ကျွန်မတို့ ဂျီဟာဒ်ဟာ ငြိမ်းချမ်းရေးအတွက်ပါ” ဟု Campaign စည်းရုံးလှုပ်ဆော်မှု ဒါရိုက်တာ Sara Khan က The Guardian သတင်းစာကို ဂျွန်လ ၆ ရက်နေ့က ပြောခဲ့ပါတယ်။

အကြမ်းဖက်မှုများအား ဆန့်ကျင့်သည့် ဂျီဟာဒ်” ဟု အမည်ပေးထားသည့် Campaign ကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး အကြမ်းဖက်မှု မျိုးစုံကို တွန်းလှန်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

အဲဒီ Campaign က Terrorism အကြမ်းဖက်မှု၊ အိမ်တွင်းမတရားဖိနှိပ်မှု၊ အစ္စလာမ့်တရားတော်အား လက်တလုံးခြား ခုတုံးလုပ်ကာ ပြစ်မှုကျူးလွန်မှုများ စတဲ့ ရာဇဝတ်မှုတွေ ချေမှုန်းဖို့ အဓိကထား ရည်ရွယ်ပါတယ်။

အမျိုးသမီးများအား တန်ဖိုးထားသည့် အစ္စလာမ့်တရားတော်များအား အလေးထားကာ အမျိုးသမီးများအား နှိပ်စက်မှုများအား ရပ်တန်းကရပ်ရန်နှင့် မြင့်မြတ်တဲ့ အစ္စလာမ့်လမ်းညွှန်ချက်များအား ပြန်လည်ထိန်းသိမ်းရန် အမျိုးသားများအား လှုံ့ဆော်သွားခြင်းကို  ဒီ Campaign အသစ်က လုပ်ဆောင်သွားမည်ဖြစ်သည်။

“အစ္စလာမ်ဟာ အကြမ်းဖက်မှုအားလုံးနှင့် အမျိုးသမီးများအား ဖိနှိပ်မှုများနှင့် ထပ်တူထပ်မျှဖြစ်လာနေပါပြီ” ဟု Khan ကပြောခဲ့သည်။

“ကျွန်မတို့ သာသနာကို အကြမ်းဖက်မှုတွေလုပ်ဆောင်ဖို့ အသုံးချနေတာကို ကျွန်မတို့ ဘာမှမပြောပဲ ငြိမ်နေလို့ရတယ်လို့ ကျွန်မတို့ထင်ခဲ့ကြပါတယ်”

အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ဂျီဟာဒ်” Campaign သည် ကမ္ဘာ့မွတ်စ်လင်မ်အမျိုးသမီးများရှုရာကောင်စီ၏ အစီအစဉ်တခုဖြစ်သည့် အမေရိကန်မွတ်စလင် မြှင့်မှုများ ကဏ္ဍမှ အခြေခံလာခြင်းဖြစ်ပါသည်။

ဗြိသိသျှမွတ်စလင်အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များချပေးရန် လုပ်ဆောင်စဉ် ၎င်းတို့ “ယဉ်ကျေးမှု ရာဇဝတ်များ” ဟု ခေါ်တွင်သည့် မမှန်ကန်မှုများအား ပြင်ဆင်မည့် စည်းရုံးလှုံ့ဆော်ရေးအား ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါသည်။

အကြမ်းဖက်မှု မရှိစေရ

စည်းရုံးရေးလှုပ်ရှားသူများက သူတို့ရဲ့ ပထမဆုံးရည်မှန်းချက်ဟာ အကြမ်းဖက် terrorist များ ခိုးယူသုံးစွဲခဲ့သည့် “ဂျီဟာဒ်” ဆိုသည့် အသုံးအနှုံးအား ပြန်လည်ထိန်းသိမ်းရန် ဖြစ်သည်ဟု သိရပါသည်။

“ဂျီဟာဒ် အား ကမ္ဘာပေါ်ရှိ အစွန်းရောက်ဝါဒီများက အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ထင်ယောင်ထင်မှားပြုလုပ်မှုများအား ကျွန်တော်တို့ စိတ်ပျက်နေပါပြီ” ဟု သူတို့၏ အင်တာနက်ဝဘ်ဆိုဒ်ပေါ်တွင် အဖွဲ့ကဖော်ပြခဲ့ပါသည်။

“အစွန်းရောက်တွေက အလေးအမြတ်ထားစရာ အစ္စလာမ့် တရားတော်များအား သူတို့ရဲ့ လူသားတွေအပေါ် ဆိုးယုတ်တဲ့အပြုအမှုတွေပြုလုပ်ဖို့ တလွဲအသုံးချနေတာတွေကို မွတ်စလင်မ် အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက တိတ်ဆိတ်မနေဖို့ ကျွန်မတို့တိုက်တွန်းပါတယ်”

အစ္စလာမ့်သာသနာ့ပညာရှင်များက ကုရ်အာန်ကဖော်ပြသည့် ဂျီဟာဒ်ဆိုသည်မှာ မတရားမှုများအား ဖယ်ရှားရန်နှင့် ကောင်းမှုလုပ်ရန် “ရုန်းကန်ခြင်း” ဟု အကြိမ်ကြိမ်တိကျစွာ ကြေငြာခဲ့ပါသည်။

“ဂျီဟာဒ်” ဆိုသည့်စကားလုံးအား စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်းတွင် ဘာသာရေးစစ်ပွဲအဖြစ် အသုံးများလာကြသည်။

တဆူတည်းဘုရားအားကိုးကွယ်သော ဘာသာရေးသုံးခုလုံး၏ နာမည်ကြီး ဗြိတိသျှ စာရေးဆရာ Karen Armstrong ကလည်း အာရဗီစကားလုံး “ဂျီဟာဒ်” အား ဘာသာရေးစစ်ပွဲဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်းအား ဝေဖန်ခဲ့သည်။

ဘိုင်ဇင်တိုင်းဧကရာဇ်တစ်ပါး ပြောကြားခဲ့သည့် “အစ္စလာမ် အားဓားမိုး၍ ဖြန့်ချီခဲ့သည်” ဟူသော အချက်ကို ကိုးကား၍ အစ္စလာမ့်ဂျိဟားဒ် သဘောတရားအပေါ် မေးခွန်းထုတ်ခဲ့ခြင်းအားဖြင့် ပုပ်ရဟန်းမင်းကြီး Benedict XVI သည် နိုင်ငံတကာဝေဖန်မှုတို့အားခံခဲ့ရလေသည်။

ဗြိတိသျှနိုင်ငံသည် ၂ သန်းခန့်မျှသော မွတ်စလင်မ် လူနည်းစုနေထိုင်ရာဖြစ်ပြီး ဂျူလိုင် ၇ အကြမ်းဖက်မှုများနောက်ပိုင်း အကြမ်းဖက်မှုအားတုန့်ပြန်သည့် ဥပဒေများ၏ ဒဏ်ကိုအပြည့်အဝခံစားနေရသည်။

မွတ်စလင်မ်ဖြစ်ခြင်းကလွဲလို့ မည့်သည့်အကြောင်းပြချက်မှ မရှိပဲ ရဲများ၏ မတရားမမျှတစွာ ပြုမူမှုများကို အကြိမ်ပေါင်းများစွာ ခံနေရကြောင်း တိုင်ကြားခဲ့ကြရသည်။

Financial Times ပြည်သူ့အထင်အမြင် ခံယူပွဲတစ်ခုက ဗြိတိန်ဟာ မွတ်စလင်မ်များကို သံသယအဖြစ်ဆုံးနိုင်ငံတခုဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

MMSY အွန်လိုင်းက မွတ်စလင် သတင်းဘာသာပြန်ရအောင် ကဏ္ဍတွင် onislam မှ ယူဘာသာပြန်သည်။

Leave a Reply