6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ-၁၆၊၂၀၁၃
M-Media

မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ၄ နှစ်အရွယ် ကလေးငယ်သေနတ်ဖြစ် ပစ်ခတ်မှုကြောင့်  ၁၁ နှစ်ရွယ်ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။

amin20130515172855317

An American little girl shoots with a gun. (file photo)

၁၁ နှစ်အရွယ် ကလေးငယ် ဂျာဗန် ဂျက်ဆန်မ်(Jarvan Jackson) သည် အင်္ဂါနေ့က ဖလိုရီဒါပြည်နယ် ဂိန်းစ်ဗဒ်လ် (Gainesville) မြို့ တက္ကသိုလ် ဧရိယာ အတွင်းရှိ ဆေးရုံတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည် ဟု ပြည်တွင်းသတင်း ဌာနများက ဖော်ပြခဲ့သည်။

သေဆုံးသွားသည့် ကလေးငယ်သည် တနင်္ဂနွေနေ့က လိက်စီးတီး(Lake City) တွင်ရှိသော စီဒါ ပါ့ခ် တိုက်ခန်း (Cedar Park Apartment) တွင် မတော်တဆ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ရဲများက ကလေးငယ်သည် အိမ်တွင် အုပ်ထိန်းသူ၏ ကြပ်မတ်ကြည့်ရှုမှု အောက်တွင် ရှိ/မရှိနှင့် ကလေးလက်ဝယ်သို့ သေနတ်ရောက်ရှိခဲ့ပုံကို စုံစမ်းစစ်ဆေးရေး စတင်နေပြီဟု သိရသည်။

မေလ ၄ ရက်နေ့တွင်၊ အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ဆယ်ကျော်သက်အစ်ကို ၏ သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ညီမငယ်သည် ရင်ဘတ်သို့သေနတ်မှန်ကာ သေဆုံးခဲ့ရသည်။

ဧပြီလ ၃၀ ရက်နေ့၊ ကန်တက်ကီ(Kentucky) မြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်သည် အသက် ၂ နှစ်အရွယ် သူ၏ ညီမဖြစ်သူအား အိမ်မှုဝေယျာဝိစ္စများလုပ်နေစဉ် သေနတ်ဖြင့် သေစေနိုင်လောက်အောင် ဆိုးရွားစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဧပြီလ အစောပိုင်း၊ နယူးဂျာစီ(New Jersey) မြို့ တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် 22- Caliber ရိုင်ဖယ်သေနတ်အား အိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် သူ၏ သူငယ်ချင်းမှာသေဆုံးခဲ့ရသည်။

၁၄ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်၊အမေရိကန်နိုင်ငံရှိ ကွန်နက်တစ်ကက်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ စန္ဒီ ဟွက် (Sandy Hook) မူလတန်းကျောင်းတွင် သေနတ်သမား ၏ ပစ်ခတ်မှု ကြောင့် ကလေးငယ် အယောက် ၂၀ နှင့် လူကြီး ၆ ယောက်တို့ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းသိရသည်။ ထိုနေ့ အစောပိုင်းတွင် သေနတ်သမားသည် သူ၏ မိခင်ဖြစ်သူကို အခြားဒေသ တစ်ခုတွင် သတ်ပစ်ခဲ့သည် ဟုလည်းသိရသည်။

အမေရိကန်နိုင်ငံတွင် နှစ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်သည် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးခဲ့ သည်ဟုဆိုသည်။

ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ပပျောက်ရေး ထိန်းချုပ်မှု(Uninversity of Chicago Crime Lab and the Centers for Disease Control) ၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် ပျမ်းမျှ လူ ၈၇ ယောက် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးကြောင်း နှင့် ၁၈၃ ယောက် ဒဏ်ရာရကြောင်း လေ့လာတွေ့ရှိရသည် ဟုဆိုသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်သည် သေနတ်အများဆုံး ရောင်းရသောနှစ်ဖြစ်သည်။

သို့သော်လည်း သေနတ် ထိန်းချုပ်ရေး ဥပဒေများသည်လည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်လာပြီး၊ ပြည်သူလူထု၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များအား သုံးစွဲမှု တားမြစ်ချက်အား ထောက်ခံသည်ဟုသိရှိရသည်။

GMA/KA

Leave a Reply