6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်-၁၆၊၂၀၁၃
M-Media

ကိုင်ရို။           ။ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ သည် တောင်အာဖရိက အထင်ကရ ခေါင်းဆောင်ဖြစ်ပြီး အဆုတ်ရောဂါဖြင့် ဆေးရုံတင် ထားရသူ လူဖြူ-လူမည်းဆန့်ကျင်ရေးခေါင်းဆောင် မန်ဒဲလားအတွက် ဆုတောင်းလျက်ရှိကြသည်။

Mandela

“မန်ဒဲလားဆိုတာ တိုင်းပြည်အတွက် တကယ့်ကို အရည်အချင်းရှိတဲ့ ခေါင်းဆောင်အနေနဲ့ရော ရိုးသားမှုနဲ့ သမာသမတ်ကျမှုများအတွက်ပါ ကျွန်တော်တို့က ချီးကျူးဂုဏ်ပြု လျက်ပါ၊ ကျွန်တော်တို့ တောင်အာဖရိကနိုင်ငံ နဲ့ တောင် အာဖရိကမှာရှိတဲ့ မွတ်စလင်များအားလုံးရော ကမ္ဘာ့လူသားအားလုံးပါ သူ့ရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံကြိုးပမ်းမှုတွေအတွက် သူနေကောင်းဖို့ ဆုတောင်းနေပါတယ် ” ဟု မြောက်အမေရိက အစ္စလာမ်လူ့အဖွဲ့အစည်းက OnIslam သို့ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော တစ်ပတ်ခန့်က ဆေးရုံတက်ခဲ့ရသူ မန်ဒဲလာ သည် စိုးရိမ်ဖွယ်ရာအခြေအနေမှ အနည်းငယ်သက်သာလာပြီဖြစ်ကြောင်း တောင်အာဖရိက အာဏာပိုင်များက ကြေငြာခဲ့ပါသည်။

“သူနေကောင်းတာဟာ တကယ်ကိုဝမ်းမြောက်ဖွယ်ပါပဲ” ဟု ယခုတောင်အာဖရိက လက်ရှိသမ္မတ Jacob Zuma က ပြောခဲ့ပါသည်။

မျိုးရိုးနာမည် အရ မန်ဒီဘာ ဟု လူသိများသော မန်ဒဲလားသည် လူဖြူ -လူမည်းခွဲခြားဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် Cape town မြို့အနီး Robben ကျွန်းမှာ ထောင်ကျခဲ့စဉ်က လေပြင်းဒဏ်တွေ ခံရမှုကြောင့် ဒီအဆုတ်ရောဂါရခဲ့တာပါ။ ထောင် (၂၇) နှစ်ကျခဲ့သော မန်ဒဲလာသည် (၁၉၉၄) ခုနှစ်တွင် တောင်အာဖရိကရဲ့ ပထမဆုံးလူမည်း သမ္မတ ဖြစ်လာခဲ့ပါသည်။

ယခု အသက်(၉၄) နှစ်ရှိပြီဖြစ်သော မန်ဒဲလား သည် လူမျိုးရေးခွဲခြားမှု အား နှိမ်နင်းဆောင်ရွက်နိုင်ခဲ့မှု နှင့် တိုင်းပြည်တွင်း လူမည်းများကို အဆင့်အတန်းခွဲခြားသော ခေတ်အား တစ်ခေတ်ပြောင်းစေပြီး ငြိမ်းချမ်းစေမှုတို့ကြောင့် နိုဘယ်လ်ဆုလည်း ရရှိဆွတ်ခူးခဲ့သူလည်းဖြစ်သည်။

“သူနေမကောင်းတာဟာ ကျွန်တော်တို့အားလုံး နေမကောင်းဖြစ်နေတာပါပဲ၊ သူမသက်မသာ ခံစားနေရတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ တောင်အာဖရိက နိုင်ငံကြီး တစ်ခုလုံး မသက်မသာဖြစ်နေတာပါ၊ ကျွန်တော်တို့ဟာ သူနေကောင်းဖို့ သက်သာဖို့ အတွက် ဖန်ဆင်းရှင်ဆီမှာ တောင်းဆုပြုလျက်ပါ” ဟု တောင်အာဖရိက မွတ်စလင်တရား ဥပဒေရေးရာကောင်စီမှ Sheikh Ebrahim Gabriels က ပြောကြားခဲ့ပါသည်။

ထိုကောင်စီ ဥက္ကဌ ဖြစ်သူ Maulana Igsaan Hendricks က “မန်ဒဲလာဟာ တိုင်းပြည်မှာ လူသားအချင်းချင်း မျှတစွာ ဆက်ဆံခံရဖို့နဲ့ တိုင်းပြည်လွတ်မြောက်ရေး အတွက်ကို စွန့်လွှတ်ကြိုးပမ်းခဲ့တယ်ဆိုတာ မွတ်စလင် လူ့အဖွဲ့အစည်းက အမြဲ အမှတ်တရရှိနေပါတယ်။ လူမည်းတွေကို ခွဲခြား ဆက်ဆံနေစဉ်တုန်းကဆို မွတ်စလင်တွေများရဲ့ ဒီဆန့်ကျင်ရေးအတွက်ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း သူဟာ ဒီဗလီအတွင်း လာရောက် ပြောကြားခဲ့သူလည်းဖြစ်ပါတယ် ” လို့ ဆိုပါသည်။

တောင်အာဖရိနိုင်ငံတွင် နိုင်ငံလူဦးရေ (၅၃) သန်းအနက် မွတ်စလင် လူဦးရေ သည် (၁.၅) ရာခိုင်နှုန်းသာရှိသည်။

 

 

Leave a Reply