6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၂၆၊ ၂၀၁၃
M-Media
tol ti
ဆွာရက်ဇ်အား ခေါ်ယူရန်ကြိုးပမ်းမှုကို ရီးရဲလ်စွန့်လွှတ်

အပြောင်းအရွှေ့ ဈေးကွက်အတွင်း အလှုပ်ရှားဆုံးဖြစ်နေသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်အားခေါ်ယူရန် ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ရီရဲလ်မက်ဒရစ် အသင်းက ကြေညာခဲ့သည်။ အသင်း၏တိုက်စစ်တွင် ခရစ္စတီယာနိုရော်နယ်ဒို၊ ကရင်မ် ဘန်ဇီမာ၊ လူငယ်ခြေတက်များဖြစ်ကြသည့် ရောဒရီဂက်ဇ်နှင့် အလ်ဗာရိုမိုရာတာတို့ရှိနေသဖြင့် လုံလောက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
……………………………………………………………
အိုလာဂျွန်အား ခေါ်ယူရန် အေစီမီလန် စိတ်ဝင်စားနေ

စီးရီးအေကလပ် အေစီမီလန်အသင်းသည် ဘင်ဖီကာအသင်း၏ တောင်ပံကစားသမား အိုလာဂျွန်အား အလိုရှိနေပြီး ၎င်းကစားသမား၏ အပြောင်းအရွှေ့ပိုင်းဆိုင်ရာကို တာဝန်ယူထားသည့် Doyen Sports Group ကုမ္ပဏီနှင့် ဆွေးနွေးနေသည်ဟု သိရသည်။
……………………………………………………………
ဒီရော့စီအား အသင်းတွင် ဆက်နေရန် တော့တီ တိုက်တွန်း

ရိုးမားအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ တော့တီက အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေသည့် အလယ်တန်းလူ ဒီရော့စီအား ရိုးမားအသင်းတွင်ပင် ဆက်လက်ကစားသွားရန် တိုက်တွန်းလိုက်သည်။ ဒီရော့စီအားခေါ်ယူရန် ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေသည်။
……………………………………………………………
ဟွန်ဒါအားခေါ်ယူနိုင်မည်ဟု ဂါလီယာနီ မျှော်လင့်

အေစီမီလန်အသင်း၏ စီအီးအို အက်ဒရီယာနို ဂါလီယာနီက စီအက်စ်ကေအေမော်စကို အသင်း၏ ဂျပန်တိုက်စစ်မှူး ကေအီဆူကီ ဟွန်ဒါအား အရခေါ်ယူသွားရန် ဆန္ဒရှိနေသည်ဟု သိရသည်။ ဟွန်ဒါအားခေါ်ယူရန် ၎င်းတို့အနေဖြင့် ဆက်လက်ကြိုးစားနေကြောင်း ဂါလီယာနီက ပြောကြားခဲ့သည်။
……………………………………………………………
ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ရန် ကာလူးငြင်းပယ်

ပြင်သစ်ကလပ်လိုင်လီအသင်းတွင် ကစားနေသည့် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဆော်လမွန်ကာလူးသည် ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းသို့ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့သည်။ ၎င်းနှစ်သက်သော တိုက်စစ်မှူးနေရာအား ကစားခွင့်ပေးရန် ၀က်စ်ဟမ်းအသင်းမှ အာမ မခံနိုင်သောကြောင့် ပြောင်းရွှေ့မှု ပျက်ပျယ်ခဲ့ရခြင်းဖြစ်သည်။
……………………………………………………………
ဂါဗင်ဟိုအားခေါ်ယူရန် အာဆင်နယ်အသင်းနှင့် ရိုးမားဆွေးနွေးနေ

ရိုးမားအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဂါဗင်ဟိုအား ပေါင် ၇-သန်းဖြင့် ခေါ်ယူရန် အာဆင်နယ်နှင့် ဆွေးနွေးနေကြောင်း သိရသည်။
……………………………………………………………
ဘာကာမှထွက်ခွာချင်သည်ဟု ဖာဘရီဂတ်စ်ဆို

ဘာစီလိုနာ အလယ်တန်းကစားသမား ဖာဘရီဂတ်စ်က မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားရန် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်း ၎င်း၏ မိတ်ဆွေများအား ပြောဆိုခဲ့သည်။ အိုးထရက်ဖို့ဒ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် သေချာနေမှုက ၎င်းအား ဆွဲဆောင်နေပြီး အာဆင်နယ်အသင်းဖော်ဟောင်း ရော်ဘင်ဗန်ပါစီနှင့် ပြန်လည်တွဲကစားရန် မျှော်လင့်နေဟု သိရသည်။
……………………………………………………………
ဆဲလ်တစ် တိုက်စစ်မှူး ဟူပါ နောဝစ်ခ်ျနှင့် ဆေးစစ်မှုအောင်မြင်

ဆဲလ်တစ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂယ်ရီ ဟူပါမှာ ပရီးမီးယားလိဂ်ကလပ် နော်ဝစ်ခ်ျအသင်း၏ ဆေးစစ်မှုများကို အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဟူလ်စီးတီး အသင်းမှ ခေါ်ယူရန်စိတ်ဝင်စားခဲ့သည့် အဆိုပါကစားသမားမှာ ကျူပီအာအသင်းသို့လည်း ရောက်ရှိရန်နီးစပ်ခဲ့ပြီး နောဝစ်ခ်ျအသင်းမှ ကြားဖြတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
……………………………………………………………
အလယ်တန်းလူ လမ်းပတ် ချယ်ဆီးအသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည်

ဖနောင့်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ချယ်ဆီးအလယ်တန်းလူ ဖရန့် လမ်းပတ်မှာ လာမည့် တနင်္လာနေ့တွင်ပြုလုပ်မည့် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ လမ်းပတ်၏အခြေအနေမှာကောင်းမွန်နေပြီး အသင်းတွင်ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း သူက ဆိုသည်။
……………………………………………………………
တိုက်စစ်မှူးနေရာအတွက် ယှဉ်ပြိုင်ရခြင်းကို တောရက်စ်အနေဖြင့် ကျေနပ်သင့်ကြောင်း မော်ရင်ဟိုဆို

ချယ်ဆီးအသင်း၏ တိုက်စစ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ယှဉ်ပြိုင်ရမှုကို တောရက်စ်အနေဖြင့် ကျေနပ်သင့်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ပုံမှန်ပါဝင်ခွင့်ရရန် အသင်း၏ နေရာတိုင်းတွင် ပြိုင်ဆိုင်ရမှုများရှိနေပြီး ထိုအချက်က အသင်းရှိကစားသမားအားလုံးအတွက် အကျိုးရှိကြောင်း မော်ရင်ဟိုက ဆိုသည်။ ချယ်ဆီးအသင်းတွင် ယခုအခါ တိုက်စစ်မှူးသုံးဦးရှိနေပြီး ပုံမှန်ခြေစွမ်းပျောက်နေသည့် တောရက်စ်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ကြိုးစားရမည်ဖြစ်သည်။
……………………………………………………………
ဆွစ်ဇ်အိုးပင်းပြိုင်ပွဲတွင် ဒန်နီယလ်ဘရန်း အား ဖက်ဒါရာရှုံးနိမ့်

ယခုလက်ရှိကျင်းပလျက်ရှိသည့် ဆွစ်ဇ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲတွင် ဂျာမန် တင်းနစ်သမား ဒန်နီယလ် ဘရန်းက ကမ္ဘာ့အဆင့် ၅ ရှိ ဆွစ်ဇလန်နိုင်ငံသား ရော်ဂျာ ဖက်ဒါရာအား ၆-၃၊ ၆-၄ ဖြင့်အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ပြီးခဲ့သည့်  ဂျာမန် အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဒလ်ဘိုနစ်အား ရှုံးနိမ့်ခဲ့သည့် ဖာက်ဒါရာမှာ ယခုနှစ်အတွင်း ဆုဖလားတစ်ခုသာ ဆွတ်ခူးရရှိထားသည်။
……………………………………………………………
ဆားဘီးယား တင်းနစ်သမား ထရောအီစကီ တင်းနစ်ကစားခြင်းမှ ၁၈ လ ပိတ်ပင်ခံရ

တားမြစ်ဆေးဝါးများ သုံးစွဲမှုရှိမရှိ စစ်ဆေးရန် သွေးနမူနာတောင်းဆိုမှုအား ပေးပို့ရန် ပျက်ကွက်ခြင်းကြောင့် ဆားဘီးယား တင်းနစ်အကျော်အမော် ဗစ်တာ ထရောအီ စကီအား နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်မှ တင်းနစ်ကစားခွင့် ၁၈ လ ပိတ်ပင်လိုက်သည်။ ၂၀၁၀ ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယားအသင်းအား အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ထရောအီစကီအနေဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့မှသာ တင်းနစ်ကစားခွင့် ပြန်လည်ရရှိတော့မည်ဖြစ်သည်။
……………………………………………………………
တားမြစ်ဆေးပြဿနာများနှင့်ပက်သက်၍ တုန်လှုပ်မိကြောင်း အူစိန်ဘော့ဆို

ကမ္ဘာ့အပြေးလောကတွင် လတ်တလောကြားသိနေရသည့် တားမြစ်ဆေးဝါးပြဿနာများနှင့် ပက်သက်၍ ၎င်းအနေဖြင့်တုန်လှုပ်မိကြောင်း၊ မိမိနေဖြင့် ထိုတားမြစ်ဆေးဝါးများနှင့် လုံးဝကင်းရှင်းကြောင်း ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့က ထုတ်ဖော်ပြောကြားလိုက်သည်။ မီတာ ၁၀၀  အမေရိကန်ထိပ်တန်းအပြေးသမား တိုင်ဆန်ဂေးနှင့်၊ မီတာ ၁၀၀ ကမ္ဘာ့ချန်ပီယံဟောင်း ဂျမေကာနိုင်ငံသား အက်စ်ဖာ ပိုဝဲလ်တို့နှစ်ဦးမှာ တားမြစ်ဆေးဝါးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အူစိန်ဘော့က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
……………………………………………………………
ဟန်ဂေရီ ဂရင်းပရီ ကားမောင်းပြိုင်ပွဲမှာ အသင်းအတွက် အရေးကြီးသည်ဟု အလွန်ဆိုပြော

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဟန်ဂေရီဂရင်းပရီကားမောင်းပြိုင်တွင် အသင်းနေဖြင့် ရလဒ်ကောင်းရရှိရန်မှာ အရေးကြီးကြောင်း ဖာရာရီအသင်း၏ ပြိုင်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုက ပြောဆိုလိုက်သည်။ ရလဒ်ကောင်းရရှိခြင်းက အသင်းအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ပေါ်စေပြီး အသင်းသားများ၏ မျှော်လင့်ချက်ကို ပိုမို ကောင်းမွန်စေနိုင်ကြောင်း အလွန်ဆိုက ပြောကြားခဲ့သည်။

Leave a Reply