6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၃၁၊ ၂၀၁၃
M-Media

Balotelli
အော်ဒီဖလားဘောလုံးပြိုင်ပွဲဝင် အေစီမီလန်အသင်းတွင် ဘာလော့တယ်လီ မပါဝင်

မကြာမီကျင်းပတော့မည့် ရာသီအကြို အော်ဒီဖလား ဘောလုံးပြိုင်ပွဲဝင် အေစီမီလန်အသင်းတွင် တိုက်စစ်မှူး ဘာလော့တယ်လီ ပါဝင်မည်မဟုတ်ဟု အသင်းနည်းပြ မက်စီမီလီယာနို အလ်လီဂရီက ပြောကြားခဲ့သည်။ မန်စီးတီးအသင်းတွင် ၂ နှစ်ခွဲကြာကစားခဲ့ပြီး ဇန်န၀ါရီလကမှ အေစီမီလန်သို့ရောက်ရှိခဲ့သူ့ ဘာလော့တယ်လီမှာ အသင်းအတွက် ၁၃ ပွဲကစားပေးခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ ဘာလော့တယ်လီမှာ အသင်းအတွက် အရေးကြီးသောကစားသမားတစ်ဦးဖြစ်သော်လည်း အားလပ်ရက် အနားယူနေရာမှပြန်ရောက်လာပြီး အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် နှစ်ရက်သာပါဝင်နိုင်ခဲ့သောကြောင့် အော်ဒီဖလားပြိုင်ပွဲဝင် အေစီမီလန်အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ရခြင်းဖြစ်ကြောင်း အလ်လီဂရီက ပြောဆိုခဲ့သည်။
_________________________________
ဇစ်ကိုသည် မန်စီးတီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်လာမည်ဟု နည်းပြဆို

မန်စီးတီးသို့ စတင်ရောက်ရှိစဉ်ကတည်းက ပုံမှန်ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရသူ တိုက်စစ်မှူးဇစ်ကိုမှာ ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်လာလိမ့်မည်ဟု မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။ ဇစ်ကိုအား ၎င်းအနေဖြင့် ယုံကြည်ကြောင်း အသင်းသို့ရောက်ရှိလာကြသော ကစားသမားတိုင်းမှာ အသင်းအတွက် အထောက်အပံ့ဖြစ်ပြီး အသင်းရှိနေရာတိုင်း၌ ကစားသမားတစ်ဦးထက်ပို၍လိုအပ်ကြောင်း ပယ်လီဂရီနီက ထည့်သွင်းပြောကြားခဲ့သည်။ မန်စီးတီးတိုက်စစ်တွင် ဇစ်ကို၊ အဂူရိုနှင့် အသစ်ရောက်ရှိလာကြသည့် စတီဗန် ဂျိုဗီတစ်နှင့် အလ်ဗာရို နီဂရီဒို တို့ဖြင့် တိုက်စစ်မှူး လေးဦးအထိရှိနေသည်။
_________________________________
မိုရင်ဟိုအားကျေးဇူးတင်ကြောင်း ကာဆီးလက် ဆို

အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သည့် ၃ နှစ်အတွင်း အောင်မြင်မှုများရရှိရန်ကူညီပေးခဲ့သည့် နည်းပြဟောင်းမော်ရင်ဟိုအား ကျေးဇူးတင်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် အီကာကာဆီးလက်က ပြောဆိုလိုက်သည်။ သုံးနှစ်အတွင်း ဖလားသုံးလုံး ရယူပေးနိုင်ခဲ့သည့် မော်ရင်ဟိုအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည့် ကာဆီးလက်က တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ်မှာ ဥရောပအကောင်းဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်သည်ဟုလည်း ဖွင့်ဟ၀န်ခံခဲ့သည်။
_________________________________
အသင်း၏ ခံစစ်နေရာတွင် ပုံမှန်ကစားခွင့်ရရန် ဘတ်တနာအလိုရှိနေ

အသက် ၂၄ နှစ်အရွယ်ရှိ မန်ယူတိုက်စစ်မှူး အလက်ဇန်းဒါး ဘတ်တနာက နည်းပြသစ်ဒေးဗစ်မိုယက်စ်လက်အောက် ဘယ်တောင်ပံ ခံစစ်ပိုင်းတွင် အီဗရာအား ကျော်ဖြတ်ကာ ပုံမှန်ကစားခွင့်ရရန် ဆန္ဒရှိနေသည်ဟုသိရသည်။ ပြီးခဲ့သည့်ရာသီတွင် ၁၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည့် ဘတ်တနာက ပက်ထရစ်အီဗရာမှာ ယမန်နှစ်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ရာသီအစ လအနည်းငယ်တွင် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း ပါဝင်ကစားခဲ့ရသည့် ၁၃ ပွဲတွင် မိမိသည်လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း၊ ယခုနှစ်ရာသီတွင် မိမိ၏မျှော်မှန်းချက်မှာ ပွဲများများကစားရရန်ဖြစ်ကြောင်း ဘတ်တနာက ပြောကြားခဲ့သည်။
_________________________________
ဟီဂူအင်အား ရောင်းချခြင်းအတွက် ရီးရဲလ်နောင်တရမည်ဟု မီဂျာတိုဗစ်ပြောကြေား

ဟီဂူအင်ကဲ့သို့ အရည်အချင်းပြည့်ဝသော တိုက်စစ်မှူးတစ်ဦးအား ထုတ်ရောင်းခဲ့ခြင်းအတွက် ရီးရဲလ်မက်ဒရစ်အနေဖြင့် နောင်တရလိမ့်မည်ဟု ရီးရဲလ်တိုက်စစ်မှူးဟောင်း မီဂျာတိုဗစ်က သတိပေးပြောကြားလိုက်သည်။ နည်းပြကာပယ်လိုလက်ထက် လာလီဂါချန်ပီယံဖြစ်ခဲ့ရာတွင် ဟီဂူအင်သည် အရေးပါသော ကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း၊ တစ်ရာသီတွင် ၂၅ ဂိုး၊ ဂိုး ၃၀ သွင်းနိုင်သည့် ဟီဂူအင်ကဲ့သို့ ကစားသမားမျိုးကို ရှာဖွေရန်မလွယ်ကူကြောင်း မီဂျာတိုဗစ်က ထည့်သွင်းပြောကြားခဲ့သည်။
_________________________________
မက်ဆီသည် ၎င်းအားကျသည့် ကစားသမားဖြစ်ကြောင်း နေးမာ ဖွင့်ဟ

ပိုလန်ကလပ်အသင်းနှင့် ၂ဂိုးစီ သရေကျခဲ့သောပွဲတွင် ဘာကာအတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့သူ နေးမာက ဘာကာအသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီမှာ ၎င်းအားကျသော ကစားသမားဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ မက်ဆီမှာ ကောင်းဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း၊ မက်ဆီနှင့်တွဲကစားရခြင်းကို ပျော်ရွှင်မိကြောင်း နေးမာက ပြောဆိုခဲ့သည်။
_________________________________
တော့တင်ဟမ် နောက်ခံလူ မိုဒရစ်ဘက်သို့ မန်ယူမြှားဦးလှည့်လာပြန်

ဘာကာကွင်းလယ်လူ ဖာဘရီဂတ်စ်အား ခေါ်ယူခွင့်ဆုံးရှုံးခဲ့ပြီးနောက် တော့တင်ဟမ် နောက်ခံလူ လူကာမိုဒရစ်အား ယူရို ၂၉ သန်းဖြင့်ခေါ်ယူရန် မန်ယူအသင်းက စီစဉ်နေသည်ဟုသိရသည်။ မန်ယူအသင်းမှာ အဲဗာတန်ကွင်းလယ်လူဖယ်လိုင်နီကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
_________________________________
ရော်နယ်ဒိုနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရီးရဲလ်ဥက္ကဌ လော့စ်အိန်ဂျလိစ်သို့ ထွက်ခွာ

ရီးရဲလ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုများပြုလုပ်ရန် ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်သို့ ထွက်ခွာသွားသည်ဟု သိရသည်။
_________________________________
ှကျူပီအာ တိုက်စစ်မှူးအားခေါ်ယူရန် နယူးကာဆယ် စီစဉ်နေ

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းသည် ကျူပီအာအသင်း၏ တိုက်စစ်မှူး လိုအစ် ရမ်မီအား ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သိရသည်။ နယူးကာဆယ် အသင်းသည် လိုင်ယွန်ကစားသမား ဘက်ဖီတင်ဘီ ဂိုမစ်အား ခေါ်ယူရန် ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။
_________________________________
ဂျီနိုအာ ခံစစ်မှူးအား ခေါ်ယူရန် မီလန် စဉ်းစားနေ

အေစီမီလန်အသင်းသည် ဂျီနိုအာအသင်း၏ နောက်တန်းကစားသမား အန်ဒရီယက်စ် ဂရန်ကွဗ်စ်အားခေါ်ယူရန် စီစဉ်နေသည်ဟု သိရသည်။ အသင်း၏ခံစစ်မှူး ဒန်နီယလ် ဘိုနီရာ၏မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် ၎င်း၏နေရာတွင် အစားထိုးရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
_________________________________
အနာဂတ်အတွက် မဆုံးဖြတ်မီ မိုယက်စ်နှင့် နာနီဆွေးနွေးလို

မန်ချက်စတာယူနိုက်တက်အသင်း၏ တောင်ပံကစားသမား နာနီက သူ၏အနာဂတ်အတွက် ဆုံးဖြတ်ချက်မချမီ နည်းပြသစ်ဒေးဗစ်မိုယက်စ်နှင့် ဆွေးနွေးမှုတစ်ခုပြုလုပ်ချင်သည်ဟု သိရသည်။ နာနီအား ပီအက်စ်ဂျီအသင်းနှင့် မိုနာကိုအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေသည်။
_________________________________
စီးတီးအိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ဟီသာ ၀တ်စတန် နိုင်ပွဲရရှိ

ဗြိတိန်တင်းနစ်မယ် ဟီသာဝတ်စတန်မှာ ၀ါရှင်တန်တွင် ကျင်းပပြုလုပ်နေသည့် စီးတီးအိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ကစားချိန် ၂ နာရီနှင့် ၁၀ မိနစ် ကြာမြင့်ခဲ့ပြီး အမေရိကန်တင်းနစ်မယ် အလက်ဇန်ဒရာ မူလာအား ၆-၇(၅-၇)၊ ၆-၄၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည့် ၀တ်စတန်မှာ တတိယအဆင့်တွင် ဆီဒင် ၄ ရ ပြင်သစ်တင်းနစ်မယ် အလိုက်ဇ် ကော်နတ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
_________________________________
ဆီဒင် ၂ ရ ဆိုလိန်းစတီဖင်မှာလည်း ပထမအဆင့်မှပင် ထွက်ခွာခဲ့ရ

ကမ္ဘာ့အဆင့် ၁၅ အမေရိန်ကန်တင်းနစ်မယ် ဆိုလိန်းစတီဖင်မှာ ရုရှားတင်းနစ်မယ် အိုလ်ဂါ ပန့်ကိုဗာ အား ၇-၅၊ ၆-၃ ဖြင့်ရှုံးနိမ့်ခဲ့ကာ စီးတီးအိုးပင်းပြိုင်ပွဲ၏ ပထမအဆင့်မှပင် ထွက်ခွာခဲ့ရသည်။ ဗိုလ်စွဲနိုင်ခြေအဆင့် ၂ သတ်မှတ်ခံထားရသူ စတီဖင်က သူမ၏ ဆိုးရွားလှသောစွမ်းဆောင်ရည်များနှင့် ပက်သက်၍ သူမကိုယ်တိုင်ပင် မယုံကြည်နိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။
_________________________________
မကြာမီကျင်းပတော့မည့် ယူအက်စ် ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲကို အူစ်သွိုင်ဇန် လွဲချော်

တောင်အာဖရိက ဂေါက်သီးသမား လူးဝစ် အူစ်သွိုင်ဇန်သည် မကြာမီကျင်းပတော့မည့် ယူအက်စ်ပီဂျီအေ ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ဒဏ်ရာပြဿနာများကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ လည်ပင်း၊ တင်ပါးနှင့် နောက်ကျောဒဏ်ရာများကို ကာလကြာရှည်စွာခံစားနေရသော လူးဝစ်က ၎င်းအနေဖြင့် ထိုဒဏ်ရာပြဿနာများကို ရာသီတစ်လျှောက်လုံးတွင် ရင်ဆိုင်နေရကြောင်း၊ ယခုအချိန်တွင် ထိုဒဏ်ရာများ သက်သာပျောက်ကင်းရန်အတွက် သင့်တော်သော အနားယူမှုကို လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

Leave a Reply