6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်-၁ ၊ ၂၀၁၃
M-Media

kaka

ဂါရက်ဘေးလ်အား ကြိုဆိုမည်ဟု ကာကာဆို

ရီးရဲလ်အသင်း၏ ဘရာဇီးတိုက်စစ်မှူး ကာကာ က တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ် ရီးရဲလ်သို့ရောက်ရှိလာပါက ၎င်းအနေဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ရီးရဲလ်ဂိုးသမား အီကာကာဆီးလက်နှင့် နောက်ခံလူ ဆာဂျီယိုရာမို့စ်တို့ပြီးနောက် ဘေးလ်အားကြိုဆိုမည်ဟု ပြောဆိုလိုက်သူ ကာကာ က ဘေးလ်မှာ စွမ်းရည်ပြည့်ဝသောကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ရီးရဲလ်သို့ရောက်ရှိလာပါက ၎င်းတို့အနေဖြင့် ပျော်ရွှင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။
_____________________________________
ရော်နယ်ဒို ထွက်ခွာမည်ဖြစ်သောကြောင့် ဘေးလ်အားအလိုရှိနေခြင်းဖြစ်သည်ဟု ရီးရဲလ် ဥက္ကဌဟောင်းဆို

ရီးရဲလ်မက်ဒရစ် အသင်း၏ ဥက္ကဌဟောင်းဖြစ်သူ ရာမွန်ကလ်ဒါရွန်က ရီးရဲလ်အနေဖြင့် ဂါရတ်ဘေးလ်အား ခေါ်ယူရန် ကြိုးစားနေခြင်းမှာ အသင်း၏နာမည်ကျော်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာရန် ရှိနေခြင်းကြောင့်ဖြစ်မည်ဟု ပြောကြားလိုက်သည်။ ၂၀၀၆ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အသင်း၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကလ်ဒါရွန်က ရော်နယ်ဒိုမှာ ရီးရဲလ်အသင်းတွင် မပျော်ရွှင်တော့ကြောင်း၊ ထို့ကြောင့် အသင်းဥက္ကဌပီရက်ဇ်အနေဖြင့် ရော်နယ်ဒို ထွက်ခွာသွားပါက အစားထိုးရန် ဘေးလ်အားလိုရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရီးရဲလ်မက်ရစ်အသင်းသည် ဂါရက်ဘေးလ်အား ပြောင်းရွှေ့ကြေး ယူရို ၉၉ သန်းနှင့် ကစားသမားတစ်ဦးအလိုက်ပေးကာ ကမ်းလှမ်းထားသည်။
_____________________________________
လီဗာပူးလ်အား စိတ်မဆိုးဟု ရီနာဆို

၎င်း၏ ဆန္ဒမပါဘဲ နာပိုလီအသင်းအား အငှားချခဲ့သောကြောင့် လီဗာပူးလ်အသင်းအား မကျေမနပ်ဖြစ်နေသည်ဆိုသည့် သတင်းကို လီဗာပူးလ် ဂိုးသမားဟောင်း ရီနာက ငြင်းဆိုလိုက်သည်။ သူ၏ အပြောင်းအရွှေ့ကိစ္စဆောင်ရွက်ရာတွင် အသင်းက ၎င်းအား ဆွေးနွေးတိုင်ပင်ခြင်းမရှိခဲ့ဟု ကိုယ်ပိုင်အင်တာနက်စာမျက်နှာတွင် လွှင့်တင်ခဲ့သူရီနာက သူ့အနေနှင့်  လီဗာပူးလ်အသင်းအား စိတ်မဆိုးကြောင်း၊ လီဗာပူးလ်အသင်းမှ ထွက်ခွာရမှုမှာ ၎င်းမျှော်လင့်ထားသည့်အတိုင်း မဖြစ်ခဲ့သော်လည်း အသင်းဘက်မှ ပေးဆပ်ခဲ့မှုများအားလုံးအတွက်ကျေးဇူးတင်ကြောင်း ရီနာက ဆိုသည်။
_____________________________________
ဂွာဒီယိုလာ၏ နည်းစနစ်များက ဘိုင်ယန်အသင်းအား ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ရီဘာရီဆို

ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည် ဘိုင်ယန်အသင်းတွင် အဓိကကစားသမားဖြစ်ခဲ့သူ ရီဘာရီက နည်းပြသစ် ပက်ပ်ဂွာဒီယိုလာ၏ နည်းစနစ်သစ်များက ဘိုင်ယန်အသင်းအား ပိုမိုအားကောင်းလာစေလိ့မ်မည်ဟု ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရာသီက ဖလားများစွာရရှိခဲ့သည့် ဘိုင်ယန်ကစားကွက်ကို ပြိုင်ဘက်များအနေဖြင့် ကျင့်သားရနေပြီဖြစ်ကြောင်း၊ အသင်း၏ ကစားကွက်နှင့် နည်းစနစ်ပိုင်းကို ပြောင်းလဲမှသာ ပြိုင်ဘက်များအား အခက်တွေ့စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
_____________________________________
ဆိုလ်ဒါဒို၏ အပြောင်းအရွှေ့ကိစ္စအတွက် တော့တင်ဟမ်နှင့် ဗလင်စီယာ သဘောတူညီမှုရ

ဗလင်စီယာတိုက်စစ်မှူး ဆိုလ်ဒါဒို၏အပြောင်းအရွှေ့ကိစ္စနှင့်ပက်သက်၍ တော့တင်ဟမ်အသင်းနှင့် ဗလင်စီယာအသင်းတို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟုသိရသည်။ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး ဂါရက်ဘေးလ်နေရာတွင်အစားထိုးရန်အတွက် တော့တင်ဟမ်အသင်းမှာ ဆိုလ်ဒါဒိုအားကမ်းလှမ်းထားခြင်းဖြစ်သည်။ ဆိုလ်ဒါဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့် သဘောတူထားကြောင်း ဗလင်စီယာ ဥက္ကဌ အမက်ဒီယို ဆာလ်ဗိုက အတည်ပြုပြောဆိုခဲ့သည်။
_____________________________________
ဒရော့ဂ်ဘာက သူ၏ကစားသမားဘ၀အား အမေရိကန်တွင် အဆုံးသတ်လိုသည်ဟု ကာလူးဆို

ချယ်ဆီးတိုက်စစ်မှူးဟောင် ဒရော့ဂ်ဘာမှာ ၎င်း၏ကစားသမားဘ၀အား အမေရိကတွင် အဆုံးသတ်လိုသည့် ဆန္ဒရှိကြောင်း ဒရော့ဂ်ဘာ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ အိုက်ဗရီကို့စ်တိုက်စစ်မှူး ဆော်လမွန်ကာလူးက ပြောကြားလိုက်သည်။ တူရကီကလပ် ဂါလာတာစာရေးတွင် ကစားနေသည့် ဒရော့ဂ်ဘာမှာ အားလပ်ရက်တိုင်း အမေရိကန်သို့သွားရောက်အပန်းဖြေလေ့ရှိပြီး အမေရိကန်မှာ ဒရော့ဂ်ဘာနှစ်သက်သည့် ဒေသဖြစ်သသည်ဟု ကာလူးကပြောကြားခဲ့သည်။
_____________________________________
ခံစစ်နေရာဖြည့်တင်းရန်အတွင် အဂ္ဂါအား ဘာကာခေါ်ယူမည်

ဘာစီလိုနာအသင်းသည် အသင်း၏နောက်တန်းအင်အားဖြည့်တင်းရန်အတွက် လီဗာပူးလ်ခံစစ်မှူး ဒန်နီယလ်အဂ္ဂါအားခေါ်ယူရန် ဆုံးဖြတ်ထားပြီး လီဗာပူးလ်အသင်းနှင့် ဆက်သွယ်နေသည်ဟုသိရသည်။ ဘာစီလိုနာအသင်းမှာ ချယ်ဆီးနောက်တန်းလူ ဒေးဗစ်လူးဝစ်အားခေါ်ယူရန်ကြိုးစားခဲ့ပြီး ချယ်ဆီးအသင်းမှ ပယ်ချခဲ့သောကြောင့် ယခုကဲ့သို့ အဂ္ဂါအားခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
_____________________________________
တော့တင်ဟမ်ခံစစ်မှူးအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကာဒစ်ဖ် ခေါ်ယူ

ပရီးမီးယားလိဂ်သို့ တန်းတက်လာသော ကာဒစ်ဖ်အသင်းသည် တော့တင်ဟမ်နောက်ခံလူ စတီဗင် ကော့လ်ကာအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုက်သည်ဟု သိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိပြီး အင်္ဂလန်လက်ရွေးစင်အသင်းတွင် တစ်ကြိမ်အရွေးခံခဲ့ရသူ ကော့လ်ကာအား လေးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီး ယခုနှစ်အပြောင်းအရွှေ့ကာလ တန်းတက်ကာဒစ်ဖ်အသင်းမှ စတုတ္ထမြောက်ခေါ်ယူခဲ့သူလည်းဖြစ်သည်။
_____________________________________
ဂျူဗီအား ပြိုင်ဘက်များမှ ကြောက်ရွံ့သင့်သည်ဟု ဘိုနူချီဆို

စီးရီးအေချန်ပီယံဆုအား သုံးနှစ်ဆက်တိုက်ရယူနိုင်ရန် ဆန္ဒပြင်းပြနေသည့် ဂျူဗီခံစစ်မှူး ဘိုနူချီက ဂျူဗင်တပ်စ်အသင်းအနေနှင့် အခြားသော ပြိုက်ဘက်အသင်းများကို ကြောက်ရွံ့နေစရာမလိုဘဲ ပြိုင်ဘက်အသင်းများကသာ ဂျူဗင်တပ်စ်အား ကြောက်ရွံ့သင့်သည်ဟု ပြောကြားလိုက်သည်။ ၎င်းတို့မှာ အီတလီ၏ ချန်ပီယံအသင်းဖြစ်ကြောင်း၊ အသင်းကြီးများနှင့် စောစောစီးစီးတွေ့ဆုံရခြင်းမှာ ကောင်းမွန်ကြောင်း၊ ဂျူဗင်တပ်စ်အသင်းမှာ စွမ်းရည်ပြည့်ဝသည့် အသင်းတစ်သင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
_____________________________________
Southern California Open တင်းနစ်ပြိုင်ပွဲမှ ရော့ဘ်ဆန်ထွက်ခွာ

ဗြိတိန် ဆယ်ကျော်သက် တင်းနစ်မယ်သည် လော်ရာ ရော့ဘ်ဆန်သည် ကျင်းပလျက်ရှိသည့် Southern California Open တင်းနစ်ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၃ ရ ချက်တင်းနစ်မယ် ကဗီတိုဗာအား ၁-၆၊ ၂-၆ ဖြစ် ပွဲပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ ရော့ဘ်ဆန်သည် ကမ္ဘာ့အဆင့် ၃၄ ရရှိထားပြီး ပြီးခဲ့သည့် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရသည့် ကစားသမား ၁၆ ဦးတွင်ပါဝင်ခဲ့သူဖြစ်သော်လည်း ယခုပွဲစဉ်တွင် အမှားအယွင်းများခဲ့သောကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
_____________________________________
ATP bet-at-home Cup တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ဂျူအန် မိုနာကိုတက်ရောက်

သြစတြီးယားနိုင်ငံ ကစ်ဇ်ဗျူဟလ်မြို့တွင် ကျင်းပလျက်ရှိသည့် ATP bet-at-home Cup တင်းနစ်ပြိုင်ပွဲတွင် အာဂျင်တိုင်းတင်းနစ်သမား ဂျူအန်မိုနာကိုမှာ သြစတြီးယားတင်းနစ်သမား အန်ဒရီယက်စ် ဟေဒါမော်ရာအား ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။ ၂၀၀၇ ခုနှစ်က ကျင်းပခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သူ မိုနာကိုမှာ စပိန်တင်းနစ်သမား ဒန်နီယလ် ဂျမန်နို ထရေဗာနှင့်တွေ့ဆုံရမည်ဖြစ်သည်။
_____________________________________
WGC-Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ဗိုလ်စွဲလို

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် Firestone ဂေါက်ကလပ်တွင်ကျင်းပမည့် WGC-Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲလိုသည်ဟု အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က ပြောဆိုလိုက်သည်။ အဆိုပါ ပြိုင်ပွဲတွင် ၇ ကြိမ်တိုင်တိုင်ဗိုလ်စွဲထားပြီး ယခု ၈ ကြိမ်မြောက်ဗိုလ်စွဲလိုနေသည့် တိုက်ဂါးဝုဒ်က ၎င်းအနေဖြင့် အကောင်းဆုံးလက်ရည်ရရှိပြီးပါက ထိုပုံစံမှာ အချိန်အတော်ကြာ ဆက်လက်၍ ရှိနေတတ်ကြောင်း၊ ယခုယှဉ်ပြိုင်ရမည့် ပွဲစဉ်အတွက်  သက်တောင့်သက်သာဖြစ်မိကြောင်း ၎င်းကပြောကြားခဲ့သည်။

Leave a Reply