6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ-၂၄၊ ၂၀၁၃
M-Meida

အမေရိကန်မှ ဆီးရီးယား သို့ ဝင်ရောက်နိုင်ခြေ

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က စတုတ္ထမြောက် စစ်သင်္ဘောကို မြေထဲပင်လယ်သို့ ပို့လွှတ်လိုက်ပြီး သမ္မတ အိုဘာမား အမိန့်ပေးလျှင် အဆင်သင့် ရှိနိုင်စေရန် ပြင်ဆင်လျက်ရှိသည်။
_____________________________
Yosemite တောမီး

ကယ်လီဖိုးနီးယားတွင် လောင်ကျွမ်းသောတောမီးသည် Yosemite အမျိုးသားဥယာဉ် သို့ပင် ကူးစက်လောင်ကျွမ်းလျက်ရှိပြီး ယခုအချိန်ထိ ၁၀၅,၆၂၀ ဧက ၏ တန်ဘိုး ဒေါ်လာ ၅.၄ သန်း ဆုံးရှုံးခဲ့ရသည်။ ဆန်ဖရန်စစ်စကို မြို့သို့ လျှပ်စစ်နှင့် ရေပေးရေးကို ထိုဒေသမှ ပို့လွှတ်ခြင်း ကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သည်။
_____________________________
အိန္ဒိယ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်မှု

သောကြာနေ့က ၂၂ နှစ်အရွယ် အမျိုးသမီး သတင်းထောက်ကို အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်မှု ဖြစ်ပွားခဲ့ရာ ယနေ့ထိ တရားခံ နှစ်ဦးကို ဖမ်းမိထားပြီး ကျန်သုံးဦးကို ရှာဖွေဆဲ ဖြစ်သည်။ ထိုကိစ္စကြောင့် အမျိုးသမီးများ လုံခြုံရေးအတွက် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
_____________________________
တရုတ်နိုင်ငံမှ Bo Xilai အမှု

လာဘ်စားမှုဖြင့် အမှုရင်ဆိုင်နေရသော မြို့တော်ဝန်ဟောင်း Bo Xilai က သူ၏ဖေါက်ပြန်မှုကြောင့် သူ၏ ဇနီးက စွန့်ခွာသွားခဲ့သည်ဟု ဝန်ခံခဲ့သည်။
_____________________________
ရုပ်ရှင်အစည်းအရုံးအား လူအင်အား ၄၀-ကျော်ပါဝင်သော ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးလုပ်ဆောင်သူများမှ ဆန္ဒပြ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ လုပ်ဆောင်ချက်များကို မကျေနပ်သဖြင့် ရုပ်ရှင်အစည်းအရုံးအား လူအင်အား ၄၀-ကျော်ပါဝင်သော ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးလုပ်ဆောင်သူများမှ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆန္ဒပြခဲ့သည်။ ယနေ့ ဆန္ဒပြသည့်အချိန် မတိုင်မီအချိန်အထိ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်နှင့် ဒါရိုက်တာ လူမင်းအား ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
_____________________________
နိုင်ငံတကာ ၀င်ထွက်ပေါက်အဖြစ် ထိုင်း-မြန်မာနယ်စပ် ဂိတ်ပေါက် ၄-ခုကို သတ်မှတ်မည်

တာချီလိတ်၊ ကော့သောင်း၊ မြ၀တီ၊ ထီးခီးစတဲ့ ဂိတ်တွေကို နိုင်ငံတကာဂိတ်ပေါက်များအဖြစ် သတ်မှတ်ဖွင့်လှစ်တော့မည်ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
_____________________________
မြန်မာအစိုးရ၏ ကလေးစစ်သားအသုံးပြုမှု ပပျောက်စေရန် ကုလသမဂ္ဂတောင်းဆိုချက်ကို ဗြိတိသျှအစိုးရက ခိုင်မာစွာထောက်ခံ

မြန်မာနိုင်ငံအစိုးရ၏ စစ်တပ်တွင် ကလေးစစ်သားများအသုံးပြုနေမှု ပပျောက်စေရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ဗြိတိသျှအစိုးရမှ ခိုင်မာစွာ ထောက်ခံခဲ့ပြီး၊ ယခုအတောအတွင်း ကလေးစစ်သားအများအပြား လွှတ်ပေးလိုက်ခြင်းသည် မြန်မာအစိုးရ၏ ကတိတည်တဲ့လုပ်ရပ်ဖြစ်သည့်အတွက် ကြိုဆိုပြီး အဆိုပါ ကလေးစစ်သားဟောင်းများရဲ့ ဘ၀တွေ ပြန်လည်ရှင်သန်ရေးနဲ့ ကလေးစစ်သားလုံးဝ ပပျောက်စေရန် ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေးရုံး အတွင်းဝန်က ပြောဆိုခဲ့သည်။
_____________________________
စစ်တွေမှာ မွတ်စလင်ဒုက္ခသည် နှစ်ရာကျော်ကို နေရာပြန်လည်ချထား

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်တဲ့ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းအနီးမှာ ဒီနေ့ကစပြီး ရွှေ့ပြောင်းနေရာချ ထားပေးနေပါတယ်လို့ RFA သတင်းတပုဒ်မှာဖော်ပြထားပါတယ်။

Tags:

Leave a Reply