5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်- ၂၈ ၊ ၂၀၁၃
M-Media
ကိုလေး

arsenal
အာဆင်နယ်၊ ဘေဆယ်နှင့် ရှော်လ်ကာတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်များ

ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်၊ ဘေဆယ်နှင့် ရှော်လ်ကာသို့ အနိုင်ရရှိခဲ့ကြသည်။

အာဆင်နယ်အသင်းသည် တူရကီကလပ်ဖီနာဘာချီအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဂိုးများကို ၂၅ မိနစ်နှင့် ၇၂ မိနစ်တွင် ကွင်းလယ်လူ အာရွန်ရမ်ဆေးက သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းမှာ ပထမကျော့တွင် ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိထားပြီး ယခုနိုင်ပွဲကြောင့် နှစ်ကျော့ပေါင်း ၅ ဂိုး ဂိုးမရှိဖြင့် ချန်ပီယံလိဂ် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်သည်။

ဆွဇ် ကလပ် ဘေဆယ်အသင်းမှာ ဘူဂေးရီးယားကလပ် လူဒိုဂိုရပ်ရာဇ်ဂရတ် (Ludogorets Razgrad)  အသင်းအား အိမ်ကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်း ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ဂျာမန်ကလပ်ရှော်လ်ကာအသင်းမှာ ဂရိကလပ် ပီအေအိုကေအသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း အသီးအသီး အနိုင်ရရှိခဲ့ကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။
AFP/de
_________________________________
Capital One Cup ဘောလုံးပြိုင်ပွဲတွင် လီဗာပူးလ်အနိုင်ရရှိ တိုးရေးအပါဝင် ကစားသမားသုံးဦး ဒဏ်ရာရ

Capital One Cup ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် နော့ကောင်တီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးလ်အသင်းက ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်း ၄ မိနစ်တွင် ရဟီမ်း စတာလင်က လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုး

သွင်းယူပေးခဲ့သည်။ ၂၉ မိနစ်တွင် စတုရစ်ဂ်ျက ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းက ပထမပိုင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းအစတွင် နော့ကောင်တီအသင်းက လီဗာပူးလ်အားပြန်လည် ဖိအားပေးနိုင်ခဲ့ပြီး ၆၂ မိနစ်တွင် ယိုအန် အာကွင်းက ပထမချေပဂိုးကိုလည်းကောင်း၊ ၈၄ မိနစ်တွင် လူစားဝင်လာသည့် အဒမ် ကွမ်ဘ်စ်က ဒုတိယချေပဂိုးကိုလည်းကောင်း သွင်းယူပေးခဲ့ကာ ၂ ဂိုးစီသရေဖြင့် သာမန်ပွဲချိန်အဆုံးသတ်ခဲ့သည်။

ထို့နောက် အချိန်ပိုဆက်လက်ကစားရာ ၁၀၅ မိနစ်တွင် စတုရစ်ဂ်ျနှင့် ၁၁၀ မိနစ်တို့တွင် ဟန်ဒါဆန်တို့က အနိုင်ဂိုးများသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းအားနောက်တစ်ဆင့်သို့ တက်ရောက်စေခဲ့သည်။
_________________________________
အီတူးအား ၄၈ နာရီအတွင်း ချယ်ဆီး ခေါ်ယူတော့မည်

ချယ်ဆီးအသင်းသည် ရုရှားကလပ် Anzhi အသင်းမှ တိုက်စစ်မှူး ဆင်မျူရယ်အီတူးအား ခေါ်ယူတော့မည်ဟုသိရသည်။ တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူမည်ဖြစ်ပြီး လာမည့် ၄၈ နာရီအတွင်း အပြောင်းအရွှေ့ကိစ္စအား အပြီးသတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
Daily Mail
_________________________________
မာတာအားစိတ်ဝင်စားနေကြောင်း ၀င်းဂါးဝန်ခံ

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ချယ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား ဂျူအန်မာတာအား ခေါ်ယူရန် စိတ်အားထက်သန်နေသည်ဟုပြောဆိုလိုက်သည်။ သို့ရာတွင် ချယ်သီအသင်းမှ  ၎င်းတို့၏ကစားသမားအား ရောင်းမည့်ဆန္ဒရှိမရှိနှင့်ပက်သက်၍

ဝင်းဂါးက သံသယရှိနေသည်။ အာဆင်နယ်အသင်းမှာ မိုနာကိုအသင်း၏ အလယ်တန်းလူ ဂျီအော့ဖ်ဖရေး ကွန်ဒေါ့ဂ်ဘီယာကိုလည်း ခေါ်ယူရန်ပစ်မှတ်ထားနေသည်ဟု သိရသည်။
_________________________________
ဒီမစ်ချယ်လီအတွက် ယူရို ၄.၇ သန်းဖြင့် အက်သလက်တီကိုအသင်းနှင့် မန်စီးတီး သဘောတူညီမှုရရှိ

မန်ချက်စတာစီးတီးအသင်းသည် အသက် ၃၂ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဒီမစ်ချယ်လီ၏ အပြောင်းအရွှေ့ကိစ္စအတွက် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီး ယနေ့တွင် အပြီးသတ်ဆွေးနွေးမည်ဟုသိရသည်။ ပြောင်းရွှေ့ကြေးမှာ ယူရို ၅ သန်းဝန်းကျင်ဖြစ်မည်ဖြစ်ပြီး ဒီမစ်ချယ်လီနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုမရရှိသေးပေ။
_________________________________
ဒီမာရီယာကိုခေါ်ယူရန် ဂါလာတာစာရေးနီးစပ်နေ

တူရကီကလပ်ဂါလာတာစာရေးအသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူ ဒီမာရီယာအား ခေါ်ယူရန် နီးစပ်နေပြီဟုသိရသည်။ သို့ရာတွင် ဒီမာရီယာနှင့်ဆွေးနွေးမှု မပြုရသေးပေ။ ဒီမာရီယာမှာ အာဆင်နယ်အသင်းအပါအ၀င် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကစားသမားတစ်ဦးဖြစ်သည်။
Hurriyet
_________________________________
တိုးရေး၊ ဆစ်ဆိုခိုနှင့် အလန်တို့၏ ဒဏ်ရာပြဿနာများကြောင့် လီဗာပူးလ်အခက်တွေ့မည်

လီဗာပူးအသင်း၏ အဓိကကစားသမားများဖြစ်ကြသည့် ကိုလိုတိုးရေး၊ အလီ ဆစ်ဆိုခိုနှင့် ဂျိုးအလန်တို့မှာ ယမန်နေ့က နော့ကောင်တီအသင်းနှင့်ကစားခဲ့သည့် Capital One Cup ဘောလုံးပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ တိုးရေးမှာပေါင်ခြံဒဏ်ရာကြောင့် ကွင်းအတွင်းမှ ထမ်းစင်ဖြင့်သယ်ထုတ်သွားခဲ့ရပြီး ဒဏ်ရာမှာဆိုးရွာဖွယ်ရှိနေသည်။ ဆစ်ဆိုခိုမှာ ပွဲအစ ၁၀ မိနစ်မှာပင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲပြီး ဂျိုးအလန်မှာ တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။ လီဗာပူးအသင်းမှာ ယခုသီတင်းပတ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် အခက်တွေ့ဖွယ်ရှိနေသည်။
_________________________________
တံကောက်ကြောဒဏ်ရာကြောင့် ပိုဒေါစကီး သုံးပတ်ခန့်နားရမည်

အာဆင်နယ်အသင်း၏တိုက်စစ်မှူး လူးကပ်စ်ပိုဒေါစကီးမှာ တံကောက်ကြောဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရမည်ဟုသိရသည်။ ဖီနာဘာချီအား အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နည်းပြ အာဆင်ဝင်းဂါးက “ပိုဒေါစကီးကိုဆုံးရှုံးလိုက်ရတာဟာ  ကျနော်တို့ တန်ဖိုးကြီးကြီးပေးဆပ် လိုက်ရတာပဲဖြစ်ပါတယ်။ သေချာတာကတော့ ပိုဒေါစကီးဟာ ၂၁ ရက်လောက်အနားယူရမှာပါ” ဟု ပြောကြားခဲ့သည်။
_________________________________
ဖက်ဒါရာဒုတိယအဆင့်သို့တက်ရောက်သွားပြီး ဂျာနိုဝစ်ဇ်နှင့် ဒီမီထရော့ဗ်တို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များ

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များတွင် ဆွဇ်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရာမှာ အနိုင်ရရှိခဲ့ပြီး၊ ဂျာဇီ ဂျာနိုဝစ်ဇ်နှင့် ဂရီဂေါ်ဒီမီထရော့ဗ်တို့မှာ အံ့သြဖွယ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။

ယူအက်စ်အိုးပင်းချန်ပီယံ ၅ ကြိမ်ဖြစ်ခဲ့သည် ဖက်ဒါရာမှာ ဆလိုဗေးနီးယား တင်းနစ်သမား ဂရီဂါ ဇီမယ်ဂျာအား ၆-၃၊ ၆-၂၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။

ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် ဂျာနိုဝစ်ဇ်မှာ ကမ္ဘာ့အဆင့် ၂၄၇ ရှိ အာဂျင်တိုင်းတင်းနစ်သမား မက်ဇီမို ဂွန်ဇာလက်ဇ်အား ၆-၄၊ ၆-၄၊ ၆-၂ ဖြင့်လည်းကောင်း၊ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် တတိယအဆင့်သို့ရောက်ရှိခဲ့သည့် အသက် ၂၂နှစ်အရွယ် ဘူဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ် မှာ ကမ္ဘာ့အဆင့် ၉၅ ရှိ ပေါ်တူဂီတင်းနစ်သမား ဂျာအိုစူဇာအား ၃-၆၊ ၆-၃၊ ၆-၄၊ ၅-၇၊ ၆-၂ ဖြင့်လည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
_________________________________
ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်သို့ ကဗီတိုဗာတက်ရောက်

အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် ၀င်ဘယ်လ်ဒန် ချန်ပီယံဟောင်း ပီထရာ ကဗီတိုဗာမှာ ဂျပန်တင်းနစ်မယ်အား အနိုင်ယူကာ ဒုတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။ ကဗီတိုဗာမှာ ကမ္ဘာ့အဆင့် ၉၂ ရှိ ဘယ်သန် ဂျပန်တင်းနစ်မယ် မီဆာကီအိုအီအား အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ၆-၂၊ ၃-၆၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်တွင် ဆားဘီးယားတင်းနစ်မယ် ဘိုဂျနာ ဂျိုဗာနော့ဗ်စကီးနှင့် တွေ့ဆုံရမည်ဖြစ်သည်။
skysport

Leave a Reply