6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၂၉ ၊ ၂၀၁၃
M-Media

eto
ဘေးလ်နှင့်ယှဉ်ပြိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု အိုဇေးလ်ဆို

ရီးယဲလ်မက်ဒရစ်အသင်း၏ ဂျာမန်တိုက်စစ်မှူး မီဆု အိုဇေးလ်က တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ် အသင်းသို့ရောက်ရှိလာလျှင်လည်း ၎င်းမှာ အသင်း၏ အဓိကကစားသမားအဖြစ် ဆက်လက်ရှိမည်ဟု ယုံကြည်ကြောင်း သိရသည်။ အိုဇေးလ်က ဂါရက်ဘေးလ် အသင်းသို့ရောက်ရှိလာခြင်းမှာ ၎င်းအတွက် ပြဿနာမဟုတ်ကြောင်း အသင်းတွင် နေရာရရှိရန်ယှဉ်ပြိုင်ရမှုကို ကြောက်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
……………………………………………………………………
ဝင်းဂါးမှာ မိမိအား ယုံကြည်မှုမရှိဟု ဂါဗင်ဟိုဆို

ရိုးမားအသင်းသို့ပြောင်းရွှေ့သွားသည့် အာဆင်နယ်ရှေ့တန်းလူဟောင်း ဂါဗင်ဟိုက အဆင်နယ်နည်းပြအာဆင်ဝင်းဂါးမှာ ၎င်းအပေါ်၌ ယုံကြည်မှုအနည်းငယ်သာရှိသည့်အတွက် စီးရီးအေသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂါဗင်ဟိုက အာဆင်ဝင်းဂါးမှာ နည်းပြကောင်းတစ်ဦးဖြစ်ကြောင်း၊ သို့ရာတွင် မိမိ၏ခြေစွမ်းအား အစွမ်းကုန်ပြသရန် အခွင့်အရေးမပေးခဲ့ကြောင်းထပ်လောင်းပြောကြားခဲ့သည်။
………………………………………………………………………..
ဂျူဗင်တပ်စ်မှာ ဥရောပရှိမည်သည့်အသင်းကိုမဆို ဒုက္ခပေးနိုင်ကြောင်း ပီပီဆို

ဂျူဗင်တပ်စ်အသင်း၏ကွင်းလယ်လူ ပီပီက ဂျူဗင်တပ်စ်အသင်းမှာ ဥရောပဘောလုံးလောကအတွင်းအောင်မြင်မှုများရယူနိုင်မည်မှာ သံသရှိစရာမလိုကြောင်း ပြောကြားခဲ့သည်။ မိုနာကိုမြို့တွင်ပြုလုပ်သည့် ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲတွင်တက်ရောက်ခဲ့သည့် ပီပီက ဂျူဗင်တပ်စ်အသင်းမှာ ဥရောပရှိမည်သည့်အသင်းကိုမဆို ဒုက္ခပေးနိုင်ကြောင်း၊ အသင်းသို့ရောက်ရှိလာသည့် ကားလို့တီဗက်ဇ်မှာလည်း အလွန်ကောင်းမွန်သည့်ကစားသမားဖြစ်ပြီး မည်သည့်ကစားပုံမျိုးကိုမဆို အံဝင်အောင်ကစားနိုင်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
………………………………………………………………………….
တိုက်စစ်မှူးအီတူး ချယ်ဆီးရောက်ပြီ

ရုရှားကလပ် Anzhi Makhachkala အသင်း၏တိုက်စစ်မှူး ဆင်မျူရယ်အီတူးအား ချယ်ဆီးအသင်းမှ ခေါ်ယူနိုင်ခဲ့ပြီဟု သိရသည်။ ပြောင်းရွှေ့ကြေး ပေါင် ၇သန်းဖြင့် တစ်နှစ်စာချုပ်ချုပ်ဆိုကာခေါ်ယူမည်ဖြစ်သည်။ အီတူးမှာ ယမန်နေ့က လန်ဒန်သို့ရောက်ရှိလာခဲ့ပြီး မကြာမီ ချယ်ဆီးအသင်း၏ ဆေးစစ်မှူကိုခံယူမည်ဖြစ်သည်။

………………………………………………………………………….
ဖလာမီနီအား ၂ နှစ်စာချုပ်ဖြင့် အာဆင်နယ်ခေါ်ယူ

အာဆင်နယ်အသင်းမှ ၂၀၀၈ ခုနှစ်တွင်ထွက်ခွာသွားခဲ့သည် ဖလာမီနီမှာ အာဆင်နယ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်ဟုသိရသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ဖလာမီနီအား တစ်ပတ်လုပ်ခပေါင် ၅ သောင်းဖြင့် အာဆင်နယ်အသင်းက ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ဖလာမီနီမှာ အာဆင်နယ်အသင်းသို့ရောက်ရှိလာခြင်းဖြစ်သည်။

……………………………………………………………………….
ဥရောပ အကောင်းဆုံးဆုအတွက် ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ဖြတ်နိုင်လိမ့်မည်ဟု ရီဘာရီ ယုံကြည်

ဥရောပအကောင်းဆုံးဘောလုံသမားဆု ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်နေသည့် ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ ရီဘာရီက ၎င်းအနေဖြင့် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုတို့အားကျော်ဖြတ်ကာ ဥရောပအကောင်းဆုံးဘောလုံးသမားဆုအား ရယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်ဟု သိရသည်။ ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် ရီဘာရီက ပြီးခဲ့သည့်ရာသီမှာ ၎င်းအတွက် အကောင်းဆုံးရာသီဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဥရောပအကောင်းဆုံးဘောလုံးသမားဆုရရှိရန် အခြေအနေကောင်းနေကြောင်း ပြောကြားခဲ့သည်။

…………………………………………………………..
ပိုဒေါစကီး ၁၀ ပတ်ခန့်အနားယူရမည်

အာဆင်နယ်အသင်း၏တိုက်စစ်မှူး လူးကပ်စ်ပိုဒေါစကီး၏ တံကောက်ကြောဒဏ်ရာမှာ ထင်ထားသည်ထက်ပိုမိုဆိုးရွားနေသောကြောင့် ၁၀ ပတ်ခန့်အနားယူရမည်ဟုသိရသည်။ သို့ရာတွင် ဒဏ်ရာရရှိနေသည့် အာရွန်ရမ်ဆေးနှင့် ဂျက်ဝီလ်ရှိုင်ယားတို့မှာ တနင်္ဂနွေနေ့တွင်ကစားမည့် တော့တင်ဟမ်အသင်းနှင့်ပွဲမတိုင်မီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု နည်းပြအာဆင်ဝင်ဂါးကပြောဆိုလိုက်သည်။

……………………………………………………….
မန်ယူသို့ပြောင်းရွှေ့ချင်သည်ဟု ဘိန်းဆို

အဲဗာတန်အသင်း၏နောက်ခံလူ ဘေတန်းဘိန်းက ၎င်းအနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ချင်သည်ဟု ပြောဆိုလိုက်သည်။ အပြောင်းအရွှေ့ကိစ္စအတွက် မန်ယူအသင်းနှင့်ဆွေးနွေးရန် အဲဗာတန်အသင်း၏ နည်းပြဖြစ်သူ မာတီနက်ဇ်အား လေတန်ဘိန်းကတောင်းဆိုလိုက်သည်။
The Independent
…………………………………………………..
ကာဂါဝါအား အက်သလက်တီကိုအသင်း အငှားဖြင့် ခေါ်ယူလို

လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ အလယ်တန်းလူ ရှင်ဂျီ ကာဂါဝါအား အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ ရှင်ဂျီကာဂါဝါမှာလည်း လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းတွင်ပါဝင်ခွင့်ရရှိရန်အတွက် ပွဲစဉ်များများကစားချင်နေသူဖြစ်သည်။
The Daily Mail
……………………………………………………
လက်ရှိချန်ပီယံ အန်ဒီမာရေးနှင့် ချန်ပီယံဟောင်း ဒယ်လ်ပေါ်ထရိုတို့အနိုင်ရခဲ့သည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွ

အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များတွင် လက်ရှိချန်ပီယံ အန်ဒီမာရေးနှင့် ချန်ပီယံဟောင်း ဒလ်ပေါ်ထရိုတို့မှာ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်ဟုသိရသည်။

နိုင်ခြေအဆင့်သုံးရသည့် အန်ဒီမာရေးမှာ ပြင်သစ်တင်းနစ်သမား မိုက်ကယ် အလ်လိုဒရာအား ၆-၂၊ ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် ယူအက်စ်အိုးပင်ချန်ပီယံဖြစ်ခဲ့သည့် အာဂျင်တိုင်းတင်းနစ်အကျော်အမော်ဒယ်လ်ပေါ်ထရိုမှာ ဂူလာမို ဂါစီယာလိုပက်ဇ်အား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။ လေးနာရီနှင့် ၁၃ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ပေါ်ထရိုက လိုပက်ဇ်အား ၆-၃၊ ၆-၇(၅-၇)၊ ၆-၄၊ ၇-၆(၉-၇)ဖြင့် အနိုင်ရရှိခဲ့သည်။
skysport
……………………………………………………..
ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ဗီးနပ်စ်ဝီလီယံထွက်ခွာ

အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဗီနပ်စ်ဝီလီယံမှာ ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် တရုတ်တင်းနစ်မယ်အားရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်ဟုသိရသည်။

၃ နာရီကျော်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် တရုတ်တင်းနစ်မယ် ဇန်ဂျီက ၀ီလီယံအား အကြိတ်အနယ်ကစားကာ ၆-၃၊ ၂-၆၊ ၇-၆ အနိုင်ရရှိခဲ့သည်။ ၂၀၀၀၊ ၂၀၀၀၁ခုနှစ်တွင် ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ခဲ့သည့် ၀ီလီယံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့တက်ရောက်ခွင့်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

Leave a Reply