6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁ ရက်၊ ၂၀၁၃
M-Mediathai-rubber
စာနယ်ဇင်းကောင်စီနဲ့ သမ္မတ တွေ့ဆုံ

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)က တာဝန်ရှိသူတွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာ သမ္မတကမြန်မာ စာနယ် ဇင်း ကောင်စီ နဲ့ ပုဂ္ဂလိက သတင်း စာတွေ ကို အကူ ညီ ပေး သွား မယ် လို့ ပြောကြား ခဲ့ ပါတယ်။

ဒီကနေ့ မက် မ နက် ၉နာရီ က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဒါဟာ သမ္မတနဲ့ စာနယ်ဇင်း ကောင်စီတို့ ပထမ ဆုံး အကြိမ် တွေ့ဆုံတဲ့ပွဲ လည်း ဖြစ်ပါတယ်။ (BBC)
_____________________________
ထိုင်းတောင်ပိုင်းတွင် ရာဘာ စိုက်ပျိုးသူတစ်ဦး ပစ်သတ်ခံရ

ထိုင်းတောင်ပိုင်းတွင် ရာဘာစိုက်ပျိုးသူများက ရာဘာဈေးတိုးမြှင့်ပေးရန် စုပေါင်းဆန္ဒပြကြရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ယနေ့ပြုလုပ်ခဲ့သည့်အဆိုပါဆန္ဒပြပွဲမှာ ထိုင်းတောင်ပိုင်း နာခွန်စိသာမာရတ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ အသက် ၂၉နှစ်အရွယ်ရှိပြီး၊ အသက် ၂၅ နှစ်အရွယ်ရှိ ရာဘာစိုက်ပျိုးသူတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
_____________________________
နယ်ဆင်မင်ဒဲလား ဆေးရုံမှဆင်းပြီ

ကျန်းမာရေးဆိုးရွားမှုကြောင့် ဆေးရုံတွင်ဆေးကုသမှုခံနေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလားမှာ ယခုအခါ ဆေးရုံးမှဆင်းပြီဟုသိရသည်။ ဂျိုဟန်နစ္စဘတ်မြို့ရှိ ၎င်း၏နေအိမ်သို့ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအနေအထားတွင်ရှိနေဆဲဖြစ်ကာ နေအိမ်တွင် ဆက်လက်ဆေးကုသမှုခံယူရမည်ဟု တောင်အာဖရိက သမ္မတရုံးဝဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။
_____________________________
တာလီဘန် ၄၅ ဦး အာဖဂန်အစိုးရထံအလင်းဝင်

အာဖဂန်နစ္စတန်အနောက်ပိုင်း ပြည်နယ်တစ်ခုရှိ တာလီဘန် ၄၅ ဦးမှာ အစိုးရထံလက်နက်ချ အလင်းဝင်ခဲ့သည်ဟုသိရသည်။ ဟီရတ်ဟုအမည်ရသည့် ပြည်နယ်ရှိ တာလီဘန်များမှာ အမျိုးသားရင်ကြားစေ့ရေးအဖွဲ့နှင့်ဆက်သွယ်ခဲ့ပြီး လက်နက်ချ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်အမျိုးသားလုံခြုံရေးအဖွဲ့ကပြောဆိုမှုကို ထောက်လှမ်းရေးအေဂျင်ဆီမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
_____________________________
အင်ဒိုနီးရှားတွင် ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ Kepulauan Barat Daya ဒေသတွင် အင်အားရစ်ခ်ျတာစကေး ၆.၅ အဆင့်ရှိ ငလျင်တစ်ခု ယနေ့နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည်ဟုသိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုအား အမေရိကန်ဘူမိဗေဒ လေ့လာရေးအဖွဲ့ကာ စောင့်ကြည့်နေပြီး ယခုအချိန်အထိ ဆူနာမီသတိပေးချက်မထုတ်ပြန်သေးပေ။

Tags:

Leave a Reply